ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေ
ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေ (British Indian Ocean Territory (BIOT) သို့မဟုတ် ချာဂိုးကျွန်းများ) သည် အိန္ဒိယသမုဒ္ဒရာတွင်းရှိ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ပင်လယ်ရပ်ခြားနယ်မြေတစ်ခု ဖြစ်သည်။ ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေတွင် ချာဂိုးကျွန်းစုရှိ သန္တာကျွန်း ၇ ခုအပါအဝင် ကျွန်းငယ်ပေါင်း တစ်ထောင်ကျော်ခန့် ပါဝင်ဖွဲ့စည်းထားသည်။ စုစုပေါင်းကုန်းမြေဧရိယာမှာ ၆၀ စတုရန်းကီလိုမီတာ (၂၃ စတုရန်းမိုင်) ခန့်ရှိသည်။[၃]
ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေ British Indian Ocean Territory | |||||
---|---|---|---|---|---|
| |||||
ဆောင်ပုဒ်: "In tutela nostra Limuria" (လက်တင်) "Limuria is in our charge" | |||||
နိုင်ငံတော် သီချင်း: God Save the Queen | |||||
![]() | |||||
မြို့တော် | ဒီယေဂိုဂါစီယာ | ||||
ရုံးသုံး ဘာသာစကားများ | အင်္ဂလိပ် | ||||
လူမျိုးစု | ဗြိတိန် / အမေရိကန် ၉၅.၈၈% ၊ အခြား ၄.၁၂% | ||||
အမျိုးအစား | ဗြိတိသျှ ပင်လယ်ရပ်ခြား နယ်မြေ | ||||
အစိုးရ | |||||
• သက်ဦးဆံပိုင်ဘုရင် | အယ်လီဇဘက် ဒုတိယ | ||||
• Commissioner | Peter Hayes | ||||
• Administrator | Tom Moody | ||||
ဧရိယာ | |||||
• စုစုပေါင်း | ၅၄,၄၀၀ စတုရန်းကီလိုမီတာ[၁] | ||||
• ရေထု (%) | ၉၉.၈၉ | ||||
လူဦးရေ | |||||
• ခန့်မှန်း | ၃,၀၀၀[၂] | ||||
• သိပ်သည်းမှု | ၅၈.၃/km2 | ||||
ငွေကြေး | US$, UK£ | ||||
အချိန်ဇုန် | +6 | ||||
တယ်လီဖုန်းကုဒ် | +246 |
အကြီးဆုံးနှင့် တောင်ဖက်အကျဆုံးကျွန်းမှာ ဒီယေဂိုဂါစီယာ ဖြစ်ကာ ၄၄ စတုရန်းကီလိုမီတာ (၁၇ စတုရန်းမိုင်) ကျယ်ဝန်းပြီး အမေရိကန်ပြည်ထောင်စုနှင့် ယူနိုက်တက်ကင်းဒမ်းတို့၏ တွဲဖက် စစ်အခြေစိုက်စခန်းတစ်ခုဖြစ်သည်။ ထိုကျွန်းမှာ ပုံမှန်ခရီးသွားများ၊ သတင်းသမားများနှင့် ယခင်ကနေထိုင်ခဲ့သူများကို ဝင်ခွင့်ကန့်သတ်ထားသော ကျွန်းဖြစ်သည်။
ကိုးကားပြင်ဆင်
ပြင်ပလင့်ခ်များပြင်ဆင်
Wikimedia Commons တွင် British Indian Ocean Territory နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |