၂၀၁၅ မြန်မာနိုင်ငံ ရေကြီးမှု

သဘာဝကပ်ဆိုး

ထိုရေကြီးမှုမှာ မိုးရေသည်းထန်စွာရွာသွန်းခြင်းမှ စတင်ပြီး ဆည်၊ တာတမံများမှ ရေများလျှံကျကာ လူနေမြို့များအတွင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ မြန်မာပြည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ၁၂ ခုထိ ရေကြီးမှုကို ကြုံတွေနေရပြီး[] [] တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်သာ လွတ်သည်။ အဆိုးရွားဆုံးအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့ခံစားနေရသည်။

ဇူလိုင်လ ၁၆ ရက်နေ့မှစတင် ရွာသွန်းခဲ့သောမိုးကြောင့် လယ်ယာများ၊ လမ်းများ၊ ရထားလမ်းများ၊ တံတားများ၊ လူနေ အိမ်၊ ရပ်ရွာ၊ မြို့များကို နစ်မြုပ်စေခဲ့သည်။ ရေဘေးကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် လူ ၁၀၀ ကျော်သေဆုံးပြီး အိမ်ထောင်စု လေးသောင်းကျော်နှင့် လူဦးရေ ၁၆ သိန်းကျော် ဘေးဒုက္ခကြုံခဲ့ရသည်။[] နိုင်ငံတစ်ဝန်း လယ်မြေဧက ၁၄ သိန်းကျော် ရေနစ်မြုပ်ခဲ့ကာ လုံးဝပျက်စီးသွားသည့်လယ်ယာမြေမှာ ဧကခုနစ်သိန်းကျော်ရှိသည်။ ရေဘေးကြောင့် နိုင်ငံတစ်ဝန်းပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၁၆၅ ဘီလီယံထိ ရှိခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။[]

ကြုံတွေ့ခဲ့ရသည့်ရေဘေးသည် လူဦးရေ တစ်သိန်းလေးသောင်းခန့် သေဆုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးငွေ ကျပ် ၁၂ ထရီလီယံထိရှိသည့် ၂၀၀၈ နာဂစ်မုန်တိုင်းအပြီး မြန်မာ့သမိုင်းတွင် ဒုတိယအကြီးဆုံးကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်ဖြစ်သည်။ ရေဘေးဒုက္ခကြုံတွေ့နေရသူများအား ကူညီပေးရန် အစိုးရကိုယ်တိုင် ပြည်တွင်း ပြည်ပအလှူရှင်များထံ အကူအညီတောင်းခံခဲ့ရသည်။

သမိုင်းကြောင်း

ပြင်ဆင်ရန်

အချိန်အခါမဟုတ် သည်းထန်စွာရွာသွန်းသော မိုးကြောင့် ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ မြစ်ရေလျှံမှုများစတင်ခဲ့ပြီး ဆည်ရေများမှတဆင့်မြို့ရွာများ ရေကြီးမှုများဖြစ်ပေါ်လာခဲ့သည်။ ယခုကဲ့သို့ ဖြစ်ပွားခဲ့မှုသည် ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးဖြစ်ခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဆည်မြောင်းစီမံကိန်းများ၏ အပြစ်ကျိုးဆက်များ နှင့် သစ်တောပြုန်းတီးမှုများကြောင့် ဤကဲ့သို့ ရေကြီးခဲ့ရခြင်းဖြစ်သည်ဟု ပြည်သူအချို့က စွပ်စွဲပြောဆိုခဲ့ကြသည်။[] အိန္ဒိယသမုဒ္ဒရာအတွင်း တိုက်ခတ်လျက်ရှိသော "ကိုမန်" ဆိုင်ကလုန်းမုန်တိုင်းက အခြေအနေတွေကို ပိုမို၍ ဆိုးဝါးစေခဲ့သည်။

ဒေသအလိုက် ရေကြီးမှုအခြေအနေများ

ပြင်ဆင်ရန်

စစ်ကိုင်းတိုင်းဒေသကြီး

ပြင်ဆင်ရန်

စစ်ကိုင်းတိုင်းဒေသကြီးတွင် လယ်မြေဧက ၁၉၀၀၀၀ မှာ ရေကြီးရေလွှမ်းမိုးခြင်းခံရပြီး ဧက ၁၈၀၀၀ ခန့် ပျက်စီးခဲ့သည်။ ကလေးမြို့သည် ယခုရေကြီးမှုတွင် ဆိုးရွားစွာခံရသော မြို့ဖြစ်သည်။ မြို့ဝင်ဆိုင်းဘုတ်တစ်ခုလုံး နစ်မြုတ်သွားသည် အထိရေလွှမ်းမိုးခံခဲ့ရသည်။ ထို့ပြင် ကလေးမြို့သည် အချိန်ကြာမြင့်စွာရေပြန်မကျနိုင်ဘဲ ရှိနေလေသည်။

ဩဂုတ် ၃ ၂၀၁၅ တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲကျော်ခဲ့သည်။ ဤသည်မှာ နှစ် ၅ဝ အတွင်းတွင် အမြင့်ဆုံးဖြစ်သည်။[] ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကို ကျော်လာသဖြင့် ဒေသခံများ သဲအိတ်ဖို့၍ ကာကွယ်ခဲ့ကြရသည်။[]

ဇူလိုင် ၁၇ ရက်မှစ၍ ရွာသောမိုးသည် ၂၅ ရက်နေ့အထိ မရပ်သေးပေ။ ဇူလိုင် ၂၅ ရက်နေ့အထိ ၄ဦးသေဆုံးခဲ့သည်။ ရေ ၇ ပေခန့်အထိတက်ခဲ့ပြီး အိမ်လုံးကျွတ် ရေထဲပါသွားခြင်းမျိုးရှိခဲ့သည်။ မြို့ပတ်လည်ရှိ ရွာတိုင်းလိုလို ရေမြုပ်သဖြင့် စိုက်ပျိုးရေး အဓိကဖြစ်ထွန်းရာ ဒေသအားလုံးမြုပ်ခြင်းဖြစ်သည်။ ဒေသခံများ စားသောက်ရေး အခက်အခဲရှိလာသဖြင့် စေတနာရှင်များက နေ့စဉ် အလှူငွေနှင့် ထမင်းထုပ် သောင်းချီ ဝေငှခဲ့ရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများက ဆိုသည်။[]

  • ကျောက်ကာရွာ

စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ၁၄ မိုင်အကွာ၊ ကလေး-ကလေးဝ ကားလမ်းပေါ်ရှိ ကျောက်ကာရွာတွင် ရေကြီးမှုကြောင့် အိမ်ခြေတရာကျော် မြစ်ထဲ မျောပါသွားသည်။ လူဦးရေသုံးရာကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။ မြစ်သာမြစ်ရေ တိုက်စားမှုကြောင့် ကလေး-ကလေးဝ ကားလမ်းသည်လည်း သွားလာလို့ မရတော့အောင် ပျက်စီးသွားသည်။ []

မကွေးတိုင်းဒေသကြီး

ပြင်ဆင်ရန်

ရေဘေးကြောင့် မကွေးတိုင်းဒေသကြီး တစ်ခုတည်းမှာပင် လယ်ယာစိုက်ပျိုးမြေဧက စုစုပေါင်း ကိုးသောင်းကျော် ရေကြီးနစ်မြုပ်မှုခံစားခဲ့ရသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ရေမြုပ်လယ်ယာများတွင် ရိတ်သိမ်းခါနီး စပါးခင်းများနှင့် ပျိုးစိုက်ခင်းများအပါအဝင် ဧကခြောက်သောင်းကျော်မှာ လုံးဝပျက်စီးသွားခဲ့သည်။ မကွေးတိုင်းဒေသကြီးအတွင်း စေတုတ္တရာ၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲစသည့် မြို့နယ်များ ရေဘေးဒုက္ခကြုံတွေ့ခဲ့ရပြီး စေတုတ္တရာနှင့် ပွင့်ဖြူမြို့နယ်များမှာ ရေဘေးဒုက္ခအဆိုးဆုံးကြုံတွေ့ခဲ့ရသည့် မြို့နယ်နှစ်ခုဖြစ်သည်။[] မုန်းချောင်းနှင့် မန်းချောင်း ရေလျှံမှုများသည် ပွင့်ဖြူမြို့စေတုတ္တရာမြို့ နှင့် ငဖဲမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၃၀၀ ကျော်ကို ရေလွှမ်းစေခဲ့သည်။

ရေဘေးကြောင့် စေတုတ္တရာမြို့နယ်တွင် လယ်ယာမြေ ဧကနှစ်သောင်းကျော် ရေမြုပ်ခဲ့ပြီး လယ်ယာမြေဧက ၁၆,၀၀၀ ခန့်မှာ သီးနှံပြန်လည်စိုက်ပျိုး၍မရလောက်တော့သည့် အခြေအနေထိ လုံးဝပျက်စီးသွားသည်။ ရေကြီးနစ်မြုပ်မှုများကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ သီးနှံစိုက်ခင်းနှင့် လယ်ယာမြေများ ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်း ၁၃,၇၀၀ ကျော်ထိရှိသည်ဟု မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။[]

ရခိုင်ပြည်နယ်

ပြင်ဆင်ရန်

ဘူးသီးတောင်၊ မောင်းတော၊ တောင်ဂုတ်၊ သံတွဲနဲ့ အမ်းမြို့နယ်များတွင် ရေကြီးမှုအကြီးအကျယ်ကြုံနေရသည်။ ဇွန် ၂၉အထိ အမ်းမြို့တွင် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့သည်။[] ကျောက်တော်မြောက်ဦးမင်းပြားအမ်းမြေပုံဘူးသီးတောင်မြို့နယ်များတွင် ကျေးရွာပေါင်း ရာချီရေမြုပ်ခဲ့သည်။ ဘေးလွတ်ရာသို့ ပြောင်းနေကြရသူပေါင်း သောင်းချီသည်။[၁၀]

မြောက်ဦး၊ မင်းပြား၊ ကျောက်တော်မြို့များတွင် ဩဂုတ် ၁ ၂၀၁၅ အထိ ရေကြီးဆဲဖြစ်သည်။ မြို့ပေါ်တွင် တပိုင်တနိုင် ကူညီထောက်ပခြင်းမျိုးရှိသော်လည်း ကျေးရွာများသို့ အကူအညီရောက်ရန် ခက်ခဲနေသည်။[၁၁]

ချင်းပြည်နယ်

ပြင်ဆင်ရန်

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန ချင်းပြည်နယ်ရေဘေးကြောင့် သေဆုံးသူ ၄ ဦးရှိပြီး လက်ရှိ ဒုက္ခသည် တစ်သောင်းကျော် ရှိကြောင်း ဩဂုတ် ၁၄တွင် ထုတ်ပြန်သည်။

မင်းတပ်မြို့ကနေ မတူပီမြို့သို့ သွားသော ကားလမ်းတွင် ၆နေရာခန့် မြေပြိုနေသည်။ မင်းတပ်မြို့ရောက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဝင် ကိုဇော်ဝမ်းမောင် က မင်းတပ်ကနေ မတူပီသို့ ဆန်အိတ်များ ကားနှင့်တင်ပို့ရန် ခက်နေသည်ဟုဆိုသည်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် မတူပီမြို့တွင် စားနပ်ရိက္ခာ ရှားပါးနေသည်။ ရေဘေးကယ်ဆယ်ရေး စခန်းလည်း လည်းမရှိပေ။

မတူပီမြို့တွင် မိုးကြီးပြီး မြေပြိုမှုကြောင့် အိမ်ခြေ ၄ဝ နီးပါး ပြိုကျခဲ့သည်။ ဩဂုတ် ၁၄အထိ မိုးရွာဆဲဖြစ်သည်။[၁၂]

ရပ်ကွက်အားလုံးနီးပါး မြေပြိုခဲ့ပြီး အိမ်ခြေ တထောင်ကျော် ပျက်စီးခဲ့သည်။[၁၃]မြေပြိုသဖြင့် မြို့ကို ဆက်သွယ်ထားသော့ မော်တော်ကားလမ်းများ ပျက်စီးသည်။ လမ်းပန်းဆက်သွယ် ရေး ပြတ်တောက်သွားသည်။ စားသောက်ကုန်များနှင့် လောင်စာဆီများဈေးနှုန်း မြင့်တက်နေသည်။[၁၄]

ဧရာဝတီတိုင်းဒေသကြီး

ပြင်ဆင်ရန်

ဧရာ၀တီတိုင်းဒေသကြီးတွင် နေ့စဉ် ရေတက်နေသဖြင့် ဒုက္ခသည်စခန်းများ တိုးလာသည်။ ပုသိမ်၊ ကျောင်းကုန်း၊ ကျုံပျော်၊ ရေကြည်၊ သာပေါင်း၊ ဟင်္သာတ တို့တွင် ဒုက္ခသည်စခန်းများကို ဘုန်းကြီးကျောင်းများ၌နေရာတောင်းကာ ဖွင့်ခဲ့ရသည်။ [၁၅] ပန်းတနော်၊ ကျောင်းကုန်း၊ ပုသိမ်၊ ငသိုင်းချောင်း၊ သာပေါင်းမြို့များမှ ရွာများသည် ရေဘေးဒဏ်ကြောင့် အခက်အခဲများစွာရှိနေသည်။ ဧရာဝတီတိုင်းတွင်းရှိ ရွာများသည် မြစ်ရေတိုက်စားမှုဒဏ်ကို မကြာခဏခံစားနေရသဖြင့် ရွာ များပျောက်ဆုံးမှုများရှိခဲ့သည်။ ဆက်လက်နေထိုင်နေသောအိမ်များမှာလည်း သုံးလတစ် ခါရွှေ့ပြောင်းပြီး နေထိုင်နိုင်ရုံ အဖြစ်မျှသာဆောက်ထားရသည်။ ထိုသို့နေထိုင်နေသောမြေ များသည် ရေတိုက်စားမှုဒဏ်ကင်းလွတ်နေသေးသော ဘေးကပ်ရပ်ရွာများမှ မြေများကို ဝယ်ယူ ပြီးနေထိုင်ရသည်။ ယခုလက်ရှိဖြစ်ပွားနေသော ရေကြီးရေလျှံရေဘေးဒဏ်ကြောင့် စားစရာနှင့် နေစရာအခက်ကြုံနေရသဖြင့် ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် သွားရောက်နေထိုင်မှုများရှိနေသည်။ [၁၆]ရဘေးဒဏ်ခံနေရသူ လူပေါင်း ၄ သိန်းတို့အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေသည်။ လယ်ဧက ၄ သိန်းနီးပါးရေမြုပ်ခဲ့ရာ ၇သောင်းကျော်မှာ လုံးဝပျက်စီးခဲ့ကြောင်း မြို့နယ်ပေါင်း ၁၇ မြို့နယ် ရေဘေးတွေ့နေပြီး ကယ်ဆယ်ရေးစခန်း ၂၅၀ ကျော် ဖွင့်လှစ် ကယ်ဆယ်ထားရဆဲဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးအေးကျော်ကပြောသည်။ ရေပြန်ကျလာသော်လည်း့ တချို့ဒေသတွေမှာ စိုးရိမ်ရေမှတ်၌ ရှိနေဆဲဖြစ်သည်။ အဆိုးရွားဆုံးက ဟသာၤတ ခရိုင်ဖြစ်သည်။ [၁၇]

ပုသိမ်မြို့မှာတော့ ဒုက္ခသည်စခန်း ၄ခုသာရှိသည်။ ပုသိမ်ရှိ အောင်ချမ်းသာ သမ္မတ မြကျွန်းသာ ရပ်ကွက်များအပါအဝင် ရပ်ကွက်အများအပြား ရေမြုပ်သွားသည်။ [၁၅]

ပဲခူးတိုင်းဒေသကြီး

ပြင်ဆင်ရန်

အစိုးရကြေညာချက်အရ နိုင်ငံတဝှမ်း ရေကြီးမှု အဆိုးဆုံးကြုံတွေ့ရသော တိုင်းဒေသကြီးနှင့်ပြည်နယ် လေးခုတွင် မပါခဲ့ပေ။ ပဲခူးမြို့အပါအဝင် သာယာဝတီသုံးဆယ်ကြို့ပင်ကောက်အုတ်ဖိုဇီးကုန်းနတ္တလင်းပေါင်းတည်ရွှေတောင်နှင့် ပြည်မြို့များတွင် ရေဘေး ဒုက္ခသည်များသည် နေအိမ်များကို စွန့်ခွာကာ ယာယီဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့ရသည်။ ပြည်ခရိုင်အတွင်းရှိ မြို့နယ် ၅ ခုတွင်ပင် ဒုက္ခသည် လေးသောင်းနီးပါး ရှိခဲ့သည်။[၁၈]

အကူအညီများ

ပြင်ဆင်ရန်

မြန်မာတစ်နိုင်ငံလုံး ရေဘေးလွတ်ဒေသများမှ အားတတ်သရောလှူဒါန်းကြသည်။ ရန်ကုန်မှ ပရဟိတအဖွဲ့များ၊ ပရဟိတအဖွဲ့မဟုတ်သော သီးခြားအဖွဲ့များ အသင်းများ၊ ဖောင်ဒေးရှင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အနုပညာရှင်များ၊ ရန်ပုံ​ငွေပွဲများမှ အစွမ်းကုန် ကူညီကြသည်။ နေ့စားဆိုက်ကားသမားများမှ အစ ကူညီကြသည်။ လူစည်သောနေရာတိုင်းတွင် ရေဘေးအတွက် အလှူခံပေးကြသည်။ တိုင်းပြည်ပြင်ပရောက်နေသူများလဲ အလှူခံပေးကြသည်။ လှူဒါန်းကြသည်။

ပြည်တွင်း

ပြင်ဆင်ရန်
  • ရုပ်ရှင်၊ဂီတ၊သဘင် အနုပညာရှင်များ ရေဘေး အလှူ ငွေအတွက် ဖျော်ဖြေပွဲ ကျင်းပခဲ့သည်။ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် ဩဂုတ်လ(၁၂) ရက်နေ့ ညနေ(၆) နာရီက ကျင်းပပြုလုပ်ခဲ့သည်။ အလှူငွေပေါင်း သိန်း၁၈၀၀ ကျော်ရရှိခဲ့သည်။[၁၉]
  • ၂၀၁၅ ဩဂုတ် ၁၃ရက်တွင် ဝေဠုကျော်ဖောင်ဒေးရှင်းမှ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ ရွှေဖလားကျွန်းကျေးရွာနှင့် မြစိမ်းကျွန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများအားလှူဒါန်း ခဲ့သည်။[၂၀]
  • San Francisco Bay Area ရှိ တိုင်းရင်းမိသားစုများက ဩဂုတ်လ ၉ ရက်နေ့တွင် မြန်မာပြည်ရေဘေးသင့်ကူညီရေး ဈေးရောင်းပွဲတော် ကျင်းပခဲ့သည်။ ထိုပွဲမှရသည့် အလှူငွေများနှင့် ဆက်လက်ပေးပို့လာသည့် အလှူငွေ စုစုပေါင်းမှာ ဒေါ်လာ ၈၆,၅၀၀ (ရန်ုပုံငွေပွဲ စာရိတ် ဒေါ်လာ ၂၅၈၂ နှုတ်ပြီးနောက်) အသားတင် အများအလှူမှာ ဒေါ်လာ ၈၃,၅၀၀ ဖြစ်သည်။ သီတဂူဆရာတော်ကြီးသို့ ဒေါ်လာ ၂သောင်း ၇ထောင်၊ ရန်ကုန်နာရေးကူညီမှုအသင်းသို့ ဒေါ်လာ နှစ်သောင်း ၇ထောင် ဝေဠုကျော်၏ ကျော်ဖောင်ဒေးရှင်းသို့ ၂ သောင်း ၉ ထောင် ၅ ရာ တိတိ ခွဲဝေ လှူဒါန်းရန် (စီစဉ်ပြီး၊ လှူဒါန်းပြီး) သည်။ ထပ်တိုးရရှိငွေ များအား ကိုဝေဠုကျော်သို့ ပေးအပ်သည်။ [၂၁]
  • ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အိုက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းထံ ငွေကျပ် သိန်း ၂ဝဝဝ လှူဒါန်းသည်။ ကောက်ခံရရှိသော အလှူငွေများကို ရေဘေးသင့် ဒေသအားလုံးအတွက် ဖြန့်ဝေသုံးစွဲသွားမည်ဟု ဦးကိုကိုကြီးက ပြောသည်။ ကေအိုင်အိုသည် ချင်းပြည်နယ်က ရေဘေးဒုက္ခသည်များအတွက် CNF ချင်းအမျိုးသား တပ်ဦးကတဆင့် ငွေကျပ်သိန်း ၁ဝဝဝ လှူဒါန်းသည်။[၂၂]
  • ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဩဂုတ်လ ၂ ရက်နေ့ကစပြီး ရေဘေးဒုက္ခသည်တွေအတွက် အလှူငွေနဲ့ အထောက်အပံ့ပစ္စည်းများ ကောက်ခံခဲ့သည်။[၂၂]
  • ပြည်သူ့လွှတ်တော်က ဝန်ထမ်းများ လွှတ်တော်ကိုယ်စားလှယ်များ ထည့်ဝင်လှူဒါန်းသော ငွေကျပ်သိန်းလေးထောင်ကျော်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက လူမှု ဝန်ထမ်း- ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၌ လှူဒါန်းခဲ့သည်။

[၂၃]

  • နိုင်ငံတဝှမ်းမှ ကဗျာဆရာများသည် ပုသိမ်မြို့၌ ကဗျာဈေးဆိုင်ဖွင့်၍ ၎င်းတို့မူပိုင်ကဗျာများကို ပန်းချီသရုပ်ဖော် ပုံများနှင့်တွဲဖက် ရောင်းချကာ ရန်ပုံငွေ ရှာဖွေကြသည်။ ပုသိမ်မြို့၊ ရွှေမုဌောဘုရားအနီး ဩဂုတ်လ ၁၅ ရက်နေ့တွင် ကဗျာဈေးဆိုင်စတင်ဖွင့်လှစ်သည်။ မောင်အောင်ပွင့် အောင်ဝေး၊ မောင်သင်းမိုး၊ တိုးဝေ၊ မနော်ဟရီစသော ကဗျာဆရာများအပါအဝင် ကဗျာဆရာပေါင်း ၃၀ ကျော်၏ ကဗျာပန်းချီများကို ခင်းကျင်းပြသသည်။ ကဗျာဈေးဆိုင်များကို ရန်ကုန်မြို့တွင်လည်း ဖွင့်လှစ်ထားသည်။ ပုသိမ်မြို့တွင် ပထမဆုံး  ဖွင့်လှစ်ခြင်းဖြစ်သည်။ ကဗျာပန်းချီတချပ်ကို ငွေကျပ် ၂ သောင်းဖြင့်ရောင်းချသည်။ ပုသိမ်၌ စရောင်းရာတွင် ကဗျာဆရာ မောင်အောင်ပွင့်နဲ့ အောင်ဝေးတို့၏ ကဗျာများကို အနုပညာမြတ်နိုးသူတချို့က လာရောက်ဝယ်ယူသွားခဲ့သည်။ [၂၄]

ကျောင်းသားများ

ပြင်ဆင်ရန်

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ ဖန်တီးထားသည့် နည်းပညာထုတ်ကုန်များအား ပြသသည့် UCSY Product Show 2015ကို ကျင်းပသည်။ အဆိုပါပြပွဲတွင် ရရှိလာသည့် ငွေကြေးများကို မြန်မာနိုင်ငံ အတွင်းမှ ရေဘေး သင့်ဒေသများရှိ ပြည်သူများထံသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း UCSY Computer Science Club ၏ ဦးဆောင်ကျောင်းသား ကိုရဲလင်းဝေက ပြောကြားသည်။[၂၅] ပြည်နည်းပညာတက္ကသိုလ်ကျောင်းက မြို့ပြအင်ဂျင်နီယာ (CIVIL) ကျောင်းသား ၅၀ ကျော်သည် ပြည်မြို့ရဲ့ လူစည်းကားရာနေရာများတွင် အလှူငွေ လိုက်လံကောက်ခံခဲ့ကြသည်။ နည်းပညာတက္ကသိုလ်(လားရှိုး) မှ ကျောင်းသား၊ ကျောင်းသူများ မှလည်း လားရှိုးမြို့တွင်း လူစည်ကားရာ နေရာများတွင် အလှူငွေများကောက်ခံပြီး လားရှိုးမြို့ ပြည်သူများကိုယ်စား ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်းများ နှင့် အသုံးအဆောင် စားသောက်ဖွယ်ရာများ အား စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရေဘေးသင့် ဒေသများသို့ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြသည်။

ဥရောပသမဂ္ဂ

ပြင်ဆင်ရန်

အီးယူသည် ရေဘေးသင့်လူထုအတွက် မြန်မာကျပ်ငွေ ၆ ဘီလီယံ(ယူရိုငွေ ၄ သန်းခွဲ)ကူညီမည်ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ သံရုံးများက ဩဂုတ်လ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။ နှစ်စဉ်ပေးနေသော လူသားချင်းစာနာမှု ကူညီငွေ သန်း ၅၀ အပြင် ရေဘေးအတွက် ၄ သန်းထပ်တိုးပေးခြင်းဖြစ်သည်။ [၂၆]

  • ထုံချိုင်း

ထိုင်းအဆိုတော် ထုံချိုင်းမှ ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရထံသို့ ဘတ်ငွေ ၁ သိန်း ပေးပို့လှူဒါန်းခဲ့သည်။ [၂၇]

တရုတ်ပြည်မှ လူဆယ်ဦးလွှတ်ကာ ကူညီခဲ့သည်။ လွှတ်လိုက်သောလူဆယ်ဦးအဖွဲ့သည် ဩဂုတ် ၄ ရက်နေ့တွင် ရောက်ရှိခဲ့သည်။[၂၈]

အလှူ ရှင်များလှူဒါန်းသော ပမာဏအတိုင်း ထပ်တူလှူဒါန်းသွားမည်ဟု ဖော်ပြထားပြီး Facebook အနေဖြင့် ဒေါ်လာ ၅ သိန်းအထိ လှူရန် ကတိပြုထားသည်။ အလှူငွေအားလုံးကို Save the Children အဖွဲ့က ပေးနေသော အကူအညီများအတွက် အသုံးပြုသွားမည်ဟု ကြေညာသည်။[၂၉]

  1. "ပဲခူးတိုင်းတွင်း မြစ်ရေတိုးလို့ တာရိုးနှစ်ခုကျိုး"၊ VOA၊ ဩဂုတ် ၈ ၂၀၁၅။ 
  2. "မြန်မာအမျိုးသမီးတွေရဲ့ ရေကြီးမှု အတွေ့အကြုံ"၊ VOA၊ ဩဂုတ် ၈ ၂၀၁၅။ Archived from the original on 7 March 2016။ 
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ စေတုတ္တရာကို သည်အတိုင်း ထားလိုက်ကြတော့မှာလား၇ ရက် နေ့စဉ်သတင်းစာ။ 5 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ စက်တင်ဘာ ၂၊ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  4. "Flooding Spurs Disaster Zones in Myanmar"၊ New York Times၊ ဩဂုတ် ၁ ၂၀၁၅။ 
  5. "မုံရွာ စိုးရိမ်ရေမှတ် နှစ် ၅၀ အတွင်း အမြင့်ဆုံးရောက်"၊ VOA၊ ဩဂုတ် ၃ ၂၀၁၅။ 
  6. "မြို့ထဲရေကျောမဝင်လာအောင် ကြိုးစားပြီးတာဖို့နေကြတဲ့ မုံရွာသူ မုံရွာသားများ"၊ VOA၊ ဩဂုတ် ၈ ၂၀၁၅။ Archived from the original on 7 March 2016။ 
  7. "ကောလင်း ရေဘေး လေးဦး သေဆုံး"၊ VOA၊ ဇူလိုင် ၂၅ ၂၀၁၅။ 
  8. "ကလေး-ကလေးဝကားလမ်းဘေး နေအိမ်များ"၊ RFA၊ ဩဂုတ် ၁၅ ၂၀၁၅။ Archived from the original on 11 February 2021။ 
  9. "ရခိုင်ပြည်နယ် ရေကြီးမှု အသေအပျောက်ရှိ"၊ VOA၊ 2015-06-29။ 
  10. "ရေဘေးကြောင့် ဒုက္ခသည် ၆ သိန်းရှိပြီ"၊ VOA၊ ဩဂုတ် ၈ ၂၀၁၅။ Archived from the original on 7 March 2016။ 
  11. "တစ်နိုင်ငံလုံး ရေဘေးကြောင့် သေ သူ ၉၉ ဦး၊ လူတစ်သန်းခန့် ဒုက္ခတွေ့"၊ RFA၊ ဩဂုတ် ၁၀ ၂၀၁၅။ Archived from the original on 18 December 2015။ 
  12. "မတူပီမြို့လမ်းပန်းဆက် သွယ်ရေး ပြတ်တောက်မှုကြောင့် စားနပ်ရိက္ခာ ရှားပါး"၊ RFA၊ ဩဂုတ် ၁၅ ၂၀၁၅။ Archived from the original on 11 February 2021။ 
  13. "ဟားခါးမြို့မြေပြိုကျပြီး အခြေအနေ"၊ RFA၊ ဩဂုတ် ၁၈ ၂၀၁၅။ Archived from the original on 11 February 2021။ 
  14. "လမ်းပမ်းဆက်သွယ်ရေးနဲ့ ဟားခါးမြို့ ကုန်ဈေးနှုန်း"၊ RFA၊ ဩဂုတ် ၁၈ ၂၀၁၅။ Archived from the original on 11 February 2021။ 
  15. ၁၅.၀ ၁၅.၁ "ဧရာ၀တီတိုင်းမှာရေဘေးသင့်သူပိုတိုး"၊ VOA၊ ဩဂုတ် ၁၄ ၂၀၁၅။ Archived from the original on 16 August 2015။ 
  16. ဟန်သစ်နိုင်။ "ဧရာဝတီတိုင်းတွင်းရှိ ရေဘေးဒဏ်ခံနေရသောရွာများ ကူညီမှုပေးရန်ကျန်ရှိနေ"၊ မိုးမခ၊ ဩဂုတ် ၁၆ ၂၀၁၅။ Archived from the original on 6 July 2017။ 
  17. "ဧရာဝတီတိုင်း ရေဘေးသင့် လူ ၄ သိန်း အရေးပေါ် စားနပ်ရိက္ခာလိုအပ်"၊ VOA၊ ဩဂုတ် ၁၈ ၂၀၁၅။ Archived from the original on 18 August 2015။ 
  18. "ကျောင်းသားတွေလည်း မနေနိုင်ပါ"၊ Irrawaddy Blog၊ ဩဂုတ် ၅ ၂၀၁၅။ [လင့်ခ်သေ]
  19. ရန်နောင်(ဗိုလ်တထောင်) ။ "ရုပ်ရှင်၊ဂီတ၊သဘင် အနုပညာရှင်များ ရေဘေး အလှူ ငွေအတွက် ဖျော်ဖြေပွဲ ကျင်းပ"၊ Moe Ma Kha၊ 2015-08-14။ Archived from the original on 22 February 2017။ 
  20. ဟန်သစ်နိုင်။ "ဧရာ၀တီ၊ ပန်းတနော် ရေဘေးသင့်ပြည်သူများထံ ဝေဠုကျော်ဖောင်ဒေးရှင်း လှူဒါန်း"၊ Moe Ma Kha၊ 2015-08-14။ Archived from the original on 24 June 2017။ 
  21. "မြန်မာပြည်က ရေဘေးသင့်ပြည်သူများအတွက် ဒေါ်လာ ရှစ်သောင်း သုံးထောင် ငါးရာ ဆန်ဖရန်ဘေးဧရိယာမြန်မာများလှူဒါန်း"၊ Moe Ma Kha၊ 2015-08-15။ 16 August 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 21 July 2017။ 
  22. ၂၂.၀ ၂၂.၁ "ရေဘေးအတွက် ကေအိုင်အို အဖွဲ့ ငွေကျပ်သိန်းနှစ်ထောင် လှူဒါန်း"၊ RFA၊ 2015-08-14။ 16 August 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 20 December 2015။ 
  23. "ရေဘေးဒုက္ခသည်တွေအတွက်လွှတ်တော်ရဲ့အလှူ"၊ RFA၊ ဩဂုတ် ၁၈ ၂၀၁၅။ [လင့်ခ်သေ]
  24. "ရေဘေးသင့်ပြည်သူများအတွက် ကဗျာဆရာတို့ရဲ့ ကဗျာဈေးဆိုင်"၊ Irrawaddy Blog၊ 2015-08-17။ [လင့်ခ်သေ]
  25. "ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ ဖန်တီးထားသည့် နည်းပညာထုတ်ကုန်ပြပွဲ ကျင်းပမည် ်"။ [လင့်ခ်သေ]
  26. "မြန်မာရေဘေး EU ယူရို ၄ သန်းခွဲကူ"၊ VOA၊ ဩဂုတ် ၉ ၂၀၁၅။ 
  27. "ထိုင်းအဆိုတော်ထုံချိုင်းရဲ့ မြန်မာပြည်ရေဘေးအလှူ"၊ Irrawaddy Blog၊ ဩဂုတ် ၄ ၂၀၁၅။ [လင့်ခ်သေ]
  28. "US Preparing Aid Package for Myanmar Flood"၊ VOA၊ ဩဂုတ် ၉ ၂၀၁၅။ 
  29. "မြန်မာ့ရေဘေး FACEBOOK ကူမည်"၊ VOA၊ 2015-08-11။ 

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်