ဗြိတိသျှပြတိုက်
ဗြိတိသျှပြတိုက်သည် လန်ဒန်မြို့တွင် တည်ရှိပြီး လူ့သမိုင်းနှင့် ယဉ်ကျေးမှု ပြတိုက်တခု ဖြစ်သည်။ ကမ္ဘာအရပ်ရပ်မှ စုဆောင်းသိမ်းဆည်းထားသည့် မှတ်တမ်းများ၊ ရုပ်ပုံများ အပါအဝင် ရှေးဟောင်း အနုပညာလက်ရာ ပစ္စည်းအရေအတွက်ပေါင်း ၇ သန်းခန့်ရှိပြီး သမိုင်းဦးခေတ်မှ မျက်မှောက်ခေတ်ကာလအထိ ဖြစ်ပျက်ခဲ့သည့် လူ့ယဉ်ကျေးမှု သမိုင်းအကြောင်းကို ကျယ်ကျယ်ပျံ့ပျံ့ မှော်ကွန်းတင် ပြသထားသည့် ကမ္ဘာ့အကြီးမားဆုံး စာရင်းဝင် ပြတိုက်တခုလည်းဖြစ်သည်။
ဗြိတိသျှပြတိုက် | |
---|---|
Location within central London | |
တည်ထောင်ခြင်း | ၁၇၅၃ |
တည်နေရာ | ဂရိတ်ရပ်ဆဲလ်လမ်း၊ လန်ဒန်မြို့၊ ![]() |
ကိုဩဒိနိတ် | 51°31′10″N 0°07′37″W / 51.519459°N 0.126931°W |
စုဆောင်းပစ္စည်း အရေအတွက် | ခန့်မှန်းခြေ ၈ သန်း[၁] |
လည်ပတ်သူများ | ၆,၇၀၁,၀၄၃ (၂၀၁၄)[၂]
|
Public transit access | လန်ဒန်မြေအောက်ရထား |
ဝက်ဘ်ဆိုဒ် | britishmuseum.org |
ဗြိတိသျှပြတိုက်ကို ဆာဘွဲ့ရ သမားတော်ကြီး ဟန်းစ်စလုံး (Sir Hans Sloane) စုဆောင်းခဲ့သည့် ရှေးဟောင်းပစ္စည်းများဖြင့် အခြေခံ၍ ၁၇၅၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၇၅၉ ခုနှစ် ဇန္နဝါရီလ ၁၅ ရက်နေ့တွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် လက်ရှိပြတိုက် အဆောက်အဦးတည်ရှိရာ ဘလွန်းစ်ဘာရီရှိ မွန်တေဂူဂေဟာတွင် ဖွင့်လှစ်ခဲ့သည်။ လွန်ခဲ့သည့် နှစ် ၂၅၀ အတွင်း တိုးချဲ့ဆောက်လုပ်မှုကြောင့် ဌာနခွဲများစွာ ရှိလာရသည်။ ၁၈၈၇ ခုနှစ်တွင် ပထမဦးဆုံး တောင်ဘက်ကန်ဆင်တန်ရှိ သဘာ၀သမိုင်းပြတိုက်အား တိုးချဲ့ခဲ့သည်။ ဗြိတိသျှပြတိုက်၏ စာဖတ်ခန်းကို ၁၉၉၇ ခုနှစ်တွင် လက်ရှိဗြိတိသျှစာကြည့်တိုက်ဖြင့် အစားထိုးပြီးချိန်တွင် ဗြိတိသျှပြတိုက်သည် ရှေးဟောင်းပစ္စည်းများနှင့် စာကြည့်တိုက်အား အဆောက်အဦးတခုတည်းတွင် ထားရှိသည့် ပြတိုက်တခု ဖြစ်လာသည်။
ဗြိတိသျှပြတိုက်သည် အစိုးရမဟုတ်သည့် ပြည်သူပိုင်ဌာနဖြစ်ပြီး လက်ရှိတွင် ဗြိတိန်နိုင်ငံ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ယူ ပံ့ပိုးထားသည်။ ဗြိတိန်ရှိ အခြားအမျိုးသားပြတိုက်များနှင့် အနုပညာပြခန်းများကဲ့သို့ ဗြိတိသျှပြတိုက်သို့ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်သည်။ သို့သော်လည်း အထူးပြပွဲတချို့အတွက် ဝင်ကြေးပေးရန်လိုသည်။ ၂၀၀၁ ခုနှစ်မှစ၍ ပြတိုက်၏ ညွှန်ကြားရေးမှူးမှာ မစ္စတာ နေးလ် မဂ္ဂရက်ဂါ (Neil MacGregor) ဖြစ်သည်။ ပြတိုက်ကို နေ့စဉ် နံနက် ၁၀း၀၀ မှ ညနေ ၅း၀၀ နာရီအထိ ဖွင့်လှစ်ထားသည်။[၃]
ပြခန်းများပြင်ဆင်
- Building
Main Staircase, Discobolus of Myron (the Discus-Thrower)
- Floor Plans
- Museum Galleries
ရှေးဟောင်းအီဂျစ်နှင့် ဆူဒန်
ရှေးဟောင်း အရှေ့တိုင်း(အနီး)
Room 10 - Khorsabad Palace Reliefs
Room 9 - Nineveh Palace Reliefs
Room 89 - Nimrud & Nineveh Palace Reliefs
ဂရိနှင့် ရောမခေတ်
Room 18 - Parthenon Freize
Room 84 - Towneley Sculptures
Room 19 - Athens, Erechtheion Sculptures from the Acropolis
- ပြပွဲများ
ပျောက်ဆုံးနေသော အင်ပါယာပြပွဲ (၂၀၀၅ အောက်တိုဘာ - ၂၀၀၆ ဇန္နဝါရီ)
Room 5 - The Persepolis Casts
Room 5 - The Cyrus Cylinder
ကိုးကားပြင်ဆင်
- ↑ Collection size။ British Museum။
- ↑ Mark Brown, arts correspondent။ The British Museum celebrates 255 years with record visitor numbers။ The Guardian။ 15 January 2014 တွင် ပြန်စစ်ပြီး။
- ↑ The British Museum in London (၂၀၂၃-၀၄-၂၂)။ ၂၀၂၃-၀၄-၂၀ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
ပြင်ပလင့်ခ်များပြင်ဆင်
- Wikimedia Commons ရှိ ဗြိတိသျှပြတိုက် နှင့်ပတ်သက်သော မီဒီယာများ
- တရားဝင်ဝက်ဘ်ဆိုဒ်
- 360° panoramas and images from 14 rooms in the British Museum
- The British Museum from The Survey of London
- British Museum elevation