ဘရောက်ဆာ စစ်ပွဲ သည် ဝဘ်ဘရောက်ဆာ များအသုံးပြုသည့် ဝေစုကို လွှမ်းမိုးချုပ်ကိုင်ရန် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။ မိမိတို့၏ ဝဘ်ဘရောက်ဆာကို လူများပိုမိုအသုံးပြုရန် တစ်ဖက်နှင့်တစ်ဖက် အပြိုင်အဆိုင် ကြိုးပမ်းကြခြင်းဖြစ်သည်။ ပထမဆုံး Browser War မှာ ၁၉၉၀ နောက်ပိုင်းကာလအတွင်း ယှဉ်ပြိုင်ခဲ့သည့် မိုက်ခရိုဆော့ဖ် ၏ Internet Explorer နှင့် Netscape ၏ Navigator တို့ ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။ Browser wars ကြောင့် ၂၀၀၃ ခုနှစ်ကတည်းက Internet Explorer ၏ ဈေးကွက်ဝေစု ကျဆင်းခဲ့သည်။ Mozilla Firefox, Google Chrome, Safari နှင့် Opera အစရှိသော ဘရောက်ဆာများသည် လူသိများလာခဲ့သည်။

Microsoft Edge] မထွက်ခင် ၂၀၁၅ အရ လူသုံးအများဆုံး နိုင်ငံအလိုက် ဝဘ်ဘရောက်ဆာများ[၁]
  Safari
  Iron
  Opera
  No info
A timeline of web browsers


မကြာသေးမီနှစ်များက HTML5, CSS 3 နှင့် client-side scripting to World Wide Web တို့ကို မိတ်ဆက်ပေးခဲ့သည်။ စမတ်ဖုန်းများနှင့် အခြားသော မိုဘိုင်းကိရိယာများကို ကျယ်ပြန့်စွာ အသုံးပြုလာကြသည်။ ၎င်း ကိရိယာများတွက် ဝဘ်စာမျက်နှာများကို ကြည့်ရှုရန် ဘရောက်ဆာများကို ထည့်သွင်းလာကြသည့်အတွက် ဘရောက်ဆာတိုက်ပွဲ ကိုဆက်လက် ရှင်သန်စေခဲ့သည်။ ဘရောက်ဆာထုတ်လုပ်သူများအကြားတွင် HTML5 video နှင့် audio elements များ အသုံးပြုခြင်းနှင့် ပတ်သက်သည့် format war တစ်ခုလည်း ဖြစ်ပေါ်ခဲ့သည်။

နောက်ခံသမိုင်း ပြင်ဆင်ရန်

 
Usage share as of Q2 2009 by percent of layout engines/web browsers

World Wide Web သည် အင်တာနက်ပေါ်တွင် အခြေခံထားသော hypertext စနစ် တစ်ခုဖြစ်သည်။ Tim Berners-Lee က ၁၉၈၀ နောက်ပိုင်း နှင့် ၁၉၉၀ အစောပိုင်းတွင် တီထွင်ခဲ့သည်။ Tim Berners-Lee သည် ပထမဆုံး ဘရောက်ဆာ (browser) WorldWideWeb ကို ရေးသားဖန်တီးခဲ့သည်။ နောက်ပိုင်းတွင် NeXTstep ဟု အမည်ပြောင်းလဲခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် NeXTstep platform အတွက် ထုတ်ဝေခဲ့သည်။


၁၉၉၂ ကုန်ခါနီးတွင် အခြားသော ဘရောက်ဆာများလည်း ပေါ်ထွက်လာကြသည်။ ၎င်းတို့မှ အများစုမှာ libwww library ပေါ်တွင် အ ခြေခံထားကြသည်။ ထို ဘရောက်ဆာများတွင် Unix ဘရောက်ဆာများဖြစ်ကြသည့် Line Mode Browser, ViolaWWW, Erwise, နှင့် MidasWWW၊ Mac browser များဖြစ်ကြသည့် MacWWW/Samba တို့ပါဝင်သည်။ ထို browser များသည် ရိုးရိုး HTML viewers ဖြစ်ကြသော်လည်း ပြင်ပ applications များ၏ အကူအညီဖြင့် multimedia content များကို ကြည့်ရှုရန် မှီခိုနေရသည်။ အသုံးပြုသူများကို ဘရောက်ဆာများ နှင့် platforms နှစ်ခုစလုံးကိုပါ ရွေးချယ်ခွင့်ပေးထားသည်။

Mosaic စစ်ပွဲများ ပြင်ဆင်ရန်

Cello, Arena, Lynx, tkWWW နှင့် Mosaic အစရှိသော browser များသည် ၁၉၉၃ ခုနှစ်တွင် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့အထဲမှ National Center for Supercomputing Applications (NCSA) မှ ထုတ်လုပ်သော multiplatform browser တစ်ခုဖြစ်သည့် Mosaic သည် အလွှမ်းမိုးထားနိုင်ဆုံး ဘရောက်ဆာ ဖြစ်သည်။ ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလတွင် Gary Wolfe of Wired အရ Mosaic သည် world's standard interface တစ်ခုဖြစ်လာခဲ့သည်။ [၂]

ကုမ္ပဏီအမြောက်အမြားသည် သူတို့၏ ကိုယ်ပိုင်စီးပွားရေးနှင့်သက်ဆိုင်သော AirMosaic နှင့် Spyglass Mosaic ကဲ့သို့သော browser များ ကို ဖန်တီးရန် Mosaic ကို လိုင်စင်ထုတ်ပေးခဲ့သည်။ Mosaic ဖန်တီးသူတစ်ဦးဖြစ်သည့် Andreessen သည် Mosaic Communications Corporation ကိုတည်ထောင်ခဲ့ပြီး web browser အသစ်တစ်ခုကို ဖန်တီးခဲ့သည်။ ၎င်း ဘရောက်ဆာကို Mosaic Netscape ဟုအမည်ပေးခဲ့သည်။

Mosaic မထွက်ပေါ်လာမီနှင့် ထွက်ပေါ်လာပြီး နောက်ပိုင်းတို့တွင် အင်တာနက်၏ အသက်နှစ်ခု ရှိခဲ့သည်။ Tim Berners-Lee ၏ Web protocols သည် ဆက်သွယ်နိုင်မှု (connectivity) နှင့် Marc Andreesen ၏ ဘရောက်ဆာသည် ကောင်းမွန်သော အသွင်အပြင် (great interface) တို့ကို ထောက်ပံ့နိုင်ကြောင်း နှစ်ခုပေါင်း၍ သက်သေပြခဲ့သည်။ ၂၄ လအတွင်းတွင် ဝဘ်ကို မသိသူရှိနေရာမှ နေရာတကာတွင် မသိသူမရှိသလောက် ဖြစ်သွားသည်။ [၃]

NCSA နှင့်ပတ်သက်သော တရားဥပဒေဆိုင်ရာ ကိစ္စများကို ဖြေရှင်းရန် ကုမ္ပဏီ၏ အမည်ကို Netscape Communications Corporation နှင့် ဘရောက်ဆာကို Netscape Navigator ဟု အမည်ပေးခဲ့သည်။ Netscape ဘရောက်ဆာသည် Mosaic ဘရောက်ဆာ၏ အသုံးဝင်မှု၊ စိတ်ချယုံကြည်ရမှု စသည့်အချက်များပေါ်တွင် အခြေခံကာ ကောင်းမွန်တိုးတက်အောင် မွမ်းမံခဲ့သည်။ အလုပ်လုပ်ဆောင်ပြီးသော စာမျက်နှာများကို ပြသနိုင်စွမ်းလည်း ရှိသည်။ ၁၉၉၅ ခုနှစ်တွင် ၎င်းသည် စီးပွားရေးအတွက် အသုံးပြုရန်မဟုတ်သည့် ကိစ္စများအတွက် အခမဲ့ဖြစ်သည်ဆိုသောအချက်သည် World Wide Web ပေါ်ထွက်လာမှုကို လွှမ်းမိုးနိုင်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် IBM Web Explorer, Navipress,SlipKnot, MacWeb, နှင့် Browse စသော ဘရောက်ဆာများ ပေါ်ထွက်လာခဲ့သည်။ [၄]

၁၉၉၅ ခုနှစ်တွင် Netscape ဘရောက်ဆာသည် OmniWeb, WebRouser, UdiWWW နှင့် Microsoft's Internet Explorer 1.0 တို့၏ ပြိုင်ဆိုင်မှုအသစ်တစ်ခုကို ရင်ဆိုင်ခဲ့ရသည်။ သို့သော် ဈေးကွက်ကို ဆက်လက်ဦးဆောင်ထားနိုင်ခဲ့သည်။

ပထမ ဘရောက်ဆာစစ်ပွဲ ပြင်ဆင်ရန်

 
၁၉၉၅ နှင့် ၂၀၁၀ ကြား ဘရောက်ဆာများ၏ ဈေးကွက်ဝေစု။ Firefox was originally named "Phoenix", a name which implied that it would rise like a Phoenix after Netscape Navigator was killed off by Microsoft.

၁၉၉၅ ခုနှစ်အလယ်တွင် World Wide Web သည် ဆက်သွယ်ရေးကဏ္ဍများနှင့် ထင်ရှားသောယဉ်ကျေးမှု (popular culture) တို့တွင် ဂရုစိုက်မှုကို ခံခဲ့ရသည်။ Netscape Navigator သည် အသုံးပြုမှုအများဆုံး web browser ဖြစ်ခဲ့သည်။ မိုက်ခရိုဆော့ဖ်က Internet Explorer 1.0 ကိုဖန်တီးရန် Mosaic လိုင်စင်ကို ရခဲ့သည်။ [၅][၆] Internet Explorer 1.0 ကို Windows 95 Plus! Pack ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ဩဂုတ်လတွင် ထုတ်ဝေခဲ့သည်။ [၇]


သုံးလကြာပြီးနောက် Internet Explorer 2.0 ကို အခဲ့မဲ့ ဒေါင်းလုပ်ပြုလုပ်ကာ ရယူရန် ထုတ်ဝေခဲ့သည်။ Netscape Navigator နှင့် မတူသည့်အချက်မှာ ၎င်းသည် ဝင်းဒိုးအသုံးပြုသူများသာမက စီးပွားရေးကုမ္ပဏီများအတွက်ပါ အခမဲ့ပေးခြင်း ဖြစ်သည်။[၈] အခြားကုမ္ပဏီများမှလည်း နောက်ပိုင်းတွင် ၎င်းတို့၏ ဘရောက်ဆာများကို အခမဲ့ ပေးခဲ့ကြသည်။[၉] Netscape Navigator နှင့် ၎င်း၏ ပြိုင်ဘက်ထုတ်ကုန်များဖြစ်ကြသည့် InternetWorks, Quarterdeck Browser, InterAp နှင့် WinTapestry တို့သည် အခြားသော အသုံးချဆော့ဝဲလ် (applications)များကို အင်တာနက် suite များအဖြစ် အတူတကွ ပြုလုပ်ကြသည်။[၉] Internet Explorer ဗားရှင်း (version) အသစ်နှင့် Netscape ( Netscape Communicator ဟု တံဆိပ်သတ်မှတ်ခဲ့) တို့ကို နောက်နှစ်အနည်းငယ်ကိုကျော်လွန်၍ လျင်မြန်သော အဟုန်ဖြင့် အသီးသီးထုတ်ဝေခဲ့ကြသည်။

လျှင်လျင်မြန်မြန် တီထွင်ထုတ်လုပ်လာကြခြင်းနှင့် အတူ အသွင်အပြင် (feature) အသစ်များလည်း ထည့်သွင်းလာကြသည်။ Netscape ၏ JavaScript ( နောက်ပိုင်းတွင် မိုက်ခရိုဆော့ဖ်က Jscript အဖြစ် ပုံတူကူးယူခဲ့) နှင့် ကိုယ်ပိုင် HTML tag (ဥပမာ - <blink> နှင့် <marquee>) များကို ထည့်သွင်းလာကြခြင်းဖြစ်သည်။

Internet Explorer သည် Netscape ဗားရှင်း 3.0 (၁၉၉၆) နှင့်အတူ အဆင့်ချင်း နီးကပ်လာခဲ့သည်။ Netscape သည် scripting support နှင့် ဈေကွက်၏ ပထမဆုံး Cascading Style Sheet (CSS) ကို ထောက်ပံ့ပေးခဲ့သည်။

၁၉၉၇ ခုနှစ်၊ အောက်တိုဘာလတွင် Internet Explorer 4.0 ကို ထုတ်ဝေခဲ့သည်။ ထုတ်ဝေသည့်ပါတီပွဲကို ဆန်ဖရန်စစ်စကို (San Francisco) တွင် ကျင်းပရာ ဆယ်ပေရှည်သော "e" ပုံသဏ္ဌာန် လိုဂိုဖြင့် ထူးထူးခြားခြား ကျင်းပခဲ့သည်။ Netscape ၏ ဝန်ထမ်း/အလုပ်သမားများသည် နောက်နေ့မနက်ခင်းတွင် ကြီးမားသော လိုဂိုကြီးကို မြက်ခင်းပြင်ရှေ့တွင် အလုပ်သို့ သွားနေစဉ် မြင်ခဲ့ကြသည်။ ထိုလိုဂိုတွင် "From the IE team ... We Love You" ဟူသေ ာစာသားပါလည်း ပါဝင်သည်။ Netscape အလုပ်သမား/ဝန်ထမ်းများသည်လည်း ၎င်းတို့ထက်သာလွန်အောင် ကြီးမားသော ဒိုင်နိဆောလာဘ်ကောင် ကို ထိပ်တွင်ထား၍ "Netscape 72, Microsoft 18" ဟူသော ဈေးကွက်ဝေစုကို ဖော်ပြသော စာသားကို ပြုလုပ်ခဲ့သည်။[၁၀]

Internet Explorer 4 သည် ဘရောက်ဆာစစ်ပွဲ၏ အတက်အကျကို ပြောင်းလဲပစ်လိုက်သည်။ ၎င်းကို မိုက်ခရိုဆော့ဖ် ဝင်းဒိုးတွင် အရေးကြီးသည့် ပါဝင်သည့်ဆော့ဝဲလ်တစ်ခုအဖြစ် ထည့်သွင်းခဲ့သည်။

နောက်ပိုင်းတွင် ဘရောက်ဆာ ထုတ်လုပ်သူများသည် World Wide Web Consortium ၏ စံနှုန်းများအတိုင်း ထုတ်လုပ်ကြရသည်။ မည်သည့် ဘရောက်ဆာဖြင့်မဆို ကြည့်ရှု၍ ရအောင် ဆောင်ရွက်ခဲ့သည်။


Internet Explorer 5 & 6 ပြင်ဆင်ရန်

မိုက်ခရိုဆော့ဖ်သည် ဘရောက်ဆာစစ်ပွဲတွင် ကြီးမားသော အကျိုးအမြတ်သုံးခု ရရှိခဲ့သည်။

ပထမတစ်ချက်မှာ အရင်းအမြစ်ဖြစ်သည်။ Netscape သည် ဈေးကွက်ဝေစု ၈၀ ရာခိုင်နှုန်းခန့်ဖြင့် ကောင်းမွန်သော စီးပွားရေးဈေးကွက်ကို စတင်ခဲ့သည်။ သို့သော် ကုမ္ပဏီ၏ ဝင်ငွေသည် ထုတ်ကုန်တစ်ခုတည်း(Navigator and its derivatives) ပေါ်တွင် မှီခိုနေရခြင်းမှာ စီးပွားရေးအရ အားနည်းချက်ဖြစ်ခဲ့သည်။ Netscap ၏ စုစုပေါင်းဝင်ငွေသည် မိုက်ခရိုဆော့မှ ရရှိသောအတိုးနှုန်း ဝင်ငွေလောက်ပင် မများပေ။ မိုက်ခရိုဆော့ဖ်၏ များပြားသော ငွေကြေးအရင်းအမြစ်သည် IE ဘရောက်ဆာကို အဖိုးအခ ကုန်ကျစရိတ် မရှိဘဲ ထုတ်လုပ်နိုင်စေခဲ့သည်။ မိုက်ခရိုဆော့ဖ်က ဝင်းဒိုးမှ ရရှိသော အမြတ်ငွေများကို ကုမ္ပဏီ၏ ထုတ်လုပ်မှုနှင့် ဈေးကွက်တို့တွင် အသုံးပြုခဲ့သည်။ Netscape သည် စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ဆော့ဝလ် ဖြစ်သည်။ သို့သော် အိမ် နှင့် ပညာရေးအတွက် အသုံးပြုရန်အတွက်မူ အခမဲ့ဖြစ်သည်။ Internet Explorer သည် ဝင်းဒိုး (Windows) နှင့် Macintosh အသုံးပြုသူများအတွက် အခမဲ့ပေးခဲ့သည်။ Netscape Communications ၏ အမှုဆောင် အရာရှိနှင့် CEO ဖြစ်သော Jim Barksdale က "Very few times in warfare have smaller forces overtaken bigger forces...". ဟုပြောခဲ့သည်။[၁၁]

အခြားအကျိုးအမြတ်မှာ မိုက်ခရိုဆော့၏ ဝင်းဒိုး Operating System သည် ဈေးကွက်ဝေစု ၉၀ ရာခိုင်နှုန်းကျော် ရရှိခဲ့သည်။ မိုက်ခရိုဆော့သည် Internet Explorer ကို ဝင်းဒိုးတွင် တစ်ပါတည်း ထည့်သွင်းပေးထားသည်။ ထို့ကြောင့်ပင် မိုက်ခရိုဆော့သည် ဈေးကွက်ဝေစုကို အလွယ်တကူ လွှမ်းမိုးထားနိုင်ခဲ့သည်။ ထိုအချိန်က ရုံး သို့မဟုတ် အိမ်အတွက် ကွန်ပျူတာအသစ်ဝယ်ယူပါက ပထဆုံး အသုံးပြုရန်အတွက် ဝယ်ယူခြင်း ဖြစ်သည်။ ထိုမတိုင်ခင်က အသုံးပြုသူအများစုသည် ဘရောက်ဆာကို ကျယ်ပြန့်စွာ အသုံးမပြုဖူးပေ။ ထို့ကြောင့် အခြားဘရောက်ဆာများ ရွေးချယ်ကာ နှိုင်းယှဉ်အသုံးပြုမှု မရှိကြပေ။ အသုံးပြုသူများသည် အင်တာနက်နှင့် World Wide Web ကို အသုံးပြုနိုင်သည့် လုပ်ဆောင်ချက်ကို ရရှိခဲ့သည်။ ဘရောက်ဆာများသည် အသွင်အပြင်အပိုင်းတွင် နှိုင်းယှဉ်ပါက ခြားနားမှု သိပ်မရှိလှပေ။

Internet Explorer သည် အသုံးပြုမှုများသော ဘရောက်ဆာ ဖြစ်လာခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဘရောက်ဆာ အသုံးပြုမှုဝေစု၏ ၉၆ ရာခိုင်နှုန်းကို ရယူနိုင်ခဲ့သည်။


ပထမ ဘရောက်ဆာစစ်ပွဲသည် Internet Explorer ၏ အရေးကြီးပြိုင်ဘက်များ ဈေးကွက်ဝေစုတွင် မရှိတော့သော အချိန်ကျမှ အဆုံးသတ်ခဲ့သည်။ ဤသည်ကပင် ဘရောက်ဆာများ၏ တီထွင်ဆန်းသစ်မှုကို အဆုံးသတ်သွားစေသော အကြောင်းတစ်ခု ဖြစ်သည်။ ၂၀၀၆ ခုနှစ်မတိုင်ခင်အထိ ၂၀၀၁ ခုနှစ်က ထုတ်လုပ်ခဲ့သော version 6.0 ကသာ Internet Explorer ၏ ဗားရှင်း (version) အသစ်တစ်ခုအဖြစ် ရှိခဲ့သည်။ Internet Explorer 6.0 Service Pack 1 ကို ဝင်းဒိုး XP နှင့် ဝင်းဒိုးဆာဗာ၂၀၀၃ တို့တွင် ထည့်သွင်းခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေခဲ့သော Windows XP Service Pack 2 တွင် Internet Explorer ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။ pop-up များကို တားဆီးခြင်းနှင့် AtivateX Controls သွင်းခြင်းနှင့် စပ်လျဉ်း၍ လုံခြုံရေးအတွက် ပိုမိုကောင်းမွန်သော အပြင်အဆင်များ ပါဝင်ခဲ့သည်။

ဒုတိယ ဘရောက်ဆာစစ်ပွဲ ပြင်ဆင်ရန်

 
၂၀၀၆ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေခဲ့သော Firefox 2.0

Navigator စတင်ကျဆင်းချိန်တွင် Netscape က ဘရောက်ဆာကုဒ်များကို open-source အဖြစ် ပေးခဲ့သည်။ နောက်ပိုင်းတွင်မှ အကျိုးအမြတ်မယူသော Mozilla ဖောင်ဒေးရှင်းအဖြစ် အသစ်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ Mozilla ဖောင်ဒေးရှင်းသည် Netscape ကို အောင်မြင်မှုရရန် ပြုလုပ်ခဲ့သော ဆက်သွယ်မှုဆိုင်ရာ မူလပရောဂျက်တစ်ခု ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် မိုက်ခရိုဆော့မှ Internet Explorer 6 Service Pack 1 သည် standalone (အခြားကိရိယာများကို မမှီခိုဘဲ အလုပ်လုပ်နိုင်သော) ဗားရှင်း ဖြစ်ကြောင်းကို ကြေညာခဲ့သည်။

၂၀၀၄ ခုနှစ်၊ ဧပြီလတွင် မော်ဇီလာဖောင်ဒေးရှင်းနှင့် Opera Software တို့ပူးပေါင်းကာ open technology standards အသစ်များ ထုတ်လုပ်ရန် လုပ်ဆောင်ခဲ့သည်။[၁၂] ပူးပေါင်းလုပ်ဆောင်ခဲ့သည့်ရလဒ်သည် WHATWG ဖြစ်သည်။ WHATWG အဖွဲ့၏ ပထမဆုံးတီထွင်သည့် စံနှုန်းများသည် W3C ၏ ထောက်ခံချက်ကို ရရှိခဲ့သည်။

အသစ်ဖြစ်သော ဘရောက်ဆာများ ထုတ်ဝေခြင်း ပြင်ဆင်ရန်

 
StatCounter အရ ဘရောက်ဆာများ အသုံးပြုမှု
 
StatCounter အရ နိုင်ငံအလိုက်အသုံးပြုမှုအများဆုံး ဘရောက်ဆာများ
  Safari
  Opera

၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မိုက်ခရိုဆော့ဖ်က Internet Explorer 7 ကို ဝင်းဒိုး XP SP2 နှင့် ၂၀၀၅ခုနှစ် အလယ်ထွက်သော ဝင်းဒိုးဗားရှင်းများ အတွက် အသုံးပြု၍ ရနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။[၁၃] Internet Explorer 6 SP1 အတွက် အဓိကအဆင့်မြှင့်တင်မှုအဖြစ် ဗားရှင်းအသစ်ကို မိတ်ဆက်ပေးခဲ့သည်။

Opera ဘရောက်ဆာသည် mouse gestures ကဲ့သို့ tabbed browsing လုပ်ဆောင်မှုများ ပါဝင်လာခဲ့သည်။ ၎င်းဆော့ဖ်ဝဲသည် စီးပွားရေးအရ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် ၂၀၀၅ ခုနှစ်မတိုင်ခင်က freeware ဖြစ်ခဲ့သည်။ ၂၀၀၆ ခုနှစ်ဇွမ်လတွင် Opera 9 ကို ထုတ်ဝေခဲ့သည်။ ၎င်းတွင် source viewer, Bit Torrent, Client implementation, widgets များ တပါတည်း ပါဝင်ခဲ့သည်။ ၎င်းသည် Acid2 စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့သည့် ပထမဆုံးသောဝင်းဒိုးဘရောက်ဆာ ဖြစ်သည်။ Opera Mini သည် မိုဘိုင်းဘရောက်ဆာ တစ်ခုဖြစ်သည်။ မိုဘိုင်းဈေးကွက်ဝေစုတွင် အတိုင်းအတာတစ်ခုအထိ ဝေစုရှိသည်။ Operavသည် Nintendo DS နှင့် Wii တို့အတွက်ပါ အသုံးပြုနိုင်ရန် ထုန်လုပ်ခဲ့သည်။

၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် မိုက်ခရိုဆော့ဖ်က Internet Explorer 7 ကို ထုတ်ဝေခဲ့သည်။ ၎င်းတွင် tabbed browsing, search bar တစ်ခု ပါဝင်ခဲ့သည်။ ပါဝင်ခဲ့သော အသွင်အပြင်အားလုံးသည် Opera နှင့် Firefox အသုံးပြုသူများအတွက် အချိန်ကာလ ကြာမြင့်စွာကပင် အကျွမ်းတဝင် အသုံးပြ၍ ရနေခဲ့ပြီဖြစ်သည့် အရာ ဖြစ်သည်။ မိုက်ခရိုတ၏ဆော့ဖ်က Internet Explorer 7 ကို ဝင်းဒိုးအား အစစ်အမှန်သုံးစွဲသူများအတွက် ဖြန့်ဝေခဲ့သည်။[၁၄] ဈေးကွက်ဝေစုစစ်တမ်းများအရ မိုက်ခရိုဆော့ဖ်၏ IE 7 သည် သွင်းယူအသုံးပြုသူ နည်းခဲ့သည်။ ထို့ကြောင့် IE 7 ကို ဝင်းဒိုးအသုံးပြုသူအားလုံး အသုံးပြုနိုင်ရန် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည်။[၁၅] ထိုနှစ်နှစ်တောက်လျှောက် ကြာမြင့်ခဲ့ပြီးနောက် Internet Explorer 8 ကို လုပ်ဆောင်ခဲ့သည်။ ၎င်းကို ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် ကုမ္ပဏီက ဘရောက်ဆာသည် Acid2 CSS စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့သည်ဟု ကြေညာခဲ့သည်။ ၂၀၀၉ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် IE 8 ကို ထုတ်ဝေခဲ့သည်။ အရှိန်မြှင့်တင်ခြင်း၊ ကိုယ်ပိုင်များကာကွယ်မှု မြှင့်တင်ထားခြင်း၊ အရင်ဘရောက်ဆာအဟောင်းတို့အတွက် ရေးဆွဲထားသည့် စာမျက်နှာတို့ကို အဆင်ပြေပြေ ပြနိုင်အောင် ဆောက်ရွက်ထားခြင်း၊ ဝဘ်စံနှုန်းအမျိုးမျိုးကိုလည်း အထောက်အပံ့ ပေးထားခြင်း စသည့် အသွင်အပြင်များ ပါရှိလာခဲ့သည်။[၁၆] ၎င်းသည် IE နောက်ဆုံးဗားရှင်းလည်း ဖြစ်၏။ IE 8 သည် Acid3 စမ်းသပ်မှုတွင် ၂၀/၁၀၀ မှတ်သာ ရရှိခဲ့သည်။ ၎င်းရမှတ်မှာ ထိုအချိန်တွင် အဓိကပြိုင်ဘက်အားလုံးနှင့် ယှဉ်ပါက အတော်ဆိုးရွားသော ရလဒ် ဖြစ်သည်။[၁၇]

၂၀၀၆ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်တွင် Mozilla က Mozilla Firefox 2.0 ကို ထုတ်ဝေခဲ့သည်။ ၎င်းတွင် မကြာသေးခင်က ပိတ်ထားသည့် tab များကို ပြန်လည်ဖွင့်နိုင်ခြင်း၊ လုပ်နေသည့်အလုပ်များ ပြန်လည်ပြင်ဆင်နိုင်သည့် session တစ်ခု၊ phishing filter တစ်ခု၊ စာရိုက်ထည့်ရာတွင် စာလုံးပေါင်းသတ်ပုံ စစ်ဆေးပေးခြင်း အစရှိသည့် အသွင်အပြင်များ ပါဝင်ခဲ့သည်။[၁၈]၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၇ ရက်တွင် Mozilla က နည်းပညာဆန်းသစ်ထားပြီး အခြားသော အသွင်အပြင်များ ပါဝင်လာခြင်းနှင့်အတူ Firefox 3.0 ကို ထုတ်ဝေခဲ့သည်။ Firefox 3.5 သည် ၂၀၀၉ ခုနှစ် ဇွန်လ ၃၀ ရက်တွင် ထွက်လာခဲ့သည်။ ၎င်းတွင် နောက်ထပ်လုပ်ဆောင်နိုင်စွမ်းမြှင့်တင်မှုများ၊ native integration of audio and video, ကိုယ်ရေးလုံခြုံမှုအတွက် အသွင်အပြင်များ ပိုမိုပါဝင်ခဲ့သည်။[၁၉]

၂၀၀၂ ခုနှစ်တွင် အက်ပဲလ်သည် open-source KHTML နှင့် KJS layout နှင့် KDE Konqueror ဘရောက်ဆာတို့၏ fork များကို ဖန်တီးခဲ့သည်။ ထိုအရညသည် အခြားသောနည်းပညာ ထုတ်လုပ်မှုများထုတ်လုပ်ရသည်ထက် လွယ်ကူသည်ဟု ပြောကြားခဲ့သည်။ ကုဒ် အကြောင်းရေ ၁၄၀၀၀၀ ထက်နည်းခြင်း၊ ရိုးရှင်းစွာ ဒီဇိုင်းချထားခြင်း၊ စံနှုန်းများနှင့်လည်း သဟဇာတ ဖြစ်ကြောင်း ပြောကြားခဲ့၏။[၂၀] ၎င်းတို့၏ layout engine ကိုWebkit ဟု အမည်ပေးခဲ့၏။ ၎င်းအင်ဂျင်သည် Mac OS X v10.3 တွင် Safari ဘရောက်ဆာနှင့်အတူ ပါဝင်ခဲ့၏။ ၂၀၀၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင် မိုက်ခရိုဆော့ဖ်က Mac OS တွင်အသုံးပြု၍ ရသည့် IE ကို ဆက်လက်လုပ်ဆောင်တော့မည် မဟုတ်တော့ကြောင်း ပြောခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် အက်ပဲလ်က Safari ဘရောက်ဆာအစမ်းထုတ်ဗားရှင်းကို မိုက်ခရိုဆော့ဖ် ဝင်းဒိုးအတွက် ထုတ်ဝေခဲ့သည်။

၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် Netscape သည် Mozilla-derived Netscape Navigator အား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်း၏ အသုံးပြုသူများကိုလည်း Mozilla Firefox ကို ပြောင်းကာအသုံးပြုရန် ပြောခဲ့သည်။[၂၁] သို့သော် ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင်မူ Netscape သည် အထောက်အပံ့ပေးမှုအား ၂၀၀၈ ခုနှစ်၊ မတ်လ ၁ ရက်နေ့အထိ တိုးမြှင့်ပေးမည်ဟု ကြေညာခဲ့သည်။

ဂူဂဲလ်က Chrome ဘရောက်ဆာကို မိုက်ခရိုဆော့ဖ်ဝင်းဒိုးအတွက် ထုတ်ဝေခဲ့သည်။ Chrome သည် Safari ကဲ့သို့ Webkit အင်ဂျင်နှင့် V8 ဟုခေါ်သည့် မြန်ဆန်သည့် JavaScript အင်ဂျင်ကို အသုံးပြုထားသည်။ နောက်မကြာမီပင် ဝင်းဒိုး၊ OS X နှင့် Linux ပလက်ဖောင်းများအတွက် open-sourced ဗားရှင်းကို ထုတ်ဝေခဲ့ပြီး ခရိုမီယမ် (Chromium) ဟု အမည်ပေးခဲ့သည်။ Net Applications အရ Chrome သည် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလတွင် ဈေးကွက်ဝေစု၏ ၃.၆ % ကို ရခဲ့သည်။ Mac OS X နှင့် Linux အတွက် စမ်းသပ်ထုတ်ဝေသောအခါ ဈေးကွက်ဝေစုသည် လျင်မြန်စွာ တိုးလာခဲ့သည်။[၂၂]

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၁၀ ခုနှစ် ဇန်နဝါရီလအတွင်းတွင် StatCounter က Firefox 3.5သည် ရေပန်းအစားဆုံး ဘရောက်ဆာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ များစွာသော ဘရောက်ဆာတို့ကမူ Internet Explorer 7 and 8 ကို အနည်းငယ်ကျော်လွန်ကာ ဖြတ်ကျော်သွားကြသည်။[၂၃][၂၄] ယခုတစ်ခါ ထုတ်ပြန်မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ Netscape Navigator ကျဆုံးလာကတည်းက IE မဟုတ်သော ဘရောက်ဆာများက IE အဆင့်အမြင့်ဆုံးဗားရှင်းကို ကျော်လွန်ခဲ့ခြင်းလည်း ဖြစ်သည်။[၂၅] မိုက်ခရိုဆော့ဖ်သည် ဗားရှင်း 7 ၏ နေရာတွင် ဗားရှင်း 8 ဖြင့် အစားထိုးခဲ့သည်။ နှစ်လထက်မပိုသောအချိန်ကာလကြာပြီးနောက် IE 8 သည် ရေပန်းအစားဆုံး ဘရောက်ဆာဖြစ်သည်ဟု ၎င်းတို့ကိုယ်တိုင် သက်သေပြခဲ့သည်။ NetApplications ကဲ့သို့သော အခြားသော အဓိကကိန်းဂဏန်းများအရ IE မဟုတ်သော အခြားဘရောက်ဆာများသည် IE အမြင့်ဆုံးဗားရှင်းကို ကျော်လွန်သည်ဟု မဖော်ပြခဲ့ကြပေ။ သို့သော် Firefox 3.5 သည် ဒိဇင်ဘာလ၊ ၂၀၀၉ ခုနှစ်နှင့် ဖေဖော်ဝါရီလ၊ ၂၀၁၀ အကြားတွင် တတိယလူသုံးအများဆုံး ဖြစ်သည်ဟုသာ ဖော်ပြခဲ့သည်။[၂၆]

HTML5 beginnings and Presto rendering engine deprecation ပြင်ဆင်ရန်

၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလတွင် Mozilla သည် Mozilla Firefox 3.6 ကို ထုတ်ဝေခဲ့သည်။ ၎င်းတွင် Personas ဟု ခေါ်သည့် theme display တစ်ခု ပါဝင်ခဲ့သည်။ ၎င်းသည် အသုံးပြုသူအား ကလစ်တစ်ချက်နှိပ်လိုက်ရုံဖြင့် ဘရောက်ဆာ၏ အသွင်အပြင်ကို ပြောင်းလဲနိုင်သည်။ ဗားရှင်း 3.6 သည် JavaScript လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ထားသည်။ ထို့ပြင် ဘရောက်ဆာတစ်ခုလုံး၏ တုံ့ပြန်မှုကို မြှင့်တင်ထားကာ ဖွင့်လိုက်သည့်အခါ ကြာသည့်အချိန်ကိုလည်း ကောင်းမွန်အောင် လုပ်ဆောင်ထားသည်။ ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလတွင် Internet Explorer သည် ပထမဆုံးအကြိမ် ဈေးကွက်ဝေစု၏ ၅၀ % အောက် လျှောကျကာ ၄၉.၈၇% သို့ ရောက်ခဲ့သည်ဟု StatCounter က ထုတ်ပြန်ခဲ့သည်။ ထိုလထဲမှာပင် Internet Explorer ၏ ပထမဆုံး ဈေးကွက်ဝေစုတွင် ကျဆုံးမှုကို ထုတ်ပြန်ခဲ့သည်။[၂၇]

၂၀၁၀ ခုနှစ်၊ အောက်တိုဘာလတွင် Internet Explorer သည် ပထမဆုံးအကြိမ်အဖြစ် ဈေးကွက်ဝေစု၏ ၅၀% အောက် လျော့ကျခဲ့ကာ ဝေစု၏ ၄၉.၈၇% သာ ရခဲ့သည်ဟု StatCounter က ထုတ်ပြန်ခဲ့သည်။[၂၈] ထိုလအတွင်းမှာပင် StatCounter က Internet Explorer 8 ၏ အသုံးပြုမှုဝေစု ပထမဆုံးကျဆင်းမှုကို ဖော်ပြခဲ့သည်။[၂၉]

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဂူဂဲဘ်က Chrome 9 ကို ထုတ်ဝေခဲ့သည်။ WebGL, Chrome Instant, နှင့် Chrome Web Store တို့လည်း မိတ်ဆက်ပါဝင်လာခဲ့သည်။[၃၀] ကုမ္ပဏီသည် ထိုနှစ်မှာပင် အခြားသော Chrome ဗားရှင်း ခုနစ်မျိုးကို ဖန်တီးခဲ့သည်။ Chrome 16 ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြီးစီးအောင် ဖန်တီးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အများပြည်သူသုံးစွဲနိုင်သည့် ပထမဆုံးသော ဗားရှင်းသည် Chrome 17 ဖြစ်သည်။ Chrome 17 ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် ဂူဂဲမှထုတ်သည့် ဘရောက်ဆာများ (Chrome and Android) သည် ဝီကီမီဒီယာဖောင်ဒေးရှင်း၏ ဝဘ်ဆိုက်များတွင် လူသုံးအများဆုံး ဘရောက်ဆာများ ဖြစ်ခဲ့သည်။[၃၁] ၂၀၁၂ ခုနှစ်၊ မေလတွင် Chrome သည် Internet Explorer ကို ကျပ်ကျပ်တည်းတည်းကျော်တက်သွားကာ လူသုံးအများဆုံး ဖြစ်ခဲ့သည်။[၃၂] သို့သော် ဇူလိုင်လ၊ ၄ ရက် မတိုင်ခင်အထိ ထိပ်ဆုံးရှိ ဈေးကွက်ဝေစုတွင် Internet Explorer နှင့် Chrome အကြားတွင် Internet Explorer သည် Chrome ထက် အနည်းငယ်ဦးဆောင်လျက် ရက်သတ္တပတ်ခန့် ကြာမြင့်ခဲ့သည်။[၃၃] တစ်ချိန်တည်းမှာပင် Net Applications က Internet Explorer သည် Google Chromeနှင့်အတူ ပြတ်ပြတ်သားသား ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်ဟု ပြောခဲ့သည်။ Firefox ကမူ ဒုတိယနေရာသာ ဖြစ်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် Chrome သည် လူသိများလာကာ အက်ပဲလ်က ဝင်းဒိုးအတွက် Safari ဘရောက်ဆာကို ရပ်ဆိုင်းခဲ့သည်။[၃၄]

မိုက်ခရိုဆော့ဖ်သည် Internet Explorer 9 ကို ၂၀၁၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။ ၎င်းတွင် HTML5 ဗီဒီယို တစ်စိတ်တစ်ပိုင်းကို အထောက်အပံ့ပေးထားပြီး အခြေခံ SVG feature ကိုလည်း အထောက်အပံ့ပေးသည့် အင်္ဂါရပ်တစ်ခု ပါဝင်ခဲ့သည်။ ၎င်းသည် Windows Vista, Windows 7, and Windows Phone 7 တွင်သာ အလုပ်လုပ်နိုင်သည်။ ၂၀၁၂ ခုနှစ်တွင် ကုမ္ပဏီသည် နောက်ပိုင်းတွင် Internet Explorer 10 ကို Windows 8 နှင့် Windows Phone 8 တို့တွင် ထည့်သွင်းထုတ်ဝေခဲ့သည်။ Windows 7 တွင်မူ ၂၀၁၃ ခုနှစ်ကျမှသာ အသုံးပြုနိုင်ခဲ့သည်။ ထိုဗားရှင်းသည် Vista နှင့် Phone 7 ထောက်ပံ့မှုအတွက် ရပ်ဆိုင်းထားသည်။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် Internet Explorer 11 ကို ထုတ်ဝေခဲ့သည်။ ထိုဗားရှင်းကို ယခင်အသုံးပြုနေသည့် ကွန်ပျူတာများအတွက် အထောက်အပံ့ ပေးထားသည်။

ဂူဂဲလ်ခရုမ်းကို လျင်မြန်စွာထုတ်ဝေမှုသည် မော်ဇီလာ၏ Firefox ဘရောက်ဆာကိုလည်း ထိုနည်းတူ မြန်ဆန်စွာ ထုတ်ဝေရန် စေ့ဆော်ပေးခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် Firefox 5.0 ကို ထုတ်ဝေခဲ့သည်။ ယခင်ထုတ်ဝေမှုပြီး ခြောက်ပတ်မျှအကြာတွင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။[၃၅] မော်ဇီလာသည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် Firefox 9 ကို ထုတ်ဝေခဲ့သည်။ တစ်နှစ်ပတ်လုံးတွင် ဗားရှင်း (၄) ခုအထိ ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။[ကိုးကားချက်လိုသည်] ရေရှည်ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန် မော်ဇီလာသည် Extended Support Release (ESR) ဗားရှင်းဖြစ်သည့် Firefox 10 ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ပုံမှန်ဗားရှင်းများနှင့်မတူသည့် Firefox ESR သည် ပုံမှန် လုံခြုံရေးမြှင့်တင်မှုများအပြင် အင်္ဂါရပ်အသစ်များ၊ ဆောင်ရွက်ချက်မြှင့်တင်မှုများကို ခန်မှန်းခြေ တစ်နှစ် ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် Firefox 11 ကို လျင်မြန်စွာ ထုတ်ဝေခဲ့သည်။[ကိုးကားချက်လိုသည်]

ထိုကာလအတွင်း အဓိကသုံးစွဲကြသည့် ဘရောက်ဆာများသည် HTML5 video. Supported codecs များကို အထောက်အပံ့ ပေးလာကြသည်။[ကိုးကားချက်လိုသည်] သို့သော်လည်း ဘရောက်ဆာတစ်ခုမှ တစ်ခုသို့ ပြောင်းလဲခဲ့သည်။ Android, ခရုမ်း နှင့် Firefox လက်ရှိဗားရှင်းများသည် Theora, H.264, and the VP8 version of WebM စသည်တို့ကို ထောက်ပံ့ထားကြသည်။ Firefox ၏ ယခင်ဗားရှင်းများသည် ပိုင်ဆိုင်သည့် codec ကြောင့် H.264 မပါဝင်ပေ။ အန်းဒရွိုက်အတွက် ဗားရှင်း ၁၇၊ ဝင်းဒိုးအတွက် ဗားရှင်း ၂၀ စသည်တို့ကျမှသာ ပါဝင်လာခဲ့သည်။ Internet Explorer နှင့် Safari တို့သည် H.264 တို့ကို ထောက်ပံ့ပေးထားကြသည်။ သို့သော် Theora နှင့် VP8 codecs တို့ကို ထည့်သွင်းကာ အသုံးပြုနိုင်သည်။[ကိုးကားချက်လိုသည်]

မိုဘိုင်းဘရောက်ဆာများတွင် WebKit အသုံးများလာသည့်အခါ Opera Software သည် ၎င်းတို့၏ ကိုယ်ပိုင်အင်ဂျင် Presto ကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရပ်တန့်ခဲ့သည်။ အော်ပရာ၏ နောက်ပိုင်း ဘရောက်ဆာအစဉ် ၁၂ ခုသည် WebKit အစား Presto ကို အသုံးပြုထားသည်။

ကိုးကား ပြင်ဆင်ရန်

  1. http://gs.statcounter.com/#all-browser-ww-monthly-201506-201506-map
  2. Wolfe၊ Gary (October 1994)။ The (Second Phase of the) Revolution Has Begun။ Wired Magazine။ 2012-04-24 တွင် ပြန်စစ်ပြီး။
  3. Pesce၊ Mark (October 15, 1995)။ A Brief History of Cyberspace။ ZDNet။ 14 October 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 6, 2015 တွင် ပြန်စစ်ပြီး။
  4. Berghel၊ Hal (2 April 1996)။ Hal Berghel's Cybernautica။ 14 November 2010 တွင် ပြန်စစ်ပြီး။
  5. Elstrom၊ Peter (22 January 1997)။ MICROSOFT'S $8 MILLION GOODBYE TO SPYGLASSBloomberg Businessweek။ 29 June 1997 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 February 2011 တွင် ပြန်စစ်ပြီး။
  6. Thurrott၊ Paul (22 January 1997)။ Microsoft and Spyglass kiss and make upWindowsITPro။ 19 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 February 2011 တွင် ပြန်စစ်ပြီး။
  7. Windows History: Internet Explorer History။ Microsoft.com (2003-06-30)။ 2009-11-11 တွင် ပြန်စစ်ပြီး။
  8. "Microsoft Internet Explorer Web Browser Available on All Major Platforms, Offers Broadest International Support" (သတင်းထုတ်ပြန်ချက်)။ Microsoft။ 30 April 19967 November 2014 တွင် ပြန်စစ်ပြီး
  9. ၉.၀ ၉.၁ Berst, Jesse (20 February 1995). "Web-Wars". PC Week. Retrieved on 25 February 2011.  Archived 18 July 2011 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 18 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 February 2017 တွင် ပြန်စစ်ပြီး။
  10. Mozilla stomps IE။ Home.snafu.de (1997-10-02)။ 2009-11-11 တွင် ပြန်စစ်ပြီး။
  11. Roads and Crossroads of the Internet HistoryNetValley.com။ 2011-02-14 တွင် ပြန်စစ်ပြီး။
  12. Position Paper for the W3C Workshop on Web Applications and Compound Documents။ W3.org။ 2009-11-11 တွင် ပြန်စစ်ပြီး။
  13. IEBlog : IE7။ Blogs.msdn.com (2005-02-15)။ 2009-11-11 တွင် ပြန်စစ်ပြီး။
  14. Evers၊ Joris။ Microsoft tags IE 7 'high priority' update | CNET News.com။ News.com.com။ 2009-11-11 တွင် ပြန်စစ်ပြီး။
  15. IEBlog: Internet Explorer 7 Update။ Blogs.msdn.com။ 2009-11-11 တွင် ပြန်စစ်ပြီး။
  16. "Window Internet Explorer 8 Fact Sheet" (သတင်းထုတ်ပြန်ချက်)။ Microsoft။ March 200926 August 2010 တွင် ပြန်စစ်ပြီး
  17. Presto and WebKit-based browsers scored 100 in 2008, with Firefox scoring 93 in June 2009.
  18. Coming Tuesday, June 17th: Firefox 3။ Mozilla Developer Center။ 2009-10-12 တွင် ပြန်စစ်ပြီး။
  19. Mozilla Advances the Web with Firefox 3.5။ Mozilla Europe and Mozilla Foundation။ 2009-10-12 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  20. KDE KFM-Devel mailing list "(fwd) Greetings from the Safari team at Apple Computer", January 7, 2003.
  21. The Netscape BlogNetscape, AOL။ 8 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-12-28 တွင် ပြန်စစ်ပြီး။
  22. Browser market share။ Net Applications (December 30, 2009)။ 2009-12-30 တွင် ပြန်စစ်ပြီး။
  23. Firefox 3.5 is world's most popular browser, StatCounter says Archived 26 January 2011 at the Wayback Machine., Nick Eaton. seattlepi blogs. 2009-12-21. Retrieved 2009-12-22.
  24. StatCounter global stats – Top 12 browser versions။ StatCounter။ 12 March 2010 တွင် ပြန်စစ်ပြီး။
  25. Firefox 3.5 surpasses IE7 market share။ Geeksmack.net (2009-12-22)။ 26 May 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-05-23 တွင် ပြန်စစ်ပြီး။
  26. Browser market share trend။ Marketshare.hitslink.com။ 2010-06-25 တွင် ပြန်စစ်ပြီး။
  27. Mozilla Firefox 3.6 Release Notes။ Mozilla.com (2010-01-21)။ 2010-05-23 တွင် ပြန်စစ်ပြီး။
  28. Microsoft Internet Explorer browser falls below 50% of worldwide market for first time။ StatCounter။ 7 October 2010 တွင် ပြန်စစ်ပြီး။
  29. StatCounter Browser Versions form Oct 09 to Oct 10။ StatCounter။ 9 November 2010 တွင် ပြန်စစ်ပြီး။
  30. Google Chrome Blog။ chrome.blogspot.com (2011-02-03)။ 2010-02-04 တွင် ပြန်စစ်ပြီး။
  31. Wikimedia Traffic Analysis Report - Browsers e.a.Wikimedia Foundation။ 22 May 2012 တွင် ပြန်စစ်ပြီး။
  32. Google Chrome Overtakes Internet Explorer။ 23 July 2016 တွင် ပြန်စစ်ပြီး။
  33. StatCounter Global Stats - Browser, OS, Search Engine including Mobile Usage Share။ 23 July 2016 တွင် ပြန်စစ်ပြီး။
  34. Browser market share
  35. Mozilla blog.

ပြင်ပလင့်များ ပြင်ဆင်ရန်