ဗျူဟာ[၁] (၁၉၈၄/၁၉၈၅ မွေးဖွား) သည် မြန်မာ ဟစ်ဟော့ အဆိုတော်တစ်ဦးဖြစ်ပြီး မြန်မာအစိုးရအား ပြစ်တင်ဝေဖန်ခြင်းကြောင့် ၂၀၂၃ ခုနှစ်တွင် ထောင်ဒဏ်ချမှတ်ခံထားရသူ ဖြစ်သည်။[၁][၂] ဗျူဟာကို မင်းအုတ်မြန်မာဟူ၍လည်း သိကြသည်။

ဗျူဟာအား ဘီဘီစီသတင်းဌာနက မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ဟစ်ဟော့အဆိုရှင်တစ်ဦးတွင် အပါအဝင် ဟု ရည်ညွှန်းသည်။ ဖမ်းဆီးထိန်းသိမ်းမခံရမီက ရန်ကုန်တွင် နေထိုင်ခဲ့သည်။ စစ်အစိုးရအား ဝေဖန်သည့် သီချင်းများရေးသားသီဆိုခဲ့ခြင်းကြောင့် စစ်ကောင်စီက သတိပေးခြင်း ခံခဲ့ရသည်။[၃] ၂၀၂၃ ခုနှစ် ဧပြီလတွင် စစ်ကောင်စီအား ဆန္ဒပြသည့်အနေဖြင့် သင်္ကြန်ပွဲတော်အား သပိတ်မှောက်ခြင်းကြောင့် ပြစ်တင်ရှုံ့ချခြင်း ခံခဲ့ရသည်။[၄]

၂၀၂၃ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ယင်းနေထိုင်ရာ မြို့နယ်အတွင် လျှပ်စစ်မီးမကြာမခဏ ပြတ်တောက်ခြင်းကြောင့် မင်းအောင်လှိုင်အား ပြစ်တင်ဝေဖန်မှုကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်တွင် တိုက်ရိုက်လွှင့်တင်ခဲ့သည်။ နာရီပိုင်းအကြာတွင် ဖမ်းဆီးခံခဲ့ရသညည်။[၂] ဗျူဟာ သေဆုံးပြီဟူ၍ သတင်းများလည်း ပေါ်ထွက်ခဲ့သည်။၏[၅] ဆူပူစေရန်လှုံ့ဆော်မှုဖြင့် တရားစွဲဆိုခံရကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ပြီး[၂] အစောပိုင်းတွင် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရသည်။[၄]

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရသည်။[၂]

ကိုးကား ပြင်ဆင်ရန်