နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သည် မြန်မာအစိုးရအဖွဲ့ရှိ ရာထူးနေရာတစ်ခု ဖြစ်သည်။ ဤရာထူးကို ၂၀၁၆ ဧပြီ ၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား စတင်ခန့်ထားခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အများစုအနိုင်ရရှိခဲ့သော်လည်း သူမအား နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ရန် အခြေခံဥပဒေပြဋ္ဌာန်းချက်များက အတားအဆီးဖြစ်နေခဲ့သည်။[၁]
မြန်မာနိုင်ငံ ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် | |
---|---|
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ် လစ်လပ် ၁ ဖေဖော်ဝါရီ ၂၀၂၁ မှစ၍ | |
ပုံစံ | ကောင်းသောကျက်သရေရှိသော (နိုင်ငံအမည်) နိုင်ငံခြားရေးဝန်ကြီးမင်း (formal) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (informal) |
စံအိမ် | နေပြည်တော် |
အဆိုပြုသူ | ပြည်ထောင်စုလွှတ်တော် |
ခန့်အပ်သူ | မြန်မာနိုင်ငံ၏ သမ္မတ |
စတင်ထမ်းဆောင်သူ | ဒေါ်အောင်ဆန်းစုကြည် |
ဖွဲ့စည်းခြင်း | ၆ ဧပြီ ၂၀၁၆ |
ဝက်ဘ်ဆိုဒ် | statecounsellor.gov.mm |
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ၂၀၁၆ ဧပြီ ၁ ရက်နေ့တွင် လည်းကောင်း၊ ပြည်သူ့လွှတ်တော်က ၂၀၁၆ ဧပြီ ၅ ရက်နေ့တွင် လည်းကောင်း အသီးသီး အတည်ပြုခဲ့ပြီး သမ္မတဦးထင်ကျော်က ဧပြီ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။[၁][၂]
တာဝန်နှင့် လုပ်ပိုင်ခွင့်များ
ပြင်ဆင်ရန်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးသည် အစိုးရအဖွဲ့အတွင်းရှိ လုပ်ငန်းများကို ချုပ်ကိုင်ထားနိုင်သော နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးနှင့်ဆင်တူပြီး[၃] ပြည်ထောင်စုအင်္ဂါစဉ်တွင် သမ္မတပြီးလျှင် နံပါတ် (၂) နေရာတွင်ရှိသည်။[၄] အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး နှစ်ခုအကြား အချိတ်အဆက်လည်းဖြစ်သည်။ ရာထူးသက်တမ်းမှာ နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းပင် ဖြစ်သည်။[၅]
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ
ပြင်ဆင်ရန်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုးကာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။[၆] ၂၀၂၁ ဖေဖော်ဝါရီ ၉ ရက်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည်လည်း ထိုဥပဒေကို ထပ်လောင်းရေးဆွဲခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက်ထားရှိခဲ့သည်။[၇]
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်များ စာရင်း
ပြင်ဆင်ရန်စဉ် | ပုံ | အမည် (မွေးဖွား-ကွယ်လွန်) |
ရာထူးသက်တမ်း | နိုင်ငံရေးပါတီ | အစိုးရအဖွဲ့ | ပြည်ထောင်စုလွှတ်တော် | |||
---|---|---|---|---|---|---|---|---|---|
တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | |||||||
1 | ဒေါ်အောင်ဆန်းစုကြည် (၁၉၄၅–) |
၆ ဧပြီ ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၇၆၂
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | II | NLD—Mil. | ဒုတိယအကြိမ် (၂၀၁၅) | |
နိုင်ငံခြားရေး ဝန်ကြီး နှင့် သမ္မတရုံး ဝန်ကြီး အဖြစ် ပူးတွဲ တာဝန်ထမ်းဆောင် |
အခြားကြည့်ရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Aung San Suu Kyi to become 'State Counsellor' of Myanmar။ ABC News။
- ↑ "Aung San Suu Kyi becomes Myanmar state counselor: spokesman"၊ 6 April 2016။ 6 April 2016 တွင် ပြန်စစ်ပြီး။
- ↑ Myanmar parliament approves Aung San Suu Kyi 'PM-like' role။
- ↑ NLD lead government protocol list | LinkedIn
- ↑ Myanmar MPs approve Suu Kyi as ‘advisor to state'။ Anadolu Agency။
- ↑ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ။ မြန်မာဥပဒေ သတင်းအချက်အလက်စနစ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး။[လင့်ခ်သေ]
- ↑ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ ၂၀၂၁ ကိုပြဋ္ဌာန်း။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (၂၁ ဖေဖော်ဝါရီ ၂၀၂၁)။ 3 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2022 တွင် ပြန်စစ်ပြီး။