ဘိန်းစာပင်

ဘေးထွက်ဆိုးကျိုးမျာ အကြောတက်ခြင်း ညဘက်အိပ်မရခြင်း စိတ်ဆိုးဒေါသထွက်ခြင်း ဝမ်းချုပ်ခြင်း အ
Mitragyna speciosa
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Gentianales
မျိုးရင်း: Rubiaceae
မျိုးဇာတ်: Naucleeae
မျိုးစု: Mitragyna
မျိုးစိတ်:
M. speciosa
ဒွိနာမ
Mitragyna speciosa
(Korth.) Havil.
Synonyms[၁]
  • Nauclea korthalsii Steud. nom. inval.
  • Nauclea luzoniensis Blanco
  • Nauclea speciosa (Korth.) Miq.
  • Stephegyne speciosa Korth.

ဘိန်းစာပင် (Mitragyna speciosa) သည် အပူပိုင်း အမြဲစိမ်းသစ်တောတွင် ပေါက်ရောက်လေ့ရှိသည့် အပင်တစ်မျိုးဖြစ်ပြီး အရှေ့တောင်အာရှ ဒေသတွင် မူလပေါက်ရောက်သော ကော်ဖီမျိုးနွယ်ဝင်အပင်ဖြစ်သည်။ အများသိကြသည့် အခြားအမည်မှာ ကထုန့် သို့ မဟုတ် ကရထုန့် (kratom) ဖြစ်သည်။ ဘိန်းစာပင် သည်အမြဲစိမ်းသစ်ပင်ဖြစ်ပြီး ၂၅ မီတာ (၈၂ ပေ) အထိကြီးထွားနိုင်သည်။ ၎င်း၏ ပင်စည်သည် အချင်း ၀.၉ မီတာ (၃ ပေ) အထိကြီးထွားနိုင်သည်။ ပင်စည်သည် ယေဘုယျအားဖြင့်ဖြောင့်မတ်ပြီးအပြင်ဘက်အခေါက်သည်ချောမွေ့ကာ မီးခိုးရောင်ဖြစ်သည်။ အရွက်များသည်အစိမ်းရင့်ရောင်ရှိပြီးတောက်ပသည်။ ၁၄-၂၀ စင်တီမီတာ (၅.၅-၇.၉ လက်မ) ရှည်လျားပြီးအပြည့်အဝပွင့်သောအခါ ၇-၁၂ စင်တီမီတာ (၂.၈–၄.၇ လက်မ) ကျယ်နိုင်သည်၊ ovate-acuminate ပုံစံနှင့် ရွက်ကြော ၁၂- ၁၇စုံရှိပြီး ဆန့်ကျင်ဘက်ပုံစံ ကြီးထားကြသည်။ ပန်းပွင့်သည် အကိုင်းအခက်များအဆုံးတွင် သုံးစုတွင်ပေါက်သည်။ ဝတ်ဆံအိမ်သည် (calyx-tube) သည် ၂ မီလီမီတာ (၀.၀၈ လက်မ) ရှည်ပြီး ဝတ်ဆံခေါင်း ၅ခုရှိသည်၊ corolla-tube သည် ၂.၅–၃ မီလီမီတာ (0.098-0.12 in) ရှည်လျားသည်။

အသုံးပြုမှုများ ပြင်ဆင်ရန်

ဘိန်းစာမှုန့်
(အင်္ဂလိပ်: Kratom)
 
အပင်တစ်ရှူးအမျိုးမျိုးမှ ထုတ်လုပ်ထားသော အမှုန့်
အပင်၏အစိတ်အပိုင်းအရွက်
မူရင်းဇာတိအရှေ့တောင်အာရှ[၂]
Active ingredients
အဓိကထုတ်လုပ်သူများ
အဓိက စားသုံးသူများကမ္ဘာတဝှမ်း (နံပါတ်-၁: ထိုင်းနိုင်ငံ)[၂][၅]
လက်လီဈေး၁၀ ဂရမ်လျှင် ၆-၁၅ (EU; as of 2011)[၂]
တရားဝင်မှုအခြေနေ

ဘိန်းစာပင်၏ အပင်ထွက်များကို ထိုင်းအင်ဒိုနီရှားမလေးရှားမြန်မာနှင့် ပါပူအာနယူးဂီနီနိုင်ငံ ရှိ ‌‌ဒေသခံတိုင်းရင်းသားများက တိုင်းရင်းဆေးအဖြစ်အသုံးပြုလာသည်မှာ လွန်ခဲ့သည် ၁၉ ရာစုကတည်းကပင် ဖြစ်သည်။[၁၁] ဘိန်းစာပင်တွင် ဘိန်းကဲ့သို့ မိန်းမောစေသော ဓာတ်ပါပြီး လန်းဆန်းတတ်ကြွစေသည့် သတ္တိ နှစ်မျိုးလုံး ဖြစ်စေတတ်သည်။[၁၂][၁၃]

၂၀၀၈ ခုနှစ်စစ်တမ်းအရ ဘိန်းစာပင်၏ ကျန်းမာရေး အကျိုးသက်ရောက်မှုရှိခြင်း နှင့် အန္တရာယ်ကင်းသည် ဆိုသည်မှာ မရှင်းလင်းချေ၊ သုတသနေပြုလုပ်ထားမှု အနည်းငယ်သာ ရှိသည့်အတွက် ဆေးဝါးကုသရေးပစ္စည်းအဖြစ် အသုံးပြုရန် အတည်မပြုထားချေ။ ၂၀၁၉ ခုနှစ် အမေရိကန် အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဌာနက မည်သည့်အခြေအနေတွင်မဆို ကုသရေးတွင် အန္တရာယ်ကင်းသည် သို့မဟုတ် ထိရောက်မှုရှိသည်ဟူသော အထောက်အထားမရှိဟု ထုတ်ပြန်ပြောကြားထားသည်။ အချို့လူနာများက နာတာရှည် နာကျင်မှုများကို ကုသရန်၊ ဘိန်းဖြတ်ခြင်းကြောင့် ဖြစ်ပေါ်တတ်သော လက္ခဏာများကို ကုသရန်နှင့် စိတ်အပန်းဖြေရန်အတွက် ဆေးဝါးအဖြစ်အသုံးပြုကြသည်။ အကျိုးသက်ရောက်မှုသည် ပုံမှန်အားဖြင့် ငါးမိနစ်မှဆယ်မိနစ်အတွင်းစတင်ပြီး နှစ်နာရီမှ ငါးနာရီအထိ ကြာမြင့်သည်။[၃][၁၁]

ယေဘုယျ အသေးစား ဘေးထွက်ဆိုးကျိုး မှာ အစာစားချင်စိတ်မရှိခြင်းဖြစ်ပြီး ပိုမိုပြင်းထန်သော ဘေးထွက်ဆိုးကျိုးမှာ လိင်အင်္ဂါ ထောင်မတ်မှုအား ကမောက်ကမဖြစ်စေခြင်း၊ ဆံပင်ကြွတ်ခြင်းနှင့် ဝမ်းချုပ်ခြင်း တို့ ဖြစ်ကြသည်။ ပိုမိုတိကျသော ဘေးထွက်ဆိုးကျိုများမှာ အသက်ရှူနှုန်းနှေးခြင်း၊ တတ်ခြင်း၊ ဆေးစွဲလမ်းခြင်း နှင့် စိတ်မူမမှန်ခြင်း တို့ ပါဝင်သည်။ အခြား ဘေးထွက်ဆိုးကျိုးအနေဖြင့် နှလုံးခုန်နှုန်းမြင့်မားခြင်း နှင့် သွေးပေါင်ချိန်တက်ခြင်း၊ အိပ်စက်ခြင်းအား အနှောက်အယှက်ဖြစ်ခြင်းနှင့် အသည်းအဆိပ်သင့်ခြင်းတို့ ပါဝင်နိုင်သည်။ သုံးစွဲခြင်းအား ရပ်တန့်လိုက်ပါက ဆေးဖြတ်ခြင်း လက္ခဏာများ ခံစားရနိုင်သည်။ ဘိန်းစာရွက်ချည်းသက်သက် အသုံးပြုခြင်း နှင့် အခြား ပစ္စည်းများဖြင့်‌ ရောနှောအသုံးပြုခြင်းကြောင့် သေဆုံးမှုများ ပေါ်ပေါက်ခဲ့သည်။ ပြင်းထန်သော အဆိပ်အတောက်ဖြစ်စေမှုမှာ ရှားပါးပြီး ယေဘုယျအားဖြင့် ဆေးပမာဏအမြောက်အမြားအသုံးပြုခြင်း သို့မဟုတ် ဘိန်းစာရွက်ကို အခြားပစ္စည်းများနှင့် အသုံးပြုသောအခါ၌ ဖြစ်စေတတ်သည်။[၃]

နိုင်ငံပေါင်း ၁၆ နိုင်ငံတွင် ဘိန်းစာအပင်နှင့်အရွက်အား တရားမဝင်ပစ္စည်းအဖြစ်သတ်မှတ်ထားပြီး ၂၀၁၄ ခုနှစ်အတွင်း FDA က ဘိန်းစာရွက်အား ဖြည့်စွက်စာအဖြစ် အသုံးပြုရန် တင်သွင်းခြင်းနှင့် ထုတ်လုပ်ခြင်းကို တားမြစ်ခဲ့သည်။ ၂၀၁၈ ခုနှစ်မှစ၍ ဘိန်းစာရွက် အသုံးပြုခြင်းမှ ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်မှုဖြစ်နိုင်ချေနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်မှုများတိုးများလာနေသည်။ အချို့သောတရားစီရင်မှုများတွင် အဆိုပါအရွက်နှင့်အပင် ရောင်းချခြင်းနှင့်တင်သွင်းခြင်းကို ကန့်သတ်ထားသည်။ ပြည်သူ့ကျန်းမာရေးအာဏာပိုင်များကလည်း သတိပေးချက်များထုတ်ပြန်ခဲ့ကြသည်။[၁၂]

ကိုးကား ပြင်ဆင်ရန်

  1. Mitragyna speciosa (Korth.) Havil. is an accepted name Archived 16 July 2013 at the Wayback Machine.. Theplantlist.org. Retrieved 2013-12-26.
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ Kratom profile (chemistry, effects, other names, origin, mode of use, other names, medical use, control status)။ European Monitoring Centre for Drugs and Drug Addiction။ 12 September 2016 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ "The pharmacology and toxicology of kratom: from traditional herb to drug of abuse" (2016). Int. J. Legal Med. 130 (1): 127–38. doi:10.1007/s00414-015-1279-y. PMID 26511390. 
  4. Adkins, Jessica E. (2011-05-01). "Mitragyna speciosa, a psychoactive tree from Southeast Asia with opioid activity". Current Topics in Medicinal Chemistry 11 (9): 1165–75. doi:10.2174/156802611795371305. PMID 21050173. 
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ "From Kratom to mitragynine and its derivatives: Physiological and behavioural effects related to use, abuse, and addiction" (2013). Neurosci Biobehav Rev 37 (2): 138–151. doi:10.1016/j.neubiorev.2012.11.012. ISSN 0149-7634. PMID 23206666. 
  6. Department of Health and Aging Therapeutic Goods Administration (26 February 2004)။ National Drugs and Poisons Schedule Committee (PDF)။ 40th meeting။ Government of Australia။ pp. 103–105။ 7 August 2022 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး1 June 2022 တွင် ပြန်စစ်ပြီး
  7. Unauthorized "Sāj" kratom products seized from two Edmonton stores may pose serious health risks။ Canada (4 May 2018)။ 8 August 2018 တွင် ပြန်စစ်ပြီး။
  8. ၈.၀ ၈.၁ Import Alert 54-15; Detention without physical examination of dietary supplements and bulk dietary ingredients that are or contain Mitragyna speciosa or kratom။ U.S. Food and Drug Administration (20 December 2016)။ 7 March 2018 တွင် ပြန်စစ်ပြီး။
  9. Tave၊ Steven J. (26 February 2018)။ FDA warning letter to Industrial Chemicals, LLC, and INI Botanicals။ Office of Dietary Supplement Programs, Center for Food Safety and Applied Nutrition, US Food and Drug Administration။ 7 March 2018 တွင် ပြန်စစ်ပြီး။
  10. FDA and kratom။ US Food and Drug Administration (3 April 2019)။ 8 August 2019 တွင် ပြန်စစ်ပြီး။
  11. ၁၁.၀ ၁၁.၁ "New drugs of abuse" (February 2015). Pharmacotherapy 35 (2): 189–97. doi:10.1002/phar.1522. PMID 25471045. 
  12. ၁၂.၀ ၁၂.၁ Gottlieb, Scott (6 February 2018)။ Statement from FDA Commissioner Scott Gottlieb, M.D., on the agency's scientific evidence on the presence of opioid compounds in kratom, underscoring its potential for abuse။ US Food and Drug Administration။ 6 February 2018 တွင် ပြန်စစ်ပြီး။
  13. "Following "the Roots" of Kratom (Mitragyna speciosa): The Evolution of an Enhancer from a Traditional Use to Increase Work and Productivity in Southeast Asia to a Recreational Psychoactive Drug in Western Countries" (2015). BioMed Research International 2015: 1–11. doi:10.1155/2015/968786. PMID 26640804. 
ကိုးကား အမှား - <ref> tag with name "warner" defined in <references> group "" has no content.