မြန်မာ–ဗာတီကန် ဆက်ဆံရေးသည် မြန်မာနိုင်ငံ နှင့် ဗာတီကန်မြို့တော် တည်ရှိရာ ဟိုလီဆီး (ဗာတီကန်နန်းတော်) တို့အကြား နှစ်နိုင်ငံဆက်ဆံရေးကို ရည်ညွှန်းသည်။[၁]နှစ်နိုင်ငံဆက်ဆံရေးအား ၂၀၁၇ခုနှစ် မေလ ၄ရက်နေ့တွင် စတင်ထူထောင်ခဲ့ကြသည်။ဗာတီကန် သည် ရန်ကုန် တွင် ပုပ်ရဟန်းမင်းကြီး ၏ ကိုယ်စားလှယ်တစ်ဦး ထားကာ မြန်မာနိုင်ငံ ကလည်း ဗာတီကန် တွင် သံရုံး ဖွင့်လှစ်ထားသည်။[၂]

မြန်မာ–ဗာတီကန် ဆက်ဆံရေး
Myanmar နှင့် Vatican City တို့၏ တည်နေရာများပြ မြေပုံ

မြန်မာ

ဗာတီကန်
သံတမန်
သံအမတ်ကြီးပုပ်ရဟန်းမင်းကြီး၏
ကိုယ်စားလှယ်

သမိုင်းကြောင်း

ပြင်ဆင်ရန်

၁၉၉၀ပြည့်နှစ် မှ ၂၀၁၇ ခုနှစ်အတွင်း ဗာတီကန် သည် မြန်မာနိုင်ငံကက်သလစ်ဘာသာဝင်များထံတွင် အစိုးရ၏တရားဝင်ကိုယ်စားလှယ်မဟုတ်သော  ကိုယ်စားလှယ်များထားရှိခဲ့ဖူးသည်။  ၂၀၁၇ ခုနှစ် နှစ်စပိုင်းတွင် ဟိုလီဆီး ဘက်က  သံတမန်ဆက်ဆံရေးထူထောင်ရန် မြန်မာဘက်သို့ အဆိုပြုခဲ့သည်။ယင်းအပေါ် မြန်မာဘက်ကလည်း လက်ခံခဲ့ပြီး ၂၀၁၇ ခုနှစ် မေလ ၄ရက်နေ့တွင်  တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ကြသည်။[၃] မြန်မာနိုင်ငံသည် ဗာတီကန် နှင့် သံတမန်ဆက်ဆံရေး ထူထောင်သည့် ၁၈၃ ခုမြောက်နိုင်ငံ ဖြစ်လာခဲ့ပြီး ဗာတီကန် သည်လည်း မြန်မာနိုင်ငံ နှင့် သံတမန်ဆက်ဆံရေးထူထောင်သည့် ၁၁၈ ခုမြောက် နိုင်ငံ ဖြစ်လာခဲ့သည်။[၄]

နှစ်နိုင်ငံဆက်သွယ်ရေး

ပြင်ဆင်ရန်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၇ ခုနှစ် ဥရောပခရီးစဉ် အတွင်း ဗာတီကန် သို့ ရောက်ရှိခဲ့ပြီး မြန်မာ နှင့် ဗာတီကန်အကြား တရားဝင်သံတမန်ဆက်ဆံရေးကို အပြည့်အဝ အပြန်အလှန်ထူထောင်ထားရှိရန်  သဘောတူခဲ့သည်။[၅] ၂၀၁၇ ခုနှစ်  နိုဝင်ဘာ ၂၇ ရက် နေ့တွင် ပုဂ်ရဟန်းမင်းကြီး သည် မြန်မာနိုင်ငံ သို့  ပထမဆုံးအကြိမ် မြန်မာပြည် ခရီးစဉ် လာရောက်ခဲ့သည်။[၆]

  1. Resignations and Appointments
  2. H.E. U San Lwin appointed as Non-Resident Ambassador of Myanmar to the Holy See။ Ministry of Foreign Affairs, Government of Myanmar။ 24 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. ဗာတီကန်နှင့်မြန်မာသံတမန်ဆက်သွယ်ရေးထူးထောင်The Irrawaddy (၄ မေ ၂၀၁၇)။ ၇ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် သံတမန်အဆက်အသွယ် ထူထောင်ထားရှိသောနိုင်ငံများစာရင်းMinistry of Foreign Affairs,Myanmar။ ၇ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. မြန်မာနဲ့ ဗာတီကန် သံတမန်ဆက်ဆံရေးထူထောင်BBC Burmese (၄ မေ ၂၀၁၇)။ ၇ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. ပုပ်ရဟန်းမင်းကြီး Francis မြန်မာခရီးစဉ် နိုဝင်ဘာ ၂၇ ရက် စမည်VOA Burmese (၈ ဩဂုတ် ၂၀၁၇)။ ၇ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။