ဘန့်ဘွေးကျင်းရေတံခွန် သည် ရှမ်းပြည်နယ်နောင်ချိုမြို့နယ်ဘန့်ဘွေးကျေးရွာအုပ်စုတွင် တည်ရှိသည့် ရေတံခွန်တစ်ခု ဖြစ်သည်။ ဤရေတံခွန်ကို ရှမ်းဘာသာဖြင့် "နမ့်တန်းရေတံခွန်" ဟုလည်း ခေါ်ဆိုကြသည်။[၁][၂][၃][၄]

ဘန့်ဘွေးကျင်းရေတံခွန်
တည်နေရာဘန့်ဘွေးကျေးရွာအုပ်စုနောင်ချိုမြို့နယ်ရှမ်းပြည်နယ်
ကိုဩဒိနိတ်22°24′27″N 96°23′00″E / 22.4076262°N 96.3832109°E / 22.4076262; 96.3832109ကိုဩဒိနိတ်: 22°24′27″N 96°23′00″E / 22.4076262°N 96.3832109°E / 22.4076262; 96.3832109
စုစုပေါင်း အမြင့်၅၅၀ ပေ

ဘန့်ဘွေးကျင်းရေတံခွန် သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၄၈၆ ပေတွင် တည်ရှိပြီး ရေတံခွန်အမြင့်သည် ၅၅၀ ပေ ရှိသည်။

နောင်ချိုမြို့နယ် ကိုင်းကြီးကြိုးဝိုင်းအတွင်း၊ ဆည်တော်ကြီးရေပြင်အနီး တောင်ကမ်းပါးယံထက်မှ သဘာဝအတိုင်း စီးဆင်းကျနေသည့် ရေတံခွန်ကြီးတစ်စင်း ဖြစ်သည်။ ဒေသအခေါ် ရှမ်းဘာသာ စကားဖြင့် နမ့်တန်း ရေတံခွန်ဟုခေါ်ဆိုသည်။ မောင်နှံခုနစ်ဖော်ရေတံခွန် ဟုလည်း ခေါ်ဆိုပြီး ဘန့်ဘွေးချင်း ရေတံခွန်ဟုလည်း လူသိများသည်။

ပြင်ဦးလွင်နှင့် မိုင် ၃၀ ခန့် ကွာဝေးပြီး ဆည်တော်ကြီး အရှေ့ဖက် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် ဘန့်ဘွေးကျင်း ကျေးရွာ ကိုင်းကြီး သစ်တောကြိုးဝိုင်းအတွင်း တည်ရှိသည်။ နောင်ချိုမြို့နယ် နမ့်ပါ့မွန် ချောင်းမှ စီးဆင်းလာသည့်ရေများသည် ဘန့်ဘွေးကျင်းရွာအနီးမှာ ရေတံခွန်ကြီးဖြစ်တည်နေခြင်းဖြစ်သည်။ ရေတံခွန်မှ ကျဆင်းသောရေများသည် ဆည်တော်ကြီး အတွင်းသို့စီးဝင်သည်။

မြောက်လတ္တီကျူ့ 22° 24´ 29″ ? အရှေ့လောင်ဂျီကျူ့ 96° 22´ 48″ တွင်တည်ရှိသည်။ ရေတံခွန်စတင်စီးဆင်းသော ထိပ်ဆုံးအမြင့်ပေသည် ပင်လယ်ရေ မျက်နှာ ပြင်အထက် ၂၄၈၆ ပေ ဖြစ်သည်။ ရေတံခွန်ထိပ်ပိုင်းရဲ့ ရေစီးကြောင်းသည် ရေပြင်ညီအတိုင်းစီးဆင်းရာမှ ၉၀° မျဉ်းမတ်ဖြင့် တစ်ရှိန်ထိုး တစ်ဖြောင့်ထဲ ပေ ၅၅၀ ခန့် ထိုးဆင်းပြီး တစ်နေရာအရောက်မှာ အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲသွားသည်။

ထိုနေရာမှ တစ်ဆင့်ပြီး တစ်ဆင့် နိမ့်ဆင်းသွားပြီး ရေတံခွန်အဆင့် ၇၀ နီးပါးလောက်အထိဖျာဆင်းသည်။

ပြင်ဦးလွင်မြို့နယ် မိုးကြိုးပြစ်ကျေးရွာမှ တစ်ဆင့် လမ်း ခွဲသွားပြီး ပြင်ဦးလွင်~မိုးကုတ် လမ်းပိုင်း ၂၃ မိုင် ၅ ဖာလုံ မှ တစ်ဆင့် လွယ်လိတ်ရွာ သို့ ဝင်သွားရသည်။ လွယ်လိတ်ရွာ မှ တစ်ဆင့် ၃ မိုင် ၅ ဖာလုံ အကွာမှာ သပြေဒိုးရွာ၊ ထိုမှတစ်ဆင့် ၂ မိုင်အကွာတွင် မင်းလှရေအားလျှပ် စစ်စီမံကိန်း သို့ရောက်ရှိသည်။ ရေအားလျှပ်စစ်စီမံကိန်းမှ အနောက်မြောက်ဖက် ၁ မိုင်ခွဲ အကွာ တွင် ရေတံခွန်တည်ရှိသည်။


ကိုးကား ပြင်ဆင်ရန်