ဗျိုင်းဖြူ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု

ဗျိုင်းဖြူ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု သည် မြန်မာပြည်တွင်းစစ်အတွင်း၂၀၂၄ ခုနှစ် မေလနှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သော လူပေါင်း ၇၆ ဦး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံခဲ့ရသော စစ်တွေမြို့နယ် ဗျိုင်းဖြူရွာတွင် နှစ်ရက်ကြာ ဖြစ်ပွားခဲ့သော ဖြစ်ရပ်ဖြစ်သည်။

ဗျိုင်းဖြူ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု
မြန်မာပြည်တွင်းစစ် ၏ တစ်စိတ်တစ်ပိုင်း
ဗျိုင်းဖြူရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဗျိုင်းဖြူရွာ
ဗျိုင်းဖြူရွာ
ဗျိုင်းဖြူရွာ (မြန်မာနိုင်ငံ)
နေရာဗျိုင်းဖြူရွာ၊ ရခိုင်ပြည်နယ်
ရက်စွဲ၂၉-၃၁ မေ ၂၀၂၄
သေဆုံးသူဦးရေ၇၆
ဒဏ်ရာရဦးရေ
မသိရှိရ
ပြစ်မှုကျူးလွန်သူများ တပ်မတော်
ရိုဟင်ဂျာ စစ်သွေးကြွများ[]
ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA မှ ငြင်းဆို)[]
ပတ်သက်ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု သံသယရှိ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်း ပြီးနောက် ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွားခဲ့သည်။ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် အာရက္ခတပ်တော်မှ ရခိုင်ဒေသကို ထိုးစစ်ဆင်ခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအများစုကို သိမ်းပိုက်ဝင်ရောက်ခဲ့ကာ မြန်မာနိုင်ငံတွင် အထိရောက်ဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်လာခဲ့သည်။ ဗျိုင်းဖြူရွာသည် ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ အပြင်ဘက် အနီးနားရှိ ရွာတစ်ရွာဖြစ်သည်။ []

ဖြစ်စဉ်များ

ပြင်ဆင်ရန်

၂၀၂၄ ခုနှစ် မေလ ၂၉ ရက်နေ့ နေ့လယ်ပိုင်း အချိန်ခန့်တွင် မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင် ၁၇၀ ခန့်သည် ဗျိုင်းဖြူကျေးရွာသို့ ဝင်ရောက်၍ ရက္ခိုင့်တပ်မတော် နှင့် ပတ်သက်ကြောင်းသံသယရှိမှုကြောင့် ရွာသူရွာသား [] ၇၀ ကျော်အား တရားလက်လွတ် သတ်ဖြတ်ခဲ့သည် ။

ဗျိုင်းဖြူရွာသားများ၏ ပြောကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တပ်သားများသည် ဗျိုင်းဖြူရွာတွင် တစ်အိမ်တက်ဆင်းဖြင့် အိမ်ထောင်စု စာရင်းရှိ လူများကို စစ်ဆေးခဲ့သည်။ အချို့မှာ ရိုက်နှက်ခံခဲ့ရပြီး ရိုက်နှက်မှုကြောင့် လူသုံးဦး သေဆုံးခဲ့ကာ အခြားအမျိုးသားများကိုလည်း ခေါ်ဆောင်သွားခဲ့သည်။ ယင်းနောက် စစ်သားများက ရွာသူရွာသားများအား စုရုံးခိုင်းခဲ့သည်။ []

စစ်သားများက ရွာသားအားလုံးကို ရွာလယ်တွင် အတင်းအကြပ် စုစည်းနေခိုင်းစေကာ အမျိုးသားများကို အမျိုးသမီးများနှင့် ကလေးများနှင့် သီးခြား ခွဲထုတ်ခဲ့သည်။ အမျိုးသားများကို ထရပ်ကားဖြင့် ခေါ်ဆောင်သွားကာ နှိပ်စက်သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးအများအပြားကို စစ်သားများက မုဒိမ်းကျင့် ခဲ့သည်။ စစ်သားများသည် အမျိုးသမီးများနှင့် ကလေးများအား အစားအစာ၊ ရေနှင့် အမိုးအကာများကို နောက်နေ့အထိ မပေးဘဲ ထားရှိခဲ့သည်။ [] [] မျက်မြင်သက်သေများအရ လူတိုင်းအား နေပူထဲတွင် ထားရှိခဲ့ကာ စစ်သားများ၏ ဆီးကို သောက်ရန် အတင်းခိုင်းစေခဲ့သည်ဟု ဆိုသည်။ ရက္ခိုင့်တပ်မတော်ကို ထောက်ခံသော တက်တူးထိုးထားသည့် အမျိုးသားများ၏ အရေပြားကို ဖြတ်ပြီး မီးရှို့ခဲ့သည်။ စစ်တပ်က အိမ်ခြေ ၈၀ ကျော်နှင့် ရွာဘုန်းတော်ကြီးကျောင်းကို မီးရှို့ခဲ့ပြီး ကျန်ကျေးရွာသား ၁၀၀ ကျော်ကို စစ်ကြောမေးမြန်းရန် ခေါ်ဆောင်သွားခဲ့သည်။ [] နောက် ၃ ရက်အကြာတွင် အနီးနားရှိ မင်းကင်းတောရွာသစ်နှင့် မင်းကင်းတောရွာဟောင်းများကို စစ်အစိုးရစစ်သားများက မီးရှို့ဖျက်ဆီးခဲ့သည်။

ဇွန်လ ၇ ရက်နေ့တွင် စစ်အစိုးရက ဖမ်းဆီးခေါ်ဆောင်သွားသူ ၁၀၀ ကျော်အနက် ၄၇ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ နောက် ၄ ရက်အကြာတွင် စစ်ကြောမေးမြန်းမှုအတွင်း ၎င်းတို့ကို ညှဉ်းပန်းနှိပ်စက်သည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ပြန်ပေးဆွဲခံရသူ ၄၀ ကျော်ကို စစ်အစိုးရက ဖမ်းဆီးခဲ့သည်။ []

တုံ့ပြန်မှုများ

ပြင်ဆင်ရန်

အဆိုပါ သတ်ဖြတ်မှုတွင် စစ်အစိုးရ လိုလားသော ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) မှ ပါဝင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် က အခိုင်အမာ ဆိုသော်လည်း ALA က ငြင်းဆိုထားသည်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင်ပါဝင်ပတ်သက်နေသော တပ်မတော်နှင့် ALA စစ်သားအားလုံးကို အရေးယူရန် ရက္ခိုင့်တပ်တော်က တောင်းဆိုထားသည်။

စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီးဇော်မင်းထွန်းက သတ်ဖြတ်မှုများကို ငြင်းဆိုထားပြီး ရက္ခိုင့်တပ်တော်မှ သံသယရှိသူ ၃ ဦးကို စစ်ဆေးမေးမြန်းရန် ခေါ်ယူထားစဉ် အရာရှိတစ်ဦး၏ သေနတ်ကို လုယူရန် ကြိုးပမ်းခဲ့သည် ထိုလူ ၃ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ []