ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း
ကိုဩဒိနိတ်: 16°47′1.90″N 96°9′38.61″E / 16.7838611°N 96.1607250°E
ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်းသည် ဘက်စုံအားကစားကွင်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ မြို့လယ်ဧရိယာတွင် တည်ရှိသည်။၁၉၀၈ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၁၀ခုနှစ်တွင် ပြီးစီးခဲ့သည်။၁၉၃၅ခုနှစ်တွင် မီတာ၄၀၀ပြေးလမ်းကို ဖောက်လုပ်ခဲ့သည်။[၂]
တည်နေရာ | မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
---|---|
ဝင်ဆံ့ပမာဏ | ၄၀,၀၀၀[၁] |
မျက်နှာပြင် | မြက်ခင်းပြင် |
လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြု၍ အမည်ပေးထားခြင်းဖြစ်ပြီး ပရိသတ်ဦးရေ ၄၀,၀၀၀[၁] ဆန့်ကာ မြန်မာနိုင်ငံတွင် အကြီးဆုံး အားကစားကွင်းကြီးလည်း ဖြစ်သည်။ အဆိုပါ အားကစားကွင်း ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်တွင် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ယခုအခါတွင် မြန်မာ နေရှင်နယ် လိဂ်ဘောလုံးပွဲများကို အများဆုံးကျင်းပရာ အားကစားကွင်း ဖြစ်နေသည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်ယခု အောင်ဆန်းကွင်းနေရာတွင် ဘီအေအေ (The Burma Athletics Association- BAA) ၏အားကစားပြိုင်ကွင်းကို ၁၉၀၈ ခုနှစ်လောက်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၁၀ ပြည့်နှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ထိုကွင်းတွင် ဘောလုံးအပါအဝင် အားကစားပြိုင်ပွဲများကို စတင်ကျင်းပခဲ့သည်။ ဘီအေအေကွင်းတွင် ဘောလုံးပွဲယှဉ်ပြိုင်နိုင်သော ကွင်းနှစ်ကွင်းပါရှိရာ ပွဲကြည့်စင်နှင့် နီးသောကွင်းကို အနီးကွင်းဟု ခေါ်ခဲ့ကြပြီး ယခုအရှေ့ဘက် ပွဲကြည့်စင်နေရာတွင် အဝေးကွင်းရှိသည်။ အနီးကွင်းမှာ ကိုက် ၄၄၀ (မီတာ ၄၀၀) ပြေးလမ်းပတ်ထားသော ဘောလုံးကွင်းဖြစ်ပြီး ၁၉၃၅ ခုနှစ်တွင် ဖောက်လုပ်ပေးခဲ့သည်။ ပြေးခုန်ပစ် ပြိုင်ပွဲများယှဉ်ပြိုင်နိုင်အောင် အကွက်ချ တည်ဆောက်ထားပြီး အနောက်ဘက်ပွဲကြည့်စင်နှင့် တောင်ဘက်ပွဲကြည့်စင်တို့သာ ရှိခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ၁၉၅၃ခုနှစ် အောက်တိုဘာလ ၁၇ရက်နေ့တွင် ဘီအေအေကွင်းကို အောင်ဆန်းအားကစားပြိုင်ကွင်းဟု ပြောင်းလဲမှည့်ခေါ်ခဲ့သည်။၁၉၅၃ ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမကျင်းပမီတွင် သမ္မတ မန်းဝင်းမောင်က အမည်ပြောင်းလဲကြောင်း ကြေညာခဲ့သည်။[၃]
၁၉၆၁ခုနှစ်တွင် မြန်မာနိုင်ငံက ဒုတိယအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်တာဝန်ယူခဲ့သည်။ အောင်ဆန်းကွင်းကို အဓိကကွင်းဟုသတ်မှတ်ပြီး ဖွင့်ပွဲ၊ ပိတ်ပွဲများကျင်းပနိုင်ရန် ပိုမိုခေတ်မှီစေရန် အရှေ့ဘက်ပွဲကြည့်စင်ကို တည်ဆောက်လိုက်ရ၍ အဝေးကွင်းကို စွန့်လွှတ်ခဲ့ရသည်။ အောင်ဆန်းကွင်းကို လေးဖက်မြင် ပွဲကြည့်စင်အဖြစ် မွမ်းမံတည်ဆောက်ခဲ့သည်။[၄]
အားကစားကွင်း၏ ကြံ့ခိုင်မှု
ပြင်ဆင်ရန်နှစ်ပေါင်း ၁၀၀ကျော် ကြာမြင့်ပြီဖြစ်သော အောင်ဆန်းကွင်းမှာ ယိုယွင်းပျက်စီးမှုများ ရှိလာခဲ့သည်။ ထို့ကြောင့် အားကစားကွင်းကို သက်ဆိုင်ရာဌာနများမှစစ်ဆေးရာ ၇၀ရာခိုင်နှုန်း ကြံ့ခိုင်မှုမရှိတော့ပေ။ ထို့ကြောင့် အားကစားကွင်းအား ပြန်လည်မွမ်းမံခြင်း (သို့မဟုတ်) အသစ်ပြန်လည်တည်ဆောက်ခြင်း ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။[၅][၆]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Stadiums in Myanmar။ World Stadiums။ 23 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၀၈-၁၁-၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့ ပြေးခုန်ပစ် ဆီးဂိမ်းမှာ ဟန်ပါ့မလား။ ဧရာဝတီ သတင်း။
- ↑ မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)။
- ↑ မြန်မာ့ ဘောလုံး သမိုင်းကြောင်း (ပထမပိုင်း)
- ↑ ရန်ကုန်မြို့ အောင်ဆန်းကွင်း အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် (၁၆)ခုတင်ဆံ့၊ (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံများ၊ ဗိသုကာပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ။
- ↑ စစ်ဆေးမှုများအရ အောင်ဆန်းအားကစားကွင်းမှာ ရာခိုင်နှုန်း ၇၀ ကြံ့ခိုင်မှုမရှိတော့ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အတည်ပြု။
ဤ အဆောက်အအုံများ မြန်မာနိုင်ငံရှိ အားကစားကွင်းနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |