ဗေရီ‌ယေးရှင်း (အင်္ဂလိပ်: Variation) သို့မဟုတ် ပုံစံမူကွဲ ဆိုသည်မှာ သီချင်းတစ်ပုဒ် သို့မဟုတ် တေးသံတစ်ခုကို အခြားနည်းဟန်ဖြင့်ရေးသားတီးခတ်သည့် ပုံစံဖြစ်သည်။ ပုံစံမူကွဲကိုရေးသားရာတွင် ဟာမိုနီ၊ မယ်လိုဒီ ခေါ် သံစဉ်၊ စည်းချက်၊ tonality ခေါ် အသံနေအထား စသည်တို့ကိုပြောင်းလဲခြင်း၊ အော်ခက်စထရာ ပုံစံသို့ပြောင်းလဲရေးသားခြင်း၊ ကောင်တာပွိုင့် (Counterpoint) ထည့်သွင်းခြင်း စသည်တို့ကိုပြုလုပ်ရသည်။

ပုံစံမူကွဲရေးသားနည်းများ ပြင်ဆင်ရန်

မိုးဇတ်၏ "Ah vous dirai-je, Maman" သို့မဟုတ် "Twinkle, Twinkle, Little Star" ဟုလူသိများသောသီချင်းတွင် ဗေရီ‌‌ယေးရှင်း၏ အသွင်အပြင်တို့ကိုလေ့လာနိုင်သည်။ အောက်တွင်ဖော်ပြထားသည်မှာ ဤသီချင်း၏ Theme ခေါ် ပင်မ‌တေးသံဖြစ်သည်။

Ah je vous dirai maman theme
 
Ah je vous dirai maman theme, bars 1-8

မယ်လိုဒီအရပြောင်းခြင်း ပြင်ဆင်ရန်

ပထမဗေရီယေးရှင်းတွင် သံစဉ်ကိုအကျယ်ချဲ့ရေးသားထားသည်။

Ah je vous dirai maman Var 1
 
Ah je vous dirai maman Var 1

စည်းချက်အရပြောင်းခြင်း ပြင်ဆင်ရန်

ငါးခုမြောက်ဗေရီယေးရှင်းတွင် နုတ်စ်အချို့ကို စည်းချက် နေရာကိုရွှေ့ပြောင်းရေးသားထားသည်။

Ah je vous dirai maman Var 5
 
Ah je vous dirai maman Var 5

ဟာမိုနီအရပြောင်းခြင်း ပြင်ဆင်ရန်

ခုနစ်ခုမြောက်ဗေရီယေးရှင်းတွင် ပုံမှန်ကော့ဒ်နေရာတွင် အခြားကော့ဒ်များကိုအစားထိုးရေးသားထားသည်။

Ah je vous dirai maman Var 7
 
Ah je vous dirai maman Var 7

အသံပြောင်းခြင်း ပြင်ဆင်ရန်

ရှစ်ခုမြောက်ဗေရီယေးရှင်းတွင် ပုံမှန်အသံ စီမေဂျာ (C major)မှ စီမိုင်နာ (C minor) သို့ပြောင်းထားသည်။ ထို့အပြင် ကောင်တာပွိုင့်၊ နုတ်ကိုဆွဲဆန့်ခြင်း (Suspension)၊ မယ်လိုဒီကိုတုယူခြင်း (Imitation) တို့ကိုလည်းသုံးနှုန်းထားသည်။

Ah je vous dirai maman Var 8
 
Ah je vous dirai maman Var 8

သီချင်းအပြည့်အစုံကို ဤလင့်ခ်တွင် နားဆင်နိုင်သည်။

အခြားပုံစံများ ပြင်ဆင်ရန်

၁၈၁၉ တွင် အန်တွန် ဒိုင်ယာဘယ်လီ (Anton Diabelli) သူ၏သီချင်းကို ဗီယင်နာမြို့လာတေးရေးဆရာများကို မူကွဲရေးပေးရန်တောင်းဆိုခဲ့သည်။

Theme by Anton Diabelli
 
Theme by Anton Diabelli

ဘီသိုဗင်သည် ဤသီချင်းကို ဗေရီယေးရှင်းပေါင်း ၃၃ ခုရေးသားပေးခဲ့သည်။ တစ်ဆယ့်သုံးခုမြောက်ဗေရီယေးရှင်းတွင် သူသည်မူလတေးသံကိုဖြောက်လိုက်သကဲ့သို့ ရေးသားထားသည်။

Beethoven, Diabelli Variation No. 13
 
Beethoven, Diabelli Variation No. 13

ဝီလ်ဖရစ်ဒ် မယ်လာစ် (Wilfrid Mellers) သည် ဤဗေရီယေးရှင်း၏‌တေးသံကို "တိတ်ဆိတ်ခြင်းသို့ စုပ်ယူခြင်းခံရသည်"ဟု ကောက်ချက်ချခဲ့သည်။

အခြားတေးရေးဆရာမှသံစဉ်ကိုယူသုံးခြင်း ပြင်ဆင်ရန်

အီတလီလူမျိုး တေးရေးဆရာဖြစ်သူ အာကန်ဂျယ်လို ကိုရယ်လီ (Arcangelo Corelli) ရေးသားထားသော ‌တယောဆိုနာတာ (ကက်တလောက်: Op.5, No.9) ၏နောက်ဆုံးအပိုင်းသည် ဤသို့အစချီထားသည်။

Corelli Violin Sonata Op 5 No 9
 
Corelli Violin Sonata Op 5 No 9

သူ၏တပည့်ဖြစ်သူ ဖရန်ချက်စ်ကို ဂမ်မီနီယာနီ (Francesco Geminiani) သည် အောက်ပါအတိုင်းပြောင်းလဲရေးသားထားသည်။

Corelli Violin Sonata Op 5 No 9, performing version by Geminiani
 
Corelli Violin Sonata Op 5 No 9, performing version by Geminiani

နီကိုလက်စ် ကွတ်ခ် (Nicholas Cook)သည် ဂမ်မီနီယာနီ၏ ရေးသားမှုသည် "သီချင်း၏အရသာကိုပိုမိုကောင်းမွန်အောင်ပြုပြင်ခဲ့သည်"ဟု ကောက်ချက်ချခဲ့သည်။

ကျမ်းကိုး ပြင်ဆင်ရန်

  • Cook၊ N (1990)၊ Music, Imagination and Culture၊ Oxford: Clarendon Press.
  • Mellers၊ Wilfred (1983)၊ Beethoven and the Voice of God၊ London: Faber.