ဗွီးလ်ဖရက်ဒို ပါရိတို
ဗွီးလ်ဖရက်ဒို ပါရိတိုသည် အီတလီလူမျိုး ဗဟုသုတနှံ့စပ်သော ဘက်စုံပညာရှင်တစ်ဦးဖြစ်ပြီး၊ လူမှုဗေဒ၊ မြို့ပြအင်ဂျင်နီယာ၊ စီးပွားရေး၊ နိုင်ငံရေးသိပ္ပံနှင့် ဒဿနိကဗေဒတို့တွင် စိတ်ပါဝင်စားစွာ လေ့လာပါ၀င်ဖြည့်ဆည်းခဲ့သူ တစ်ဦးဖြစ်သည်။ သူ့ကို ၁၈၄၈ ဇူလိုင် ၁၅ ရက်တွင် မွေးဖွားပြီး၊ ၁၉၂၃ ဩဂုတ် ၁၉ ရက်တွင် ကွယ်လွန်ခဲ့သည်။[၃] ဘောဂဗေဒပညာနယ်ပယ်တွင် အထူးသဖြင့် ဝင်ငွေခွဲဝေမှုကို လေ့လာခြင်းနှင့် လူတစ်ဦးချင်းစီ၏ ရွေးချယ်မှုများကို ခွဲခြမ်းစိတ်ဖြာခြင်းတွင် အရေးကြီးသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ပြီး လိုဇန်းဘောဂဗေဒကျောင်း(Lausanne School of Economics) ၏ အဓိက သြဇာလွှမ်းမိုးမှုရှိသော ပညာရှင်များထဲမှ တစ်ဦးဖြစ်သည်။
ဗွီးလ်ဖရက်ဒို ပါရိတို | |
---|---|
၁၈၇၀ပြည့်လွန်နှစ်များတွင် တွေ့ရသော ပါရိတို | |
မွေးဖွား | Wilfried Fritz Pareto ၁၅ ဇူလိုင်၊ ၁၈၄၈ ပါရီမြို့, ပြင်သစ်နိုင်ငံ |
ကွယ်လွန် | ၁၉ ဩဂုတ်၊ ၁၉၂၃ ဆယ်လီနီ(Céligny), ဆွစ်ဇာလန်နိုင်ငံ | (အသက် ၇၅)
နိုင်ငံလူမျိုး | အီတလီလူမျိုး |
ပညာရေးနှင့်သုတေသနဆိုင်ရာပါဝင်မှုများ | |
Field | |
Institutions | လိုဇန်းတက္ကသိုလ်(University of Lausanne) |
School or tradition |
|
Alma mater | တူရင်နည်းပညာစုံသင်တက္ကသိုလ်(Polytechnic University of Turin) |
သူသည် ပါရိတို ထိရောက်မှုသဘောတရား(Pareto efficiency) ကို တီထွင်ဖန်တီးခဲ့ပြီး မိုက်ခရိုဘောဂဗေဒနယ်ပယ်ကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးခဲ့သည်။ နိုင်ငံသားတို့၏ ၀င်ငွေရရှိမှု ပုံစံသည် ပါရိတို ပျံ့နှံ့မှုပုံစံ(Pareto distribution) အတိုင်း ဖြစ်ပေါ်သည်ဟု ပထမဆုံး အခိုင်အမာ ပြောဆိုခဲ့သူလည်းဖြစ်သည်။ ပါရိတို နိယာမ(Pareto principle)သည် သူ့အားဂုဏ်ပြု အမည်ပေးထားခြင်းဖြစ်ပြီး အီတလီရှိ ချမ်းသာကြွယ်ဝမှု၏ ၈၀% သည် အီတလီတစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၂၀%၏ လက်ထဲတွင် ရှိသည်ဟူသော သူ၏ လေ့လာတွေ့ရှိချက်အပေါ် အခြေခံ တည်ဆောက်ထားခြင်း ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Robert A. Nye (1977)။ The Anti-Democratic Sources of Elite Theory: Pareto, Mosca, Michels။ Sage။ p. 22။
- ↑ J. J. Chambliss, ed. (2013)။ Philosophy of Education: An Encyclopedia။ Routledge။ p. 179။
- ↑ Boccara၊ Nino (9 စက်တင်ဘာ 2010)။ Modeling Complex Systems (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Springer Science & Business Media။ p. 372။ ISBN 978-1-4419-6562-2။