ကာဘုရှိကိဂိုင်းရှ တမစု (株式会社タマス ( Kabushiki-gaisha Tamasu?))သည် စားပွဲတင်တင်းနစ်သုံး အားကစားပစ္စည်းများနှင့် အဝတ်အစားများကို ထုတ်လုပ်ရောင်းချဖြန့်ဖြူးသော ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။[၂] ၎င်း၏ ကုန်အမှတ်တံဆိပ်မှာ ဘတ်တာဖလိုင်း (Butterfly)ဖြစ်ပြီး၊ ဂျပန်နိုင်ငံတွင် အခြေစိုက်သည်။ ဂျာမနီနိုင်ငံ မာ့စ်မြို့ (Moers)တွင် ဥရောပတမစုဘတ်တာဖလိုင်း (Tamasu Butterfly Europe)ဟူ၍ ရုံးခွဲဖွင့်ထားသည်။ ရှန်ဟိုင်းမြို့တွင်လည်း တရုတ်တမစုဘတ်တာဖလိုင်း (Tamasu Butterfly China)ဟူ၍ ရုံးခွဲဖွင့်ထားသည်။ ဆိုးလ်မြို့တွင်လည်း ကိုရီးယားတမစုဘတ်တာဖလိုင်း (Tamasu Butterfly Korea)ဟူ၍ ရုံးခွဲဖွင့်ထားသည်။ ဤကုမ္ပဏီကို ၁၉၅၀-ခုနှစ်တွင် ထိုအချိန်က စားပွဲတင်တင်းနစ် ကစားသမားတစ်ယောက်ဖြစ်သော ဟိကိုစုကဲ တမစု (Hikosuke Tamasu)[၃]မှ ဂျပန်နိုင်ငံယာနိုင်းမြို့ (Yanai)တွင် တည်ထောင်ခဲ့သည်။[၄]

ကာဘုရှိကိဂိုင်းရှ တမစု(Tamasu Co., Ltd.)
အမျိုးအစားအများနှင့်ဆိုင်သော အစုအားဖြင့်တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီ(KK in Japan)
လုပ်ငန်းအားကစားပစ္စည်း
တည်ထောင်သည့်နှစ်ဒီဇင်ဘာ ၁၉၊ ၁၉၅၀; ၇၃ နှစ် အကြာက (၁၉၅၀-၁၂-19)
ဌာနချုပ်ဂျပန်နိုင်ငံတိုကျိုမြို့၊ဆုဂိနမိ-ကု(Suginami)
ဝန်ဆောင်မှု ဧရိယာတစ်ကမ္ဘာလုံး
အရေးပါ ပုဂ္ဂိုလ်များShunsaku Yamada
ထုတ်ကုန်ပစ္စည်း
ဝက်ဘ်ဆိုက်www.butterfly.co.jp
ကိုးကား [၁]

ကိုးကား ပြင်ဆင်ရန်

  1. Company Profile။ Tamasu။ January 12, 2019 တွင် ပြန်စစ်ပြီး။
  2. Saslow၊ Eli။ "Youth Is Serving - Table Tennis Prodigy Paddles Toward U.S. Olympic Team"၊ Washington Post၊ January 12, 2008။ 
  3. Marshall၊ Ian။ "Associating With Youth"၊ International Table Tennis News၊ December 16, 2003။ 
  4. Company ProfileBloomberg L.P.။ January 12, 2019 တွင် ပြန်စစ်ပြီး။