၁၉၂၄ ခုနှစ်၊ မေလ-၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပတဲ့ သပိတ်မှောက် ဂျီစီဘီအေ (လှိုင်ပုကျော် ဂျီစီဘီအေ) ရဲ့ ပေါင်းတည် ကွန်ဖရင့် အပြီး အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေးစိတ်ဓာတ် တဖွားဖွား မြင့်တက်လာမှုအရ ပေါ်ပေါက်လာခဲ့သော အသင်းအဖွဲ့ဖြစ်သည်။ "အစိုးရကို မဆက်ဆံဘူး၊ ဒိုင်အာခီ ကို အသိအမှတ်မပြုဘူး၊ အခွန် မပေးဘူး"စသည့် ကြွေးကြော်သံများဖြင့် ဖွဲ့စည်းခဲ့သည်။ ဒိုင်အာခီခေတ်အတွင်း ဟင်္သာတနယ်၌ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ပေါင်းတည်သာယာဝတီရွှေဘိုမုံရွာပြည်တောင်တွင်းကြီးထားဝယ် အပါအဝင် ဒေသအသီးသီးတွင် ပေါ်ပေါက်ခဲ့သည်။ နယ်ချဲ့ အင်္ဂလိပ်အစိုးရ က အနုနည်းဖြင့် ဆန့်ကျင်အံတုခြားနားကြသော “ဘူးအသင်း”များကို မတရားသင်းအဖြစ် ကြေညာကာဖမ်းဆီး နှိပ်ကွပ်ပစ်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။