ဘဂျီး ရောင်ဝ် ၁
ဝိသဇိ[၁] အဖြစ် မွေးလာပြီး ဘဂျီးရောင်ဝ် ဘလ်လာလ်[၂] ဟုလည်း သိကြသည့် ဘဂျီး ရောင်ဝ် ၁ (ဩဂုတ် ၁၈၊ ၁၇၀၀ - ဧပြီ ၂၈ ၁၇၄၀) သည် မာရထာ အင်ပါယာ၏ သတ္တမမြောက် ပေ့ရှ်ဝါ (ဝန်ကြီးချုပ်) ဖြစ်သည်။ အငြင်းပွားစရာ အကြောင်းအရာ[၃][၁] တစ်ခုဖြစ်သော သူ၏ မွတ်ဆလင်အမျိုးသမီးနှင့် ဆက်ဆံရေးကို အိန္ဒိယ ဝတ္ထုများ နှင့် ရုပ်ရှင်တွင် ဆီလျော်အောင် ထည့်သွင်းဖော်ပြကြသည်။[၄][၅][၆]
ရှရီမန့်တ် ပေ့ရှ်ဝါ ဘဂျီး ရောင်ဝ် ၁ | |
---|---|
မာရထာအင်ပါယာ၏ သတ္တမမြောက်ဝန်ကြီးချုပ် | |
ဘဂျီး ရောင်ဝ် ၁ ၏ ပုံ၊ ပန်းချီဆရာတစ်ဦး၏ ပုံဖော်ချက်၊ ၁၈ ရာစု၊ မူဂယ်လ်လက်ရာ | |
နန်းသက် | ၁၇ ဧပြီ ၁၇၂၀ - ၂၈ ဧပြီ ၁၇၄၀ |
နန်းတက်ချိန် | ၁၇ ဧပြီ ၁၇၂၀ |
ရှေ့မင်းဆက် | ဘာလာဂျီး ဗိရှ်ဝါနသ် |
နောက်မင်းဆက် | ဘာလာဂျီး ဘဂျီး ရောင်ဝ် |
မွေးဖွား | ၁၈ ဩဂုတ် ၁၇၀၀ ဒုဘေရေ၊ ဆင်းနာ၊ မာရထာအင်ပါယာ |
ကွယ်လွန် | ၂၈ ဧပြီ ၁၇၄၀ (၃၉ နှစ်) ရဗေရ်ခေဒီ၊ မာရထာအင်ပါယာ |
သားသမီးများ | ဘာလာဂျီး ဘဂျီး ရောင်ဝ် ရာဂူနသ် ရောင်ဝ် ဂျနာ့ဓန် ရောင်ဝ် ရှမ်ရှား ဗဟာဒူး ၁ |
စံအိမ် | ဘတ်မိသားစု |
မင်းဆက် | မာရထာအင်ပါယာ |
ခမည်းတော် | ဘာလာဂျီး ဗိရှ်ဝါနသ် |
မယ်တော် | ရာဓါဘိုင် ဘာရ်ဗေ |
မာရထာအင်ပါယာ သမိုင်းတွင် ရှီဗာဂျီး ပြီးလျှင် ဘဂျီး ရောင်ဝ်သည် အမွမ်းအတင်ခံရဆုံးသောပုဂ္ဂိုလ် ဖြစ်သည်။ သူ၏ အောင်မြင်မှုများမှာ အိန္ဒိယတောင်ပိုင်းတွင် မာရထာတို့ အသာစီးရအောင် ကြိုးပမ်းခြင်း နှင့် အိန္ဒိယမြောက်ပိုင်းတွင် မာရထာတို့ နိုင်ငံရေးအရ လွှမ်းမိုနိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ သူ၏ ဝန်ကြီးချုပ်အဖြစ် ထမ်းရွက်ခဲ့သည့် အနှစ် ၂၀ ကာလအတွင်း ပါးလ်ခေဒ် တိုက်ပွဲတွင် နီဇမ်း-ဥလ်-မုလ်ခ်ကို နှိမ်နှင်းခြင်း၊ ဂျန်ဂျီရာဒေသရှိ ဆစ်ဒီစ်တို့ထံမှ ကွန်းကန်ဒေသကို မော်လ်ဝါ၊ ဘွန်ဒဲလ်ခန် နှင့် ဂူဂျရတ်ဒေသတို့နှင့် လဲလှယ်စေခြင်းအားဖြင့် ထိုဒေသများအပေါ် မာရထာအင်အား ဖြန့်ကျက်ခြင်း နှင့် ပေါ်တူဂီတို့၏ လက်အောက်မှ အနောက်အိန္ဒိယ ကမ်းရိုးတန်းဒေသကို လွတ်မြောက်စေခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Chhabra, G. S. (2005) [1971]. Advanced Study in the History of Modern India (Volume 1: 1707–1813) (Revised ed.). Lotus Press. p. 19. ISBN 978-81-89093-06-8.
- ↑ Gokhale, Sandhya (2008). The Chitpavans: social ascendancy of a creative minority in Maharashtra, 1818–1918. Shubhi. p. 82. ISBN 978-81-8290-132-2.
- ↑ Mehta, Jaswant Lal (2005). Advanced Study in the History of Modern India: 1707 – 1813. New Delhi: New Dawn Press. p. 97,215. ISBN 9781932705546.
The reputation of the young Peshwa as a brilliant military general soared very high...","They objected to the marriage of Baji Rao with Mastani...
- ↑ "Peshwa Bajirao Review: Anuja Sathe shines as Radhabai in the period drama", India Today, 25 January 2017
- ↑ Jha, Subhash K (19 October 2015). "Bajirao Mastani review: This gloriously epic Priyanka, Deepika and Ranveer-starrer is the best film of 2015". Firstpost. Retrieved 19 October2015.
- ↑ Inamdar, N. S. (20 October 2016). Rau – The Great Love Story of Bajirao Mastani. Pan Macmillan. ISBN 978-1-5098-5227-7.