မြန်မာ နေရှင်နယ် လိဂ်

မြန်မာနိုင်ငံ၏ ပြည်တွင်းလိဂ်ဖလား
မြန်မာ အမျိုးသား လိဂ်
နိုင်ငံများ မြန်မာနိုင်ငံ
စတင်သည့်ခုနှစ် ၂၀၀၉.မတ်လ.(၄)ရက်
ဘောလုံးအဖွဲ့ချုပ် အေအဖ်စီ
အသင်းအရေအတွက် ၁၂ သင်း
ပိရမစ် အဆင့်သတ်မှတ်ချက်
နာယက ဦးအောင်ကိုဝင်း(ကမ္ဘောဇ)
ဥက္ကဋ္ဌ ဦးဇော်ဇော်
ဒေသတွင်းဖလား(များ) မြန်မာအမျိုးသားလိဂ်ဖလား၊ MMF ဖလား
နိုင်ငံတကာဖလား(များ) AFC President's Cup, AFC Cup, AFC Champions League
လက်ရှိချန်ပီယံ (ရှမ်းယူနိုက်တက်)၂၀၂၀


ချန်ပီယံဆု အများဆုံး ရန်ကုန်ယူနိုက်တက်(၅)ကြိမ်
ဝက်ဘ်ဆိုဒ် http://www.myanmarnationalleague.com Archived 19 May 2009 at the Wayback Machine.

၂၀၀၉-ခုနှစ်၊ မတ်လ(၄)ရက်နေ့မှ စတင်၍ မြန်မာ နေရှင်နယ် လိဂ် (အင်္ဂလိပ်: Myanmar National League) ခေါ် ပရိုစနစ်ဖြင့် ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ အတည်ပြုခဲ့သည်။ မြန်မာ နေရှင်နယ် လိဂ် ပြိုင်ပွဲများကို မေလအတွင်း စတင် ကျင်းပမည် ဖြစ်သည်။ ပြိုင်ပွဲများကို ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်း တွင်သာ ကျင်းပမည်ဖြစ်ပြီး ဒုတိယအကျော့ မန္တလေးမြို့နှင့် တောင်ကြီးမြို့ တို့တွင် ကျင်းပနိုင်ရန် လျာထားကြောင်း သိရသည်။ အိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် ကျင်းပမည့်ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ခဲ့သည်။ အပြောင်းအရွှေ့ ဈေးကွက်ကို မတ်လ(၅)ရက်မှ စတင်၍ ပြုလုပ်ခဲ့ကြသည်။

လက်ရှိ မြန်မာလိဂ်မှာ အသင်း ၈ သင်း ရှိတဲ့အတွက် ၂၀၁၀၊ ၂၀၁၁ ဘောလုံးရာသီတွေမှာ ပထမတန်းက တက်လာသော အသင်း နှစ်သင်းစီ ထပ်ထည့်ပြီး ၁၂ သင်းအထိ ရောက်လာမည်။ ၂၀၀၉ခုနှစ်မှာ လိဂ်ပုံစံလုပ်မည် မဟုတ်သေးဘဲ ရှုံးထွက်ဖလား ပုံစံနဲ့ပဲ အထက် မြန်မာပြည်မှာ တစ်ကြိမ်၊ အောက်မြန်မာ ပြည်မှာ တစ်ကြိမ် နှစ်ကြိမ် ကျင်းပခဲ့သည်'။ မြန်မာ နေရှင်နယ် လိဂ်တွင် ၂၀၁၁-ခုနှစ်အထိ တန်းဆင်းအသင်း ရှိမည် မဟုတ်သေးဘဲ ၂၀၁၂-ခုနှစ် မှသာ တန်းတက်/တန်းဆင်း စနစ်ကို စတင် ကျင့်သုံးမည် ဖြစ်သည်။ လက်ရှိ မြန်မာ နေရှင်နယ်လိဂ်၌ အသင်း ၈သင်းသာ ရှိခြင်းနှင့် ပတ်သတ်၍ ကိုရီးယားမှ ကေလိဂ် စတင်တည်ထောင်စဉ်က ၄ သင်းတည်းသာ ရှိခဲ့သည်။ ပါဝင် ကစားကြမည့်အသင်းများ အားလုံးသည် အနည်းဆုံး `ယူ-၁၇ လူငယ်´တစ်သင်းစီကို မဖြစ်မနေ ဖွဲ့စည်း ထားရမည်။ အဆိုပါ လူငယ် အသင်းများကို သက်ဆိုင်ရာ ဒေသတွင်းမှ လူငယ်များ ဖြင့်သာ ဖွဲ့စည်းရန်၊ လူငယ်များကို ပြိုင်ပွဲများ ကျင်းပပေးပြီး ရွေးချယ် ခေါ်ယူနိုင်သည်။ အသင်းသို့ ခေါ်ယူပါက စာချုပ်ချုပ် ဆိုရမည်။

အသင်းများ အားလုံးသည် အနည်းဆုံး ငွေသား သိန်း၂၀၀၀ ရှိသော ကိုယ်ပိုင် ဘဏ် အကောင့် တစ်ခုစီရှိရမည်။ အသင်း၏ ဝင်ငွေ/ထွက်ငွေ နှစ်ချုပ်စာရင်းကို ဘောလုံး အဖွဲ့ချုပ်ထံ နှစ်စဉ် တင်ပြရပါမည်။ အဖွဲ့ချုပ်မှ စိစစ်ပြီး အတည်ပြု ပေးမည်။

ကွင်းဝင်ကြေး၊ ရုပ်သံမူပိုင်ခွင့်၊ ကြော်ငြာ စပွန်ဆာ၊ ကစားသမား ရောင်းချမှုနှင့် အစိုးရ အထောက်အပံ့ များမှ ငွေကြေး ပြန်လည် ရရှိနိုင်မည်။ နောက်ပိုင်း၌ အသင်း၏ ရှယ်ယာများ ရောင်းချခွင့်ပေးခြင်းနှင့် တရားဝင် လောင်းကစားဒိုင် (Legal Bookies) များကိုပါ ဖွင့်လှစ် ခွင့်ပေးကာ ငွေကြေးရရှိနိုင်မည့် အခွင့် အလမ်းများကို ဖန်တီး ပေးဦးမည်။

မြန်မာ အမျိုးသား လိဂ်အတွက် နိုင်ငံတော်မှ အထောက် အပံများနှင့် လုပ်ငန်းရှင်များ ဘက်မှ အထောက် အပံ့များ ရရှိထားသည်။ အဓိက စပွန်ဆာအဖြစ် Grand Royal (IBTC ကုမ္ပဏီ)မှ ဆောင်ရွက်မည် ဖြစ်သည်။ ၂၀၀၉ မှ ၂၀၁၁ အထိ သုံးနှစ်တာ အတွက် စုစုပေါင်း သိန်း ၁၂၀၀၀ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အခြား ကုမ္ပဏီကြီး များကလည်း ငွေကြေးများ ထပ်မံ ထောက်ပံ့ ပေးထားပြီး ဖြစ်သည်။

ဝန်ကြီးဋ္ဌာနမှ ကစားသမားများ အားလုံးသည် မတ်လ ၅ရက်နေ့တွင် ၎င်းတို့၏ အသင်းများမှ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ပေးမည်ဖြစ်ပြီး မိမိ ကြိုက်နှစ်သက်ရာ၊ လစာငွေ ပိုမိုရရှိရာ ကလပ် အသင်းထံ လွတ်လပ်စွာ ပြောင်းရွှေ့ နိုင်သည်။ သို့သော် ကလပ်အသင်းများ အနေဖြင့် ဝန်ကြီးဋ္ဌာနများထံ နစ်နာကြေးအဖြစ် လက်ရွေးစင် အဆင့် ဆိုလျင် ၁၀ သိန်းနှင့် ဒုတိယ တန်းစား ဆိုလျင် ၅ သိန်းစီ ပေးကြရမည်။ ကစားသမား အပြောင်းအရွှေ့ များကို ပြုလုပ်ရာတွင် သက်ဆိုင်ရာ ဘောလုံးသမားအား ဆေးစစ်ဆေးမှု လုပ်ခဲ့ မလုပ်ခဲ့ဆိုသည်ကို MFF က စစ်ဆေးမည် မဟုတ်ကြောင်း သိရသည်။ ဘောလုံး အဖွဲ့ချုပ်သည် အပြောင်းအရွှေ့ စာချုပ်များကို အဖွဲ့ချုပ်ရုံး၌ လာရောက် ချုပ်ဆိုစေ၍ အမှားအယွင်း မရှိစေရန် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေး နေသော်လည်း ဆေးစစ်ဆေးမှု ကိစ္စကိုမူ အဖွဲ့ချုပ်မှ တာဝန်ယူမည် မဟုတ်ပေ။ ဆေးစစ်ဆေးမှု ကိစ္စက ဘောလုံးအသင်းနဲ့ သက်ဆိုင်ရာ ဘောလုံးသမား နှစ်ဦးနှစ်ဖက် ကျေနပ် သဘောတူဖို့ပဲ အရေးကြီးသည်။

တစ်သင်းတည်းတွင် ကစားသမား ကောင်းများ စုမနေစေရန် ကလပ်အသင်း တစ်သင်းလျင် ဝန်ကြီးဋ္ဌာန အသင်းများမှ လက်ရွေးစင် အဆင့် ကစား သမား ၆ ဦးနှင့် ဒုတိယတန်းစား ကစားသမား ၄ ဦးကိုသာ အများဆုံး ခေါ်ယူခွင့် ရမည်။ အဆိုပါ ခေါ်ယူခြင်း ခံရသည့် ဝန်ကြီးဋ္ဌာန ကစားသမား များသည် သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနများမှ အလုပ်မထွက် လိုသေးပါက နှစ်နှစ်ဆက်လက် တာဝန် ထမ်းဆောင် နိုင်သေးသည်။ သို့သော် ဝန်ကြီးဋ္ဌာနများမှ အလုပ်မထွက် သေးသူများသည် ကလပ် အသင်းနှင့် အများဆုံး ၂ နှစ်စာချုပ်သာ ချုပ်ဆိုနိုင်သည်။ ကလပ် အသင်းပိုင်ရှင်များသည် ဝန်ထမ်း ထောင်နှင့် ချီသော ကုမ္ပဏီကြီးများကို ပိုင်ဆိုင်ကြသူများ ဖြစ်သဖြင့် ကစားသမားများ ဘောလုံး ဆက်မကစား နိုင်တော့လျင် ၎င်းတို့၏ ကုမ္ပဏီများတွင် ခန့်ထားရန် စီစဉ်ထားသည်။ [၁]

ကလပ်အသင်းများ ပြင်ဆင်ရန်

  1. ရန်ကုန်တိုင်းကိုယ်စားပြု - ရန်ကုန်ယူနိုက်တက် (Yangon United F.C)
  2. မန္တလေးတိုင်းကိုယ်စားပြု - ရတနာပုံ ဘောလုံး အသင်း (Yadanarpon F.C)
  3. စစ်ကိုင်းတိုင်းကိုယ်စားပြု - ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ကိုင်းယူနိုက်တက် ဘောလုံးအသင်း (Sagaing United F.C)
  4. မကွေးတိုင်းကိုယ်စားပြု - မကွေး ဘောလုံးအသင်း (Magwe F.C)
  5. ပဲခူးတိုင်းကိုယ်စားပြု - ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်း (Hanthawaddy United F.C)
  6. ရှမ်းပြည်နယ်တောင်ပိုင်းကိုယ်စားပြု - ရှမ်းယူနိုက်တက် ဘောလုံးအသင်း (Shan United F.C)
  7. မွန်၊ တနင်္သာရီကိုယ်စားပြု - ဆောက်သန်းမြန်မာ ယူနိုက်တက် (Southern Myanmar F.C)
  8. ဧရာဝတီတိုင်းကိုယ်စားပြု - ဧရာဝတီယူနိုက်တက် (Ayeyawady United FC)
  9. ရခိုင်ပြည်နယ် ကိုယ်စားပြု - ရခိုင်ယူနိုက်တက် ဘောလုံးအသင်း (Rakhine United F.C)
  10. ချင်းပြည်နယ်ကိုယ်စားပြု-ချင်းယူနိုက်တက်ဘောလုံးအသင်း (Chin United Football Club)
  11. အားကစားသိပ္ပံဘောလုံးအသင်း (ISPE FC)
  12. ကရင်ပြည်နယ်ကိုယ်စားပြု-ဇွဲကပင်ယူနိုက်တက် ‌ေဘောလုံးအသင်း (Zwekapin United FC)

စည်းမျဉ်းဥပဒေများ(Rules and Regulations) ပြင်ဆင်ရန်

ဘောလုံး Pro စနစ်ကူးပြောင်းရာမှာ မရှိမဖြစ်လိုအပ်သော စည်းမျဉ်း၊ စည်းကမ်းများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် FIFA, AFC, AFF နှင့်တကွ ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ကိုရီးယား ဘောလုံးအဖွဲ့ချုပ် တို့ရှိ တာဝန်ရှိသူများ၊ ကျွမ်းကျင်သူများနှင့် (၂၇)ကြိမ် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပြီး ရေးဆွဲခဲ့သည်။

အောက်တန်း အသင်းများနှင့် ပတ်သတ်၍ သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများ ပြည့်မီသော အသင်းများကိုသာ ပရို အသင်းအဖြစ် လက်ခံမည်။ ပထမတန်းနှင့် ဒုတိယတန်း အသင်းများမှာ ပုံမှန် Training အစီအစဉ်၊ ကစားသမား လစာ စာချုပ်များ၊ အခြား သတ်မှတ်ထားသော Facility များ အပြည့် ရှိရပါမည်။ အသင်းများလျှင် နှစ်တန်း ထားမည် ဖြစ်ပြီး နည်းလျှင် တစ်တန်းတည်း ထားမည်။

  • ၂၀၁၂-ခုနှစ်ရောက်မှ တန်းဆင်း/တန်းတက် စနစ်ကို ခွင့်ပြုရန်၊
  • နိုင်ငံခြားကစားသမား (၅)ယောက်တစ်ပြိုင်နက်တည်း ဝင်ကစားခြင်းကို နောင်(၄/၅)နှစ်ထိ ခွင့်ပြုရန်၊
  • ကလပ်သင်းတစ်သင်းမှာ မှတ်ပုံတင်ရမည့် ကစားသမားအရေအတွက်ကို (၃၀)ဦးထိ ခွင့်ပြုရန်၊
  • အသင်းတစ်သင်း အနေဖြင့် လက်ရွေးစင်(က)အဆင့်မှ (၆)ဦး၊ လက်ရွေးစင်(ခ)အဆင့်မှ (၄)ဦး ခေါ်ခွင့်ပြုရန်၊
  • ကစားသမားတစ်ဦး အဝါကတ်(၃)ကြိမ်ရှိလျှင် တစ်ပွဲပယ်။ (၆)ကြိမ်ရှိလျှင် နှစ်ပွဲပယ်။ (၉)ကြိမ်ရှိလျှင် စည်းကမ်းထိန်းသိမ်းရေး ကော်မီတီက အရေးယူမည်။
  • ကစားသမား အပြောင်းအရွှေ့စာချုပ်ကို MFF ရုံးခန်းတွင် တာဝန်ရှိသူများရှေ့ စာချုပ်ချုပ်ရန်၊
  • ဘောလုံးအေးဂျင့် နှင့် ပတ်သက်သော စည်းမျဉ်းကို MNL ဥပဒေ စာအုပ်တွင် ထည့်သွင်းရေးဆွဲရန်၊[၂]

ပရိုအသင်း ပြင်ဆင်ရန်

  1. နိုင်ငံတော် ခွင့်ပြုချက် ဥပဒေနှင့် အညီ အသင်းလိုင်စင်ကို မှတ်ပုံတင် ထားရမည်။
  2. ယူ-၁၇၊ ယူ-၂၀ လူငယ်အ သင်းများ ဖွဲ့စည်းထားရမည်။
  3. ကျပ်သိန်း ၂၀၀၀ ရန်ပုံငွေ ထားရှိရမည်။
  4. ရုံးခန်း အဆောက်အဦ၊ ပြိုင်ပွဲကွင်း၊ လေ့ကျင့်ရေးကွင်း၊ နားနေခန်း၊ ဆေးကုသမှု အဆောင်၊ မော်တော်ယာဉ်၊ တယ်လီဖုန်း၊ ဖက်စ်ရှိရမည်။
  5. နည်းပြ၊ အုပ်ချုပ်သူ၊ ကစားသမား များနှင့် ကန်ထရိုက် စာချုပ် ချုပ်ဆိုထားရမည်။ စာချုပ်ပါအတိုင်း လိုက်နာ ဆောင်ရွက်ရမည်။
  6. Email, Phone, Fax ရှိရမည်။ သတင်းပြန်ကြားရေးအတွက် မီဒီယာအရာရှိ ထားရှိရမည်။ အသင်းကို Fan အဖွဲ့ဝင် တိုးပွားအောင် လှုံ့ဆော်စည်းရုံး ဆောင်ရွက်ရမည်။
  7. Marketing ဋ္ဌာန ဖွဲ့စည်းကာ အသင်းအတွက် ကူညီပံ့ပိုးသူများ၊ အားပေးသူများ ပိုမိုရရှိအောင် ဆောင်ရွက်ရမည်။
  8. ရည်မှန်းချက်ထားရမည်။ အောင်မြင်မှုအတွက် ၃ နှစ်စီမံကိန်းများ ချမှတ်ထားရမည်။

ဆီမီးပရိုအသင်း ပြင်ဆင်ရန်

  1. နိုင်ငံတော် ခွင့်ပြုချက် (သို့မဟုတ်) တယက/မယက၏ ထောက်ခံ အတည်ပြုချက်ဖြင့် အသင်းလိုင်စင် ရယူရမည်။
  2. ယူ-၂၀ လူငယ်အသင်း ဖွဲ့စည်းထားရမည်။
  3. ကျပ်သိန်း ၅၀၀ ရန်ပုံငွေ ထားရှိရမည်။
  4. လေ့ကျင့်ကွင်း၊ လေ့ကျင့်မှု အစီအစဉ်၊ တယ်လီဖုန်း၊ ဖက်စ်၊ ရုံးခန်း၊ မော်တော်ယာဉ်ရှိရမည်။
  5. နည်းပြ၊ အုပ်ချုပ်သူနှင့် ကစားသမား များကို ထောက်ပံ့ကြေး (သို့မဟုတ်) ဝန်ထမ်းလစာ ပေးရမည်။ (၁)နှစ်အတွက်သာ သဘောတူညီမှု ရယူထားရမည်။
  6. ဆက်သွယ်ရေးမှူး ထားရှိကာ အဖွဲ့ချုပ်၊ အခြားအသင်းများ၊ သတင်းဂျာနယ်များဖြင့် ဆက်သွယ်လုပ်ဆောင်ရမည်။
  7. ကူညီပံ့ပိုးသူများ ရှာဖွေရမည်။
  8. ရည်မှန်းချက်ထားရမည်။ အောင်မြင်မှုအတွက် ၁ နှစ် စီမံကိန်းများ ချမှတ်ထားရမည်။

မူးယစ်ဆေး မသုံးရ ပြင်ဆင်ရန်

ဘောလုံးသမား များသည် အရက်သေစာနှင့် မူးယစ် ထုံထိုင်း စေတတ်သော တားမြစ်ဆေးများ သုံးစွဲခြင်း၊ လောင်းကစားခြင်း နှင့် ကလပ် အသင်း၏ ဂုဏ်သိက္ခာကို ထိခိုက် ညှိုးနွမ်းအောင် ပြုလုပ်ခြင်း များအတွက် ဒဏ်ကြေးနှင့် ပြစ်ဒဏ်များ ချမှတ်မည် ဟု ကစားသမား လုပ်ငန်း သဘောတူ စာချုပ်တွင် ထည့်သွင်း ရေးသားထားသည်။ ထို့ပြင် အဆိုပါ ကစားသမား များသည် လေ့ကျင့်ရေး ကာလအတွင်း သတ်မှတ် စည်းမျဉ်းများ ချိုးဖောက်ခြင်း၊ သတ်မှတ် လေ့ကျင့်ရေး နေ့ရက်များတွင် လေ့ကျင့် ရန် ပျက်ကွက်ခြင်း၊ ပြိုင်ပွဲ ကစားမည့် နေ့ရက်များတွင် လာရောက် ကစားရန် ပျက်ကွက်ခြင်းများ ရှိခဲ့ပါကလည်း အလားတူ အရေးယူ ခံရမည်။

အဆိုပါ စာချုပ်အရ ဘောလုံးသမား များသည် ကလပ်၏ လှုပ်ရှားမှုများ၊ ကြော်ငြာများ၊ ဈေးကွက် မြှင့်တင်ရေးများတွင် ပါဝင် ရမည်ဟု သိရပြီး ပြိုင်ဘက် ကုမ္ပဏီများ၊ အမှတ်တံဆိပ် များကိုမူ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သော နည်းဖြင့်ပင် ကြော်ငြာပေးခြင်း မပြုရ။ ကစားသမား ယာယီ မှတ်ပုံတင်ခြင်း (အငှားချခြင်း) ကိုလည်း တရားဝင် ခွင့်ပြုပေး ထားသည်။

ကစားသမား များကို လစာနှင့် ခံစားခွင့်ပေးရာ၌ လက်မှတ်ရေး ထိုးခ (signing Fee)၊ အသင်း စွမ်းဆောင်မှု အလိုက် ပေး မည့်ဆုကြေး (Bonus) ပါဝင်သည်။ လစာငွေကို ပေးအပ်ရာ၌ ဝင်ငွေခွန်နှင့် အခြား အခွန်အခများကို ကလပ်က နှုတ်ယူပြီး သက်ဆိုင်ရာသို့ ပေးသွင်း ပေးရမည်။

စော်ကားသည့် အပြုအမူ ပြင်ဆင်ရန်

ပရိသတ်ကို ဝင်ထိုးခြင်း၊ ဆဲဆိုခြင်း၊ မဖွယ်မရာ လှန်ပြခြင်များ ပြုလုပ်၍ မရတော့ပါ။ ပရိသတ်ကို စော်ကား သည့်အပြုအမူ အတွက် ပြစ်ဒဏ်သည် အမြင့်ဆုံးဖြစ်ပြီး ရာသက်ပန် ပွဲပယ် ပြစ်ဒဏ်ပင် ချမှတ် ခံရနိုင်သည်။ ကွင်းတွင်း၌ လူမျိုးရေး ခွဲခြားမှုနှင့် အသားအရောင် ခွဲခြားလှောင်ပြောင် မှုများကိုလည်း ပြစ်ဒဏ် များ ချမှတ်မည်။ ဂိုးသွင်းအပြီး အောင်ပွဲခံသည့် အပြုအမူတွင်လည်း စည်းကမ်း ဖောက် ဖျက်သည့် ပုံစံများ ပြုမူပါက အရေးယူခံရမည် ဖြစ်သည်။

ဒိုင်စည်းမျဉ်း ပြင်ဆင်ရန်

ယခင်က မြန်မာလိဂ်တွင် ဒိုင်လူကြီးများသည် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပြတ်သားမှု မရှိဟူ၍ ကစားသမားများ၊ နည်းပြများ၊ ပရိသတ်များက ဝေဖန်ခဲ့ကြသည်။ ထိုစဉ်က ဒိုင်လူကြီးများ၏ ဝင်ငွေသည် ပွဲတစ်ပွဲလျှင် ၃၀၀၀ ကျပ်သာ ရရှိပြီး စည်းကြပ်ဒိုင် ဆိုလျှင် ၁၅၀၀ ကျပ်သာ ရရှိသည်။ “ဒိုင်တွေဟာ သူတို့ကို ပရိသတ်တွေ၊ ကစားသမားတွေက ဖိအားပေးပြီ ဆိုရင် ကြောက်ပြီး မလုပ်သင့်တဲ့ ဆုံးဖြတ်ချက် အမှားတွေ ပြုလုပ်လေ့ ရှိပါတယ်။ ဒါပေမယ့် သူတို့ဘက်က သေသေချာချာ ပြန်ပြီး စဉ်းစား ကြည့်ရင်တော့ သူတို့ကို မကျေနပ်လို့ ကစားသမားတွေက ဝိုင်းထိုးမယ်၊ ပရိသတ်တွေက ဝိုင်းပြီး တိုက်ခိုက်မယ် ဆိုရင် ဘယ်သူက ကာကွယ် ပေးနိုင်မှာလဲ။ ကွင်းထဲမှာ လုံခြုံရေးကလည်း မယ်မယ်ရရ ရှိတာ မဟုတ်ဘူး။ ပြီးတော့ ကျိုးပဲ့ထိခိုက် သွားရင်လည်း ကိုယ့်စရိတ်နဲ့ ကိုယ်ဆေးကု ရမှာလေ။ ရတဲ့ ဝင်ငွေကလည်း မလောက်မငနဲ့ဆိုတော့ ဘယ်လိုမှ အဆင်မပြေပါဘူး” ထို့ကြောင့် ပရိုလိဂ်သို့ ကူးပြောင်းသည့် အခါတွင် ယင်းဒိုင်လူကြီး များ၏ အခန်း ကဏ္ဍကိုပါ ထည့်သွင်း စဉ်းစားထားပြီး ဒိုင်လူ ကြီးတစ်ဦးလျှင် ပွဲကြီးကြပ်ကြေး အဖြစ် လက်ရှိ ဝင်ငွေ၏ ငါးဆမျှ (၁၅၀၀၀ ကျပ်ခန့်) ရရှိနိုင်မည်။ သို့သော် ယင်းဒိုင်လူကြီး များ၏ ပွဲကြီးကြပ်မှု အရည်အချင်း ကိုလည်း အကဲခတ်နေမည် ဖြစ်ပြီး စွမ်းဆောင်ရည် ညံ့ဖျင်းပါက ပွဲကြီး ကြပ်ခွင့် ပိတ်ပင်မည့် ပြစ်ဒဏ်များကိုလည်း ချမှတ်ဖွယ် ရှိနေသည်။ ထို့ကြောင့် ဒိုင်လူကြီးများသည် ဝင်ငွေ လျော့ကျသွားမှု မရှိစေရန် ပွဲများကို အာရုံစိုက်၍ သေချာစွာ ကြီးကြပ် လိမ့်မည်ဟု ယုံကြည်ထားသည်။

“ပရို စည်းမျဉ်းသစ်မှာ ဒိုင်တွေကို အပြည့်အဝ ကာကွယ် ပေးထားပါတယ်။ ပြောရရင် ကစားသမားဟာ ဒိုင်လူကြီးကို စေ့စေ့ တောင် ကြည့်ခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒိုင်ကို ကလန်ကဆန် လုပ်ရင် အနီကဒ် အဝါကဒ်တွေ အပြခံရမှာ ဖြစ်သည်။ ဒီကဒ် တွေကလဲ အရင်လို အဝါကဒ် ထိရင် ငါးရာကျပ်၊ အနီကဒ်ထိရင် တစ်ထောင်ကျပ် ဆိုတာမျိုး မဟုတ်တော့ပါ။ သောင်း ဂဏန်း သိန်းဂဏန်းအထိ ဒဏ်တပ်မှာ ဖြစ်ပြီး သက်ဆိုင်ရာ ကလပ်အသင်း ကလည်း အဲဒီ ကစားသမားကို စာချုပ်ပါ စည်းမျဉ်း စည်းကမ်းတွေအရ ထပ်မံ အရေးယူဦးမှာ ဖြစ်ပါတယ်” ဟု မြန်မာ နေရှင်နယ်လိဂ် အဖွဲ့ချုပ်မှ ဆိုသည်။ ဒိုင်၏ အဆုံးအဖြတ်နဲ့ အခြား ပြိုင်ပွဲဆိုင်ရာ အချက်အလက်များကို မကျေနပ်သော အသင်းများသည် ပြိုင်ပွဲ ကြီးကြပ်ရေး ကော်မတီသို့ ၇၂ နာရီ အတွင်း တိုင်ကြားနိုင်သည်။ သို့သော် ထိုသို့ တိုင်ကြားသည့် အတွက် ၁၀၀၀၀ ကျပ် ခန့် ငွေကြေးကို ပေးဆောင် ရမည်ဟု MFF က ထုတ်ပြန်ထားသည်။

ပွဲစဉ်နှင့် ဝင်ကြေး ပြင်ဆင်ရန်

ပွဲစဉ်များတွင် ကွင်းဝင်ကြေး အဖြစ် ရိုးရိုးတန်း ၅၀၀ ကျပ်နှင့် အထူးတန်း ၁၀၀၀ ကျပ်ဟူ၍ အကြမ်းဖျင်း သတ်မှတ်ထားပြီး အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေ တစ်ပတ်လျှင် လေးပွဲနှုန်းဖြင့် ကျင်းပသွားရန် စီစဉ်လျက် ရှိသည်။ အဆိုပါ ပွဲစဉ်များကို ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့် ပြသနိုင်ရန်အတွက် MFF မှ ဆွေးနွေ ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ကွင်းတွင်း လာရောက် ကြည့်ရှုသည့် ပရိသတ်များ အတွက်လည်း အထူး အစီအစဉ်များ စီစဉ် ပေးထားသည်။ ပွဲစဉ်များကို မေ(၁၁)ရက်နေ့တွင် စတင်ကျင်းပမည်ဟု လျာထားကြောင်း သိရသည်။

၂၀၁၀-ခုတွင် ကွင်းဝင်ကြေး များမှာ ရိုးရိုးတန်း ၅၀၀ နှင့် အထူးတန်း ၂၀၀၀ ကျပ်ဖြစ်သည်။

ဗိုလ်စွဲမှု ပြင်ဆင်ရန်

  1. ပထမဆုံးအကြိမ်(၂၀၀၉-ခု) မြန်မာ နေရှင်နယ် လိဂ်ပြိုင်ပွဲတွင် ရတနာပုံ အက်ဖ်စီအသင်းမှ ဗိုလ်စွဲသွားသည်။

ချီးမြှင့်မည့် ဆုနှင့်ငွေကြေး ပြင်ဆင်ရန်

  • ပထမဆုရအသင်း (၁၀၀၀)သိန်း
  • ဒုတိယဆုရအသင်း (၇၅၀)သိန်း
  • အသန့်ရှင်းဆုံး အသင်းဆု (၅၀၀)သိန်း
  • ပွဲစဉ်တိုင်း အနိုင်ရအသင်း (၁၀)သိန်း
  • အကောင်းဆုံး ဘောလုံးသမားဆု(Man of the Match) (၃)သိန်း

မီဒီယာ အရာရှိ ပြင်ဆင်ရန်

မြန်မာ နေရှင်နယ် လိဂ်၏ မီဒီယာ အရာရှိမှာ ဦးစိုးမိုး (IBC) ဖြစ်သည်။

ဘောလုံးကွင်း လွှဲပြောင်း ပေးအပ် ပြင်ဆင်ရန်

အားကစား ဝန်ကြီးဋ္ဌာနသည် ပရိုလိဂ် ကျင်းပရန် အတွက် ရန်ကုန်မြို့ အတွင်းရှိ ဘောလုံးကွင်း ၁၂ ကွင်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) သို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ပထမဆုံး မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဖြစ်သည့် MFF Cup 2009 Grand Royal ကို ရန်ကုန်မြို့၌ပင် ကျင်းပသွားမည် ဖြစ်ရာ အဆိုပါ ကွင်းများအား ပြိုင်ပွဲဝင် အသင်းများအတွက် လေ့ကျင့်ရေးကွင်း များအဖြစ် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကွင်း ၁၂ ကွင်းအနက် အောင်ဆန်း အားကစား ပြိုင်ကွင်းကို ရန်ကုန် ယူနိုက်တက်၏ အိမ်ကွင်းအဖြစ် လွှဲပြောင်းပေး ရမည်ဖြစ်ပြီး သုဝဏ္ဏ အားကစားကွင်းကိုမူ မြန်မာအသင်း၏ နိုင်ငံတကာ ပွဲများအတွက် ထားရှိမည်။

MFF သို့ လွှဲပြောင်းပေးခဲ့သည့် ဘောလုံးကွင်းများ ပြင်ဆင်ရန်

  1. သုဝဏ္ဏ အားကစားကွင်း (ဗဟို)
  2. သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်း (၁)
  3. သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်း (၂)
  4. သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်း (၃)
  5. သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်း (၄)
  6. အောင်ဆန်း အားကစားကွင်း
  7. ပဒုမ္မာ အားကစားကွင်း
  8. စလင်း အားကစားကွင်း
  9. ဗဟန်း အားကစားကွင်း
  10. လှိုင် အားကစားကွင်း
  11. တောင်ဒဂုံ အားကစားကွင်း
  12. မြောက်ဒဂုံ အားကစားကွင်း

MNL သတင်း ပြင်ဆင်ရန်

MNL နှင့် ပတ်သတ်သည့် သတင်းလွှာ (Newsletter)များ လစဉ် ထုတ်ဝေမည်။ MNL ၏ ငွေစာရှင်း ရှင်းတမ်းများကို ကိုင်တွယ်ရန် ဖီဖာမှ သင်တန်းနည်းပြ တစ်ဦးဖြစ်သော မစ္စတာ စတူးဝပ်ကို ခေါ်ယူ ငှားရမ်း ထားသည်။ ၂၀၁၀-ခုတွင် အကောင်းဆုံး ဘောလုံးသမား ဆုကို ချီးမြှင့်မည် မဟုတ်ဘဲ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမား ဆုကိုသာ ချီးမြှင့်မည်။

ကိုးကား ပြင်ဆင်ရန်

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 5 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 April 2021 တွင် ပြန်စစ်ပြီး။
  2. တက်လမ်း အားကစားဂျာနယ်