သက္ကရာဇ် ၅၈၂ တွင် ပုဂံရှိ ရပ်စောက်ဂူဘုရားတွင် ရေးထိုးသော မင်စာ ဖြစ်သည်။ ရေးထိုးသည့် ခုနှစ်ကို မင်စာတွင် ပါသည်မှ လွဲ၍ အခြား ရေးထိုးသူ ကုသိုလ်ရှင် အကြောင်း မသိရချေ။ ပထမပိုဒ်၌ အလှူ ဖြစ်မြောက်ပုံကို ရေးထိုးထားကာ၊ ဒုတိယပိုဒ်၌ ထိန်းသိမ်း စောင့်ရှောက်သူတို့၌ ဘုန်းကျက်သရေ တိုးပွားစေမည့် အကြောင်း ရေးထိုးသည်။ တတိယပိုဒ်နှင့် စတုတ္ထပိုဒ်ဝယ် ဘုရားကျွန်ကို ရောင်းစားသူနှင့် ကောင်းမှုကို ဖျက်လိုဖျက်ဆီး လုပ်သူများကို အလွန် ပြင်းထန်သော ကျိန်စာ တိုက်ထားလေသည်။ နောက်ဆုံးပိုဒ်တွင် ကုသိုလ်ရှင်၏ ဆန္ဒ တောင်းဆုကို ရေးထိုးခြင်းဖြင့် နိဂုံးချုပ်ထား၏။

အနက်ဖော် ပြင်ဆင်ရန်

သက္ကရာဇ် ၅၈၂ ခု၊ နွယ်တာလဆန်း ၇ ရက်၊ တနင်္ဂနွေနေ့ ဂူပြီးသတည်း။ သရက်စဉ်အား သုဝဏ္ဏပိစည်မြောင်းလည်း တူး၏။ သုဖရစ် တင်းကုပ်ဖက်၍လည်း ဆင်ခြံဖွဲ့၏။

ဤကား ဝါ၌ နင်တို့ကျွေးစေသတည်း။ ငါကား ချောင်းတာလယ်တာ မရှိကျင်ရကား ဘုရားကျွန်လျှင် ကျွေးစေသတည်း။ ငါဒါယကာမဲ့မူလည်း ငါ့အစ်ကိုလည်းကောင်း၊ ငါ့နှမလည်းကောင်း၊ ငါ့တူလည်းကောင်း၊ ငါ့တူမလည်းကောင်း၊ ငါ့မြေးလည်းကောင်း၊ ငါ့သားလည်းကောင်း၊ ဤဘုရားကျွေးသောသူကား ငါဒါယကာထက်လျှင် အကျိုးအတိုင်းမသိ ရစေသတည်း။

ဤဘုရားကျွန်ကို ရောင်းစားသောသူကား မြေကားအထက် ရောင်းစားသောသူကား အအောက် ဖြစ်စေသတည်း။ နင်အမျိုးတကာကို မစေစေချင်၍ ပြတ်သောကား မဟုတ်စွံ။ ဘုရားကျွေးစေလိုရကား အမျိုးတကာ ငါပေးသတည်း။

ဤခွက်တစ်ပွဲသောကား ကျောင်း၌နေသော သခင်ဟူသမျှ စားစေသတည်း။ စားစေရှင်၊ ရောင်းချစားစေသော မဟုတ်စွံ။ ကျောင်းပရိက္ခရာ ထားသတည်း။ ဤခွက်ကို ဥပါယ်တလည်မူ၍ ရောင်းစံ့၊ မြေကားအထက် ရောင်းစားသူအအောက် ဖြစ်စေသတည်း။

ဤငါပြုသောဥယျာဉ်ကား အဆွေအမျိုး စိုးသတည်း။ စိုးရှင်၊ ရောင်းချစားစေသော မဟုတ်စွံတည်း။ ဘုရားတရားကို ကျွေးစေလိုရကား နင်တို့တကာ ငါနှင်းသတည်း။

ပိဋကတ်အဦး သီလက္ခန္ဓဝါသီတကျမ်း၊ အဘိဓမ္မသင်္ဂဏီ တကျမ်း၊ ဒသဇာတ် တကျမ်း၊ ဓမ္မပဒ တကျမ်း၊ ဝိနည်းတပုံလည်း ပြုခဖူး၏။ သခင်တို့ လုံ့လမူ၍ တပ်သောပညာသည် တပ်သဖွယ်ကဲ့သို့ ငါဒါယကာကို တပ်လေသတည်း။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. အရှင် အကုသိုလ်-ကုသိုလ်တော်စာကြည့်တိုက် (၂၀၀၉ ခု၊ နိုဝင်ဘာလ၊ ပကြိမ်။)။ စာကိုးအဘိဓာန်။ မြန်မာစာအဖွဲ့ဦးစီးဌာန။ p. ၂၉၅။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)