ဘရက်ဒ် ဒေါက်ဂ်လပ်စ် ပေးဇ်လီ (အင်္ဂလိပ်: Brad Douglas Paisley) (မွေးဖွား : ၁၉၇၂-အောက်တိုဘာ-၂၈) သည် အမေရိကန် ကန်းထရီးဂီတ အဆိုတော်တစ်ဦးဖြစ်သည်။ ၎င်း၏ ၁၉၉၉-ပွဲဦးထွက်အခွေ Who Needs Pictures မှစတင်ကာ စတူဒီယိုအခွေ (၁၁)ခွေနှင့် ခရစ်စမတ်သီချင်းခွေ Arista Nashville (လူစုံ) တို့ထွက်ရှိထားပြီးဖြစ်သည်။ ၎င်း၏တေးအယ်လ်ဘမ်များအားလုံးကို အမေရိက တေးသံသွင်းလုပ်ငန်းအဖွဲ့မှ ရွှေအဆင့် (သို့) ရွှေအဆင့်အထက် သတ်မှတ်ထား၏ ။[၁] အမေရိကန် ဘီလ်ဘော့ဒ်ဇယားတွင် ထိပ်တန်းသီချင်း (၁၀)ပုဒ်ထဲသို့ ၎င်း၏ သီချင်း (၃၂)ပါဝင်ခဲ့သည်။ (၁၉)ပုဒ်မှာ အဆင့်(၁) ရောက်ရှိခဲ့သည်။ ၂၀၀၉၌ ထိုဇယား၏ နံပါတ်(၁)နေရာကို အများဆုံးဆက်တိုက်ရောက်ရှိခဲ့သော (၁၀ကြိမ်) စံချိန်သစ်တစ်ရပ်လည်း ပိုင်ဆိုင်ထားသည်။

ဘရက်ဒ် ပေးဇ်လီ
အိမ်ဖြူတော်တွင် ဖျော်ဖြေနေသော ပေးဇ်လီ၊ ၂၀၀၉။
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းဘရက်ဒ် ဒေါက်ဂ်လပ်စ် ပေးဇ်လီ
မွေးဖွား (1972-10-28) အောက်တိုဘာ ၂၈၊ ၁၉၇၂ (အသက် ၅၁)
အမေရိကန်ပြည်ထောင်စုအနောက် ဗာဂျီးနီးယားပြည်နယ်၊ ဂလန်းဒေးလ်မြို့
ဂီတဟန်ကန်းထရီး
အလုပ်အကိုင်
  • အဆိုတော်
  • တေးရေးဆရာ
တူရိယာ
တက်ကြွသည့်နှစ်များ၁၉၉၈ – လက်ရှိ
တေးသံသွင်း ကုမ္ပဏီArista Nashville

ပေးဇ်လီသည် တေးအယ်လ်ဘမ် (၁၁)သန်းကျော်ရောင်းချခဲ့ရ၍ ဂရမ်မီဆု (၃)ဆု၊ ကန်းထရီးဂီတအကယ်ဒမီဆု (၁၄)ဆု၊ ကန်းထရီးဂီတအဖွဲ့ဆု (၁၄)ဆု၊ အမေရိကန်ဂီတဆု (၂)ဆု ကိုပိုင်ဆိုင်ထားသည်။ Grand Ole Opry ၏အဖွဲ့ဝင် တစ်ဦးဖြစ်၍ ကန်းထရီးဂီတ၏ ထိပ်တန်းအောင်မြင်မှုဆုကိုလည်း ပိုင်ဆိုင်ထားသည်။[၂] ပစ်ခ်ဇာ ကုမ္ပဏီ၏ ကာတွန်းရုပ်ကြွ "ကား" ဇာတ်ကားအတွက် သီချင်းများကို ရေးသားခဲ့သည်။ အဆိုပါသီချင်းများမှာ ("Behind the Clouds", "Find Yourself", "Collision of Worlds" (ရော်ဘီ ဝီလျမ်စ် နှင့်တွဲဖက်), "Nobody's Fool", အစရှိသည်တို့ဖြစ်၏ ။

ကိုးကား ပြင်ဆင်ရန်

  1. [၁] Archived December 12, 2013, at the Wayback Machine.
  2. Brad Paisley Biography။ The Ellen DeGeneres Show။ 27 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 March 2020 တွင် ပြန်စစ်ပြီး။