ဗြိတိသျှရာဇ
ဗြိတိသျှရာဇ(အင်္ဂလိပ်: British Raj)သည် ၁၈၅၈ခုနှစ်မှ ၁၉၄၇ခုနှစ်အထိ တောင်အာရှနှင့် အရှေ့တောင်အာရှတွင် တည်ရှိခဲ့သော ဗြိတိန်နိုင်ငံ၏ ကိုလိုနီတစ်ခုဖြစ်သည်။ ဗြိတိသျှရာဇတွင် ယနေ့ခေတ် ပါကစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရ်ှ့နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပါဝင်ခဲ့သည်။
လက်ရှိမြန်မာနိုင်ငံဖြစ်လာမည့်နေရာသည် ၁၈၈၅ခုနှစ်နှင့် ၁၉၃၇ခုနှစ်အကြားတွင် ဗြိတိသျှရာဇ၏ ပြည်နယ်အဖြစ်သာ တည်ရှိခဲ့ပြီး ၁၉၃၇ခုနှစ်တွင်မှ ဗြိတိန်မှ မြန်မာနိုင်ငံဖြစ်လာမည့်နေရာကို ဗြိတိသျှရာဇမှ ခွဲထုတ်ကာ သီးသန့်ကိုလိုနီအဖြစ် ထားရှိခဲ့သည်။