မြန်မာစာတွင် ဗျည်းတခုခုကို ယ-သံ အဖြစ် ယပင့်၊ ရ-သံ အဖြစ် ရရစ်၊ ဝ-သံ အဖြစ် ဝဆွဲ၊ ဟ-သံ အဖြစ် ဟထိုး ပေါင်းစပ်တွဲထည့်ထားလျှင် ၎င်းတို့မှာ ဗျည်းတွဲများ ဖြစ်သွားသည်။ ဥပမာအားဖြင့် ပျ၊ မြ၊ တွ၊ နှ စသည့် အသံတို့သည် ဗျည်းတွဲအသံများ ဖြစ်သည်။