ဖားကန့် စွန့်ပစ်မြေစာပုံ ပြိုကျမှု
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ ကျောက်စိမ်းတူးဖော်သည့် နေရာအနီးရှိ စွန့်ပစ်မြေစာပုံ ပြိုကျကာ လူပေါင်း ၁၁၆ ဦးသေဆုံးပြီး ၁၀၀ ကျော်ခန့် ပေျာက်ဆုံးခဲ့သည်။[၁][၂][၃][၄][၅][၆]
နေ့ရက် | ၂၂ နိုဝင်ဘာ ၂၀၁၅ |
---|---|
တည်နေရာ | ဖားကန့်မြို့၊ ကချင်ပြည်နယ် |
သေဆုံးသူ | ၁၁၆ |
ဒဏ်ရာရသူ | ? |
ပျောက်ဆုံးသူ | ၁၀၀ |
နိုဝင်ဘာလ ၂၈ ရက်နေ့တွင်လည်း ဖားကန့်မြို့ နမ့်မှော်ကျေးရွာအုပ်စုတွင် ပေ ၄၀ ခန့်ရှိ စွန့်ပစ်မြေစာပုံ ပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကာ လူတစ်ဦး သေဆုံးခဲ့သေးသည်။[၇]
မြေပြိုကျမှု
ပြင်ဆင်ရန်မြေပြိုကျမှုသည် နံနက် လေးနာရီခန့် အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောက်မျက်ကုမ္ပဏီများမှ စွန့်ပစ်ထားသည့် မြေစာပုံ ပြိုကျခဲ့ခြင်းဖြစ်သည်။ မြေစာပုံအောက်ဘက်တွင် ရေမဆေးကျောက်ရှာဖွေသူများ နေထိုင်သည့် ယာယီတဲအိမ် ၂၀၀ ကျော်ခန့်ရှိပြီး ပြိုကျချိန်တွင် အလုံး ၅၀ ခန့်မြေပိမိခဲ့သည်။[၈]ပြိုကျရခြင်း အကြောင်းရင်းကို မသိရသေးပေ။[၁][၆]
မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် အခြားအဖွဲ့အစည်းများမှ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ရာ လူတစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သော်လည်း ရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့သည်။[၁] အနည်းဆုံး ၁၁၆ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။[၂] လူ ၁၀၀ ကျော်ခန့် ပေျာက်ဆုံးလျက်ရှိကြောင်းလည်း သိရှိရသည်။ ဖြစ်ပွားရာဒေသတွင် နေထိုင်လျက်ရှိကြသူဦးရေကို တိကျစွာ မသိရှိရသည့်အတွက် ထိခိုက်သေဆုံးသူဦးရေကို တိကျစွာ ခန့်မှန်းနိုင်ခြင်း မရှိပေ။[၁][၂] ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းများအရ မြေပြိုကျနိုင်မှု အန္တရာယ်ရှိသော စွန့်ပစ်မြေစာပုံများအနီးတွင် သွားလာနေထိုင်ခြင်းမပြုရန် ဌာနဆိုင်ရာများမှ သတိပေးတားမြစ်ထားကြောင်း သိရသည်။[၉]
အခြားကြည့်ရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ Myanmar landslide: 90 dead at Kachin jade mine။ BBC News (22 November 2015)။ 22 November 2015 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ Aung Hla Tun (23 November 2015)။ Hopes fade for 100 miners missing after landslide near Myanmar jade mine။ 23 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 November 2015 တွင် ပြန်စစ်ပြီး။
- ↑ Nearly 100 dead in Myanmar jade mine collapse။ Al Jazeera။ 23 November 2015 တွင် ပြန်စစ်ပြီး။
- ↑ Hopes Fade for 100 Miners Missing After Landslide Near Myanmar Jade Mine။ The New York Times (22 November 2015)။ 23 November 2015 တွင် ပြန်စစ်ပြီး။
- ↑ Myanmar jade mine landslide kills around 100။ The Guardian။ 23 November 2015 တွင် ပြန်စစ်ပြီး။
- ↑ ၆.၀ ၆.၁ Myanmar Mine Disaster Highlights Challenge to Suu Kyi။ Wall Street Journal (23 November 2015)။ 23 November 2015 တွင် ပြန်စစ်ပြီး။
- ↑ ဖားကန့်တွင် မြေစာပုံထပ်မံပြိုကျပြီး တစ်ဦးသေ။ ၇ ရက်သတင်းဂျာနယ် (၂၉ နိုဝင်ဘာ ၂၀၁၅)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၀ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ ဖားကန့်တွင် စွန့်ပစ်မြေစာပုံပြိုကျ အနည်းဆုံးလူ ၈၀ ခန့်သေဆုံး။ ၇ ရက်သတင်းဂျာနယ် (၂၂ နိုဝင်ဘာ ၂၀၁၅)။ 25 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၀ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ Myanmar landslide: 'Many missing' at Kachin jade mine။ BBC (23 November 2015)။ 24 November 2015 တွင် ပြန်စစ်ပြီး။