ဖန်ဂရန်ရာဇီ သည် မြန်မာနိုင်ငံရှိ အမြင့်ဆုံးတောင်များထဲမှ တစ်ခု ဖြစ်သည်။ အမြင့်သည် ၄၃၂၈ မီတာ (၁၄၁၉၉ ပေ) ရှိသည်။ အရှေ့တောင်အာရှတွင် အမြင့်ဆုံးတောင်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ မြောက်ဘက်တွင် တည်ရှိသည့် ကချင်ပြည်နယ်တွင် တည်ရှိသည်။[၁][၂]

ဖန်ဂရန်ရာဇီ
အမြင့်ဆုံးအမှတ်
အမြင့်၄,၃၂၈ m (၁၄,၁၉၉ ft)
စာရင်းသွင်းခြင်းen:List of Southeast Asian mountains
ကိုဩဒိနိတ်27°37′20″N 96°54′50″E / 27.622222°N 96.913889°E / 27.622222; 96.913889
ပထဝီဝင်
တောင်တက်ခြင်း
ပထမဆုံး တက်ရောက်ခြင်းunknown
အလွယ်ဆုံး တောင်တက်လမ်းclimb

မတော်တဆဖြစ်ရပ် ပြင်ဆင်ရန်

၂၀၁၉ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် The Summiter တောင်တက်အဖွဲ့သည် ဖန်ဂရန်ရာဇီတောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့ပြီး ပြန်အဆင်းတွင် အသက် ၂၈ နှစ်အရွယ် အဖွဲ့ဝင် အမျိုးသမီးတစ်ဦးဖြစ်သူ မစိမ့်ထက်သည် မတော်တဆ ခြေချော်ကာ ပေလေးထောင်ခန့် အနက်ရှိ တောင်ကမ်းပါးမှ ပြုတ်ကျခဲ့ကာ ကွယ်လွန်ခဲ့သည်။[၃][၄]


ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

မြန်မာနိုင်ငံရှိ တောင်များစာရင်း

ကိုးကား ပြင်ဆင်ရန်

  1. Phongran Razi Expedition[လင့်ခ်သေ]
  2. Myanmar Trekking - Putao -The Phangran Razi။ 17 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 November 2018 တွင် ပြန်စစ်ပြီး။
  3. ဝမ်းသာ၀မ်းနည်း ဖြစ်ခဲ့ရတဲ့ ဖန်ဂရန်ရာဇီ တောင်ထိပ်ရောက် မြန်မာလူငယ်အဖွဲ့ (in my) (၁၇ ဧပြီ ၂၀၁၉)။ ၄ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  4. ဦးထုပ်နှင့် ရေခဲဖိနပ်ကိုတွေ့ပြီး မီတာ ၁၀၀ အကွာတွင် မစိမ့်ထက်အလောင်းကိုတွေ့ (in my) (၈ ဇွန် ၂၀၁၉)။ ၄ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။