[၁] ဘဝ၌-နှစ်သက် တပ်မက်-စွဲလမ်း-ခြင်း။ (မိမိတို့ ရရှိထားသည့် ဘဝ၌ နှစ်သက်ခြင်း လောဘသည် “ဘဝ နိကန္တိ” မည်၏။ [၂]

ယင်း ဘဝနိကန္တိ လောဘသည် အသညသတ် ဗြဟ္မာမှတစ်ပါး သတ္တဝါတိုင်းအား ဘဝသစ်၌ ဖြစ်စ ၁၉-ခုမြောက် စိတ်မှစ၍ အခွင့်သင့်တိုင်း ဖြစ်ပေါ် လာတတ်သည်။ အသညသတ် ဗြဟ္မာမှတစ်ပါး သုဒ္ဓါဝါသအနာဂါမ် ဗြဟ္မာများ အပါအဝင် သတ္တဝါအားလုံး ဘဝသစ်၌ဖြစ်သောအခါ ရှေးဦးစွာ ပဋိသန္ဓေစိတ်၊ ထို့နောင်ဘဝင် ၁၆-ချက်၊ ထို့နောင် မနောဒွါရာဝဇ္ဇန်း၊ ထို့နောင် ဘဝနိကန္တိက လောဘဇော ၇-ကြိမ် ဖြစ်သည်။ [၃]

အထက်ပါ စိတ်ဖြစ်စဉ်အရ ဘဝနိကန္တိက လောဘဇောသည် ပဋိသန္ဓေနောင် အနည်းဆုံး ၁၇-ခုမြောက် စိတ်မှစ၍ ဖြစ်သည်ဟု ဆိုထားသည်။ ပဋိသန္ဓေပါ ထည့်သွင်းရေတွက်လျှင် ဘဝနိကန္တိက လောဘဇောသည် ၁၈-ခုမြောက် စိတ်မှစ၍ ဖြစ်သည်ဟု ဆိုရမည်။ ယင်းအလို ဘဝသစ်ဖြစ်စ၌ ပဋိသန္ဓေဘဝင် ၁၅-ချက် မနောဒွါရာဝဇ္ဇာန်း၊ ဘဝနိကန္တိကလောဘဇော ၇-ကြိမ် ဖြစ်သည်။ အထက်ပါ စိတ်ဖြစ်စဉ်အရ ဘဝနိန္တိက လောဘဇော ၇-ကြိမ်အနက် ပဌမဇောသည် ပဋိသန္ဓေကို ချန်လှပ်ထားပါက ၁၇.ကြိမ် (= သတ္တရသမ)မြောက်၌ ဖြစ်သည်၊ ပဋိသန္ဓေ ထည့်သွင်းရေတွက်ပါက ၁၈-ကြိမ်မြောက်၌ ဖြစ်သည်။ [၄]

ဝီထိပိုင်း၌ကား ဘဝသစ်ဖြစ်စ၌ ပဋိသန္ဓေနောင် ဘဝင် ၁၃-ကြိမ်သော်လည်းကောင်း, ၁၄-ကြိမ်သော်လည်းကောင်း ဖြစ်၍ ထို့နောင် မနောဒွါရာဝဇ္ဇာန်း၊ ထို့နောင် ဘဝနိကန္တိက လောဘဇော ဖြစ်သည်ဟု ဆိုထားပြန်သည်။ အထက်ပါ စိတ်ဖြစ်စဉ် အရ ဆိုပါက ဘဝနိကန္တိက ပဌမဇောသည် ပဋိသန္ဓေနောင် ၁၅-ကြိမ်မြောက် စိတ်မှသော်လည်းကောင်း ၁၆-ကြိမ်မြောက် စိတ်မှသော်လည်းကောင်းစ၍ဖြစ်သည်ဟု ယူရပေတော့မည်။ [၅] [၆]

ကိုးကား ပြင်ဆင်ရန်

  1. ဘဝနိကန္တိ(ထီ) [ဘဝ+နိကန္တိ]
  2. မ၊ဋ္ဌ၊၁၊၁၇၅။
  3. ယမိုက် အရကောက် ၂၂၂-၃။ မစိုးရိမ်၊ ပဋ္ဌာန်းအရကောက်။ ၉၁။
  4. အဘိ၊ဋ္ဌ၊၃၊၃၃၆။ မူလဋီ၊၃၊၁၅၆။ အနုဋီ၊၃၊၂၁၃။ မဏိမဉ္ဇူ၊ ၁၅၂။
  5. မဏိမဉ္ဇူ၊၁၊၅၁၁။) ဘဝနိကန္တိ ဝသေန လောဘော ဥပ္ပဇ္ဇတိ။ မ၊ဋ္ဌ၊၁၊၁၇၅။ (ထေရ၊ဋ္ဌ၊၁၊၁၈၂။ ဝိဘာဝိနီ၊၁၆၀။ သတ္တာနံ ဟိ ယထာဓိဂတံ ဈာနာဒိဝိသေသံ အာရဗ္ဘ ပစ္စဝေက္ခဏာ ဝိယ ယထာလဒ္ဓ ဥပပတ္တိဘဝံ အာရဗ္ဘ နိကန္တိ ဧဝ။ မ၊ဋီ၊၁၊၂၇၃။ ဥပပတ္တိသင်္ခါတေ ဘ ဘဝေ နိကန္တိ ဘဝနိကန္တိ။ မဏိမဉ္ဇူ၊၁၊၅၁၁။
  6. တိပိဋကအဘိဓာန် အတွဲ-၁၅