ဗူးဘုရား

ဗူးဘုရား၊ ညောင်ဦး
(ဗူးဘုရား(ပုဂံ) မှ ပြန်ညွှန်းထားသည်)

ဗူးဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံမြို့အနီး ဧရာဝတီမြစ် ကမ်းနဖူး၌ တည်ရှိပြီး မြစ်ကမ်းစပ်တွင် ခရုပတ်သဖွယ် စိန်တန်းနှစ်သွယ်နှင့် တည်ဆောက်ထားသည်။ စေတီပုထိုးအမှတ်မှာ ၁၆၅၇/၉၆၁ ဖြစ်သည်။

ဗူးဘုရား
အချက်အလက်များ
တည်နေရာပုဂံမန္တလေးတိုင်းဒေသကြီး
ကိုဩဒိနိတ်21°10′35″N 94°51′29″E / 21.17639°N 94.85806°E / 21.17639; 94.85806
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
နိုင်ငံမြန်မာ
ဗိသုကာ
တည်ထောင်သူပျူစောထီး

ဗူးဘုရားကို ပုဂံနန်းစံ တတိယမြောက်ဘုရင် ပျူစောထီး တည်ခဲ့သည်။ ဘုရင်ပျူစောထီးသည် ပြည်သူများကို ဒုက္ခပေးနေသော ရှူးပျံ၊ ဝက်၊ ဗူး၊ ကျားနှင့် ငှက်တို့ကို နှိမ်နင်းခဲ့ရသည်။ ဗူးပင် ဗူးနွယ် ဗူးချုံများကို ရှင်းလင်းသုတ်သင် အောင်မြင်သော နေရာတွင် တည်ထားကိုးကွယ်ထားခြင်းကြောင့် ဗူးဘုရားဟု ခေါ်တွင်နေခြင်း ဖြစ်သည်ဟု အစဉ်အလာအားဖြင့် ယုံကြည်လျက်ရှိကြသည်။

အခြားရန်သူများကို နှိမ်နင်းရာဌာနများ၌လည်း အထိမ်းအမှတ်အဖြစ် ကျားသတ်ဘုရား၊ ရှူးပျံဘုရား၊ ဝက်သတ်ဘုရား၊ ငှက်ပစ်တောင်ဘုရား၊ လေးနှင်ဘုရား၊ မြားဘုရား၊ သမီးဝှက်ဘုရားများလည်း တည်ထားခဲ့သည်။ စေတီတော်ကိန်းဝတ်ရာ ကျောက်စိုင်မှာ ဗူးသီးပုံသဏ္ဌာန်ရှိသည်ဟု မှတ်ယူကြသည်။ ယခုအချိန်၌ ပျူစောထီးလက်ထက်က တည်ထားသော စေတီတော်အဖြစ်မတွေ့ရတော့ဘဲ ခေတ်အဆက်ဆက်နှောင်းလူတို့ ပြုပြင်မွမ်းမံထားသည့် မှန်စီရွှေချများဖြင့် တန်ဆာဆင်ထားသော စေတီအဖြစ်တည်ရှိနေသည်။

ရုပ်ပုံများ

ပြင်ဆင်ရန်
  1. မြတ်မင်းလှိုင်၏ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ (ပ-တွဲ) ၂၀၀၃-ခု၊ ဇန်နဝါရီလထုတ်