ဗေဠုဝ (နတ်စောင်း)
ဗေဠုဝ(နတ်စောင်း)
ပြင်ဆင်ရန်ဗေဠုဝ(နတ်စောင်း)သည် မာရ်နတ်နှင့် ပဉ္စသီခနတ်သား တို့ ကိုင်ဆောင်တီးခတ်သော စောင်း ဖြစ်သည်။ ရှေးဦးအရင် မာရ်နတ်မင်း၏ စောင်း ဖြစ်သည်။
ဗေဠုဝ(နတ်စောင်း)ကို တစ်ကြိမ် တီးခတ်လိုက်သော် လူ့အချိန်ကာလ အားဖြင့် လေးလကြာမှ အသံစဲ၏။ နတ်အတိုင်းအတာ အရ ဆိုလျှင် တခဏဘဲ နေပေလိမ့်မည်။[၁]
အရွယ်အစား
ပြင်ဆင်ရန်ဗေဠုဝ စောင်းကြီးသည် စောင်းလက်ရုံးနှင့် စောင်းအိုးသည် သုံးဂါဝုတ် လောက် ကြီးမားပေသည်။ စောင်းညှို့ဖွဲ့ချည်ရာ နေရာသည် တစ်ဂါဝုတ်၊ စောင်းလက်တန်လည်း တစ်ဂါဝုတ်၊ စောင်းခွက်ငယ်လည်း တစ်ဂါဝုတ် ရှိလေသည်။ (နတ် အတိုင်းအတာ)
ခုနှစ်တောင် တစ်တာ
နှစ်ဆယ်တာ တစ်ဥသဘ
နှစ်ဆယ်ဥသဘ တစ်ကောသ
လေးကောသ တစ်ဂါဝုတ်
နှုန်းနှင့် တွက်လျှင် တစ်ဂါဝုတ်မှာ ပေပေါင်း(၁၆၈၀၀)ရှိသည်။ သုံးဂါဝုတ်တွင် ပေပေါင်း (၅၁၄၀၀)ရှိ၏။ ဗေဠုဝ စောင်းကြီးသည် နတ်စောင်းကြီး ဖြစ်သဖြင့် လူတို့စောင်းထက် အဆမတန်ကြီးပေသည်။ နတ်တို့အတွက်မူ ကိုင်၍ကောင်းရုံ အလောတော်ရှိမည်ဟု မှန်းဆရသည်။
အရောင်အဆင်း
ပြင်ဆင်ရန်ဥသျှစ်သီးအမှည့် အရောင်ရှိသည်။ ရွှေဝါရောင် ဖြစ်သည်။ စောင်းရွက်က ရွှေရောင်၊ စောင်းလက်တန်က ဣန္ဒနီလာ မြကျောက်၊ စောင်းညှို့က ငွေကြိုး၊ စောင်းကြိုးရစ်ပတ်သည့် နေရာက သန္တာ၊ စောင်းတစ်ခုလုံးသည် ရတနာများနှင့် စီခြယ်ထားသည်။[၂]
စောင်းကြီး၏ စောင်းလက်ရုံးကို သုံးပုံပုံလိုက်လျှင် အထက်ပိုင်းကို ဆဇ္ဖ၊ အလယ်ပိုင်းကို မဇ္ဈ၊ အောက်ပိုင်းကို ဂန္ဓာရ ဟု ခေါ်သည်။
သံစဉ်
ပြင်ဆင်ရန်စောင်းကြီး၏ အခြေခံအသံ ခုနှစ်ပါး ရှိသည်။ အသံများကို နားလည်လွယ်အောင် လူ့လောကမှာ ရှိသော သတ္တဝါတို့၏ အသံနှင့် ခိုင်းနှိုင်း ဖော်ပြထားပေသည်။ ထိုအသံခုနှစ်မျိုးမှာ- နွားလားဥဿဘအသံ(နွားသိုးကြီးများ တွန်သံ)
- မြင်းဟီသံ
- ဥဒေါင်းတွန်သံ
- ဆိတ်မြည်သံ
- ကြိုးကြာကျူးသံ
- ဥဩတွန်သံ
- ဆင်ဟီသံ တို့ဖြစ်သည်။
လက်ပေါက်ကို တွက်စစ်လျှင်- နွားလားသံက သုံးပေါက်
မြင်းသံက ခြောက်ပေါက်
ဥဒေါင်းသံက ငါးပေါက်
ဆိတ်သံက နှစ်ပေါက်
ကြိုးကြာသံက ပုလဲ
ဥဩသံက လေးပေါက်
ဆင်သံက ညှင်းပေါက် တို့ဖြစ်သည်။ အခြေခံစောင်းသံက ခုနှစ်မျိုး၊ ထိုခုနှစ်မျိုးထည်းမှ တစ်သံ တစ်သံတွင် ခုနှစ်မျိုးစီဖြာပြီး ထွက်လာပြန်သောကြောင့် ၄၉-သံ ဖြစ်သည်။ ဤ၄၉-သံမှာ တီးရိုးတစ်သံ ထပ်ထည့်လျှင် တီးခြင်း ငါးဆယ်ဖြစ်လာသည်။ [၃]