ဘလပိုကုနရာဇမဟာဝိဟာရ
ဘလပိုကုနရာဇမဟာဝိဟာရ (သီဟိုဠ်: බලපොකුණ රජ මහා විහාරය)သည် သီရိလင်္ကာနိုင်ငံ၊ အနောက်စီရင်စု၊ ပမန်ကဒမြို့(Pamankada) တွင် တည်ရှိသည့် သမိုင်းဝင် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ Colombo-Batticaloa လမ်းမကြီးရှိ ၆ မိုင်လမ်းဆုံးအနီးတွင် တည်ရှိသည်။ ကျောင်းတော်ကို သီရိလင်္ကာနိုင်ငံအစိုးရက ရှေးဟာင်းသုတေသနနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့သတ်မှတ်မှုကို ၂၀၀၈ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် အစိုးရဂေဇက်သတင်းစာအမှတ် ၁၅၅၃ တွင် ကြေညာခဲ့သည်။
ဘလပိုကုနရာဇမဟာဝိဟာရ | |
---|---|
බලපොකුණ රජ මහා විහාරය | |
The ancient pond and Devalaya | |
အချက်အလက်များ | |
တည်နေရာ | Pamankada, Sri Lanka |
ကိုဩဒိနိတ် | 06°52′21.0″N 79°52′40.1″E / 6.872500°N 79.877806°Eကိုဩဒိနိတ်: 06°52′21.0″N 79°52′40.1″E / 6.872500°N 79.877806°E |
ဘာသာရေး နှီးနွယ်မှု | Buddhism |
ခရိုင် | Colombo |
စီရင်စု | Western Province |
နိုင်ငံ | သီရိလင်္ကာနိုင်ငံ |
အမွေအနှစ် သတ်မှတ်ခြင်း | Archaeological protected monument (6 June 2008) |
ဗိသုကာ | |
ဗိသုကာ အမျိုးအစား | Buddhist Temple |
ဘလပိုကုန
ပြင်ဆင်ရန်ကျောင်းတော်ပရဝုဏ်အတွင်းရှိ ကျောက်ဆောက်မျက်နှာပြင်၌ ဘလပိုကုနဟု အမည်ရှိသည့် သဘာဝရေကန်တစ်ခုရှိသည့်အတွက် ဘလပိုကုနဝိဟာရဟု အမည်တွင်ရခြင်း ဖြစ်သည်။ အစောပိုင်းကာလများတွင် ထိုကန်ကို “ဘတပိုကုန” ဟု ခေါ်ကြသည်။ အမည်မှာ သီရိလင်္ကာဘာသာစကားဖြင့် ဘတ ဆိုသည်မှာ “စစ်သည်များ” ဟု အဓိပ္ပာယ်ရသည်။ Parakramabahu VI မင်းလက်ထက်အခါက ထိုကန်ရှိရေကို မင်း၏ စစ်သည်တော်များသည် အသုံးပြုခဲ့ကြသည်။[၁] နောက်ပိုင်းတွင် ဘတပိုကုန ဟူသည့် အမည်သည် တဖြည်းဖြည်းပြောင်းလဲကာ ယခုတွင်ရှိနေသည့်အမည် ဘလပိုကန ဖြစ်လာခဲ့သည်။
ထင်ရှားသည့် သမိုင်းများအရ ဘလပိုကုနသည် ကော့တီမြို့မှ ဖောက်ထားသည့် ရှေးဟောင်းတူးမြောင်း၏ ထွက်ပေါက်ဖြစ်သည်ဟု ဆိုကြသည်။
ပြင်ပလင့်များ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ Balapokuna Temple။ The Nation (Sri Lanka) (4 June 2006)။ 22 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 March 2017 တွင် ပြန်စစ်ပြီး။