ဘွန်းပွဲတော်
အိုဘွန်း (お盆) သို့မဟုတ် ဘွန်း (盆) သည် ဂျပန်တို့၏ ဗုဒ္ဓဘာသာဆိုင်ရာ ဓလေ့ထုံးစံတစ်ခုဖြစ်သည်။ ဘိုးဘေးဘီဘင်တစ်ဦး၏ စိတ်ဝိညာဉ်ကို အရိုအသေပြုသည့် အလေ့အထတစ်ခု ဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ဆက်နွယ်သည့်အလေ့အထသည် မိသားစုဝင်များပြန်လည်တွေ့ဆုံသည့် အလေ့အထတစ်ခုအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ ထိုအချိန်တွင် လူအများသည် ဘိုးဘေးဘီဘင် မိသားစုများတို့ နေထိုင်ရာနေရာများသို့ ပြန်လာကြပြီး လည်ပတ်ခြင်း၊ အုတ်ဂူများအား သန့်ရှင်းခြင်းကို ဆောင်ရွက်ကြသည်။ ထိုအချိန်တွင် သေဆုံးပြီးသည့် ဘိုးဘေးတို့၏ ဝိညာဉ်သည် အိမ်သူအိမ်သားများထံ ပြန်လည်လာရောက်လည်ပတ်ကြသည်ဟု ယုံကြည်ကြသည်။ ဤအလေ့အထသည် ဂျပန်တွင် ကျင်းပဖြစ်တည်လာခဲ့သည်မှာ နှစ် ၅၀၀ ကျော်ရှိခဲ့ပြီ ဖြစ်ကာ ကျင်းပရာတွင် ဘွန်းအကလည်း ပါဝင်သည်။
အိုဘွန်းပွဲတော် | |
---|---|
အဲဒိုခေတ်နှောင်းပိုင်း ဘွန်းပွဲတော် | |
အခြားနာမည် | ဘွန်း |
ကျင်းပသည့်နိုင်ငံ | ဂျပန်ပြည်သူများ |
အမျိုးအစား | ယုံကြည်မှု၊ ဓလေ့ |
သိသာထင်ရှားမှု | ဘိုးဘေးဘီဘင်တစ်ဦး၏ ဝိညာဉ်အား အရိုအသေပြုခြင်း |
နေ့ရက် |
|
အကြိမ် | Annual |
ဆက်နွယ်မှု | Ghost Festival (in China) Tết Trung Nguyên (in Vietnam) Baekjung (in Korea) Pchum Ben (in Cambodia) Boun Khao Padap Din (in Laos) Mataka dānēs (in Sri Lanka) Sat Thai (in Thailand) |
ဘွန်းပွဲတော်ကို သုံးရက်ကြာ ကျင်းပကြသည်။ ကျင်းပရာတွင် ဂျပန်၏ နေရာဒေသကွဲပြားမှုကိုလိုက်ကာ စတင်ကျင်းပသည့်နေ့ရက်သည် ပြောင်းလဲမှု ရှိသည်။ မဲအိဂျိခေတ် ( Meiji era) တွင် lunar ပြက္ခဒိန်မှ Gregorian ပြက္ခဒိန်သို့ ပြောင်းလဲလိုက်သည့်အခါ ဂျပန်တွင် နေရာဒေသအပေါ် သက်ရောက်မှုများ ရှိခဲ့သည်။ ထိုကဲ့သို့သော သက်ရောက်မှုကြောင့် ဂျပန်တွင် ဘွန်းပွဲတော်ကို ကျင်းပသည့်အချိန်မှာ တူညီမနေဘဲ သုံးမျိုးဖြစ်နေသည်။ ခုနစ်လပိုင်းတွင် ကျင်းပသည့် ရှိချိဂဆွတ်ဘွန်း သည် solar ပြက္ခဒိန်အပေါ် အခြေခံထားပြီး ဇူလိုင်လ ၁၅ ရက်နေ့ပတ်ဝန်းကျင်တွင် ဂျပန်၏ အရှေ့ပိုင်းဒေသများ (တိုကျို၊ ယိုကိုဟားမား ကဲ့သို့သော ကန်တိုးဒေသ နှင့် တိုးဟိုခုဒေသ) တွင် ကျင်းပကြသည်။ ထိုတစ်ချိန်တည်းတွင်ပင် ချူးဂန်းတွင်လည်း ကျင်းပသည်။ ရှစ်လပိုင်းတွင် ကျင်းပသည့် ဟချိဂဆွတ်ဘွန်း သည် lunar ပြက္ခဒိန်အပေါ် အခြေခံထားသည်။ ဩဂုတ်လ ၁၅ ရက်နေ့ပတ်ဝန်းကျင်တွင် ကျင်းပလေ့ရှိပြီး ဂျပန်တွင်အများဆုံးကျင်းပပြုလုပ်မှု အများဆုံးကာလလည်း ဖြစ်သည်။ ခရူးဘွန်း (ဘွန်းပွဲတော်ဟောင်း) သည် lunar ပြက္ခဒိန်ကို အခြေခံကာ ခုနစ်လမြောက်လ၏ ၁၅ ရက်နေ့တွင် ကျင်းပသည်။ ခရူးဘွန်းကို ကန်တိုးဒေသမြောက်ပိုင်း၊ ချူးဂိုခုဒေသ၊ ရှိခိုခို နှင့် အိုခိနာဝါစီရင်စုတို့တွင် ကျင်းပကြသည်။ ထိုကျင်းပသည့် ရက်သုံးရက်ကို တရားဝင်ရုံးပိတ်ရက်များအဖြစ် မသတ်မှတ်ထားသော်လည်း ထိုရက်တွင် လူအများသည် ထုံးစံနှင့်အညီ ခွင့်ယူကြသည်။[၁]
ဇာစ်မြစ်
ပြင်ဆင်ရန်ဘွန်းအက
ပြင်ဆင်ရန်ဘွန်းအိုဒိုရိ (ဂျပန်: 盆 踊 り) သည် ဘွန်းအကဟု အဓိပ္ပာယ်ရ၏။ ဘွန်းပွဲတော်တွင် ကသည့် အကတစ်မျိုး ဖြစ်၏။ နဂိုကတည်းက နန်းဘုဆွတ်ရိုးရာအကကို သေဆုံးပြီးသောသူတို့၏ ဝိညာဉ်များကို ကြိုဆိုရန် ကကြသည်။ ဒေသတစ်ခုနှင့် တစ်ခုသည် ကျင်းပပြုလုပ်သည့် ပုံစံမှာမူ မတူကွဲပြားကြသည်။ ဒေသတစ်ခုချင်းစီတွင် ဒေသအကတစ်ခု ရှိပြီး မတူကွဲပြားသည့် ဂီတများလည်း ရှိ၏။ ထိုဂီတသည် သီချင်းဖြစ်ပြီး ဘွန်းပွဲတော်နှင့် သက်ဆိုင်သည့် အကြောင်းအရာများ ပါဝင်သည့် သီချင်းများနှင့် ဒေသ မင်ယိုးရိုးရာသီချင်းများ ဖြစ်သည်။ ဘွန်းအကသည်လည်း ကပြကြသည့် ပုံစံနှင့် သီချင်းသည် ဒေသတစ်ခုနှင့် တစ်ခုတွင် မတူကြပေ။ ဟိုးခိုင်ဒိုတွင် ရိုးရာသီချင်း “ဆိုရန်ဘူရှိ” ကို သိကြသည်။ “တိုကျိုအွန်ဒို” ဟု သိကြသည့် သီချင်းသည် ဂျပန်၏ မြို့တော်အမည်ကို ယူထားခြင်း ဖြစ်သည်။ “ဂူဂျိုအိုဒိုရိ” သည် ဂိဖုစီရင်စုရှိ ဂူဂျိုးတွင် ညဘက်အကအဖြစ် လူသိများကြသည်။ “ဂိုးရှူးအွန်ဒို” သည် ရှိဂစီရင်စုမှ ရိုးရာသီချင်း ဖြစ်၏။ ခန်ဆိုင်ဧရိယာရှိ ဒေသခံများသည် “ခဝချိအွန်ဒို” သီချင်းကို အသိအမှတ်ပြု လက်ခံကြ၏။ “အဝအိုဒိုရိ” အမည်ရသည့် သီချင်းမှာမူ ရှိခိုခု၏ တိုခုရှိမားတွင် အလွန်ကျော်ကြားသည်။ ခဂိုရှိမားတွင်မူ “အိုဟရဘုရှိ” သီချင်းကို ကြားနိုင်ပေသည်။
ဘွန်းအကသည် ဒေသတစ်ခုချင်းပေါ်မူတည်၍ တင်ဆက်ပုံ ကွဲပြားမှု ရှိ၏။ မြင့်မားသော သစ်သားဖြင့် ပြုလုပ်ထားသော ငြမ်းစင်ကို စက်ဝိုင်းပုံသဏ္ဌာန်လှည့်ပတ်ကာ လူအများသည် ပါဝင်ကပြကြသည်။ ထိုငြမ်းစင်သည် ယဂုရ ဟု ခေါ်သည်။ ယဂုရသည် အဆိုတော်များ၊ ဘွန်းဂီတနှင့် ဂီတပညာရှင်များအတွက် စင်မြင့် ဖြစ်၏။ အချို့သော ကပြမှုများသည် နာရီလက်တံအတို်င်း ယဂုရကို လှည့်လည်ကာ ကကြသည်။ အချို့မှာမူ နာရီလက်တံပြောင်းပြန် လှည့်လည်ကာ ကပြကြသည်။ အချို့သော ကပြမှုများတွင်မူ ကနေစဉ်အတွင်း ပြောင်းပြန်လှည့်လည်ကြသည်လည်း ရှိ၏။ သို့သော် အများစုမှာမူ ဤသို့ ပြောင်းပြန်ကမှု မရှိပေ။ ကပြရာတွင်လည်း လူများသည် ယဂုရကို မျက်နှာချင်းဆိုင်ကာ တိုးသွားခြင်း၊ နောက်ဆုတ်ခြင်းများလည်း ပါဝင်ကြ၏။ အချို့သော ကပြမှုများဖြစ်သည့် ခရိုရှိမအိုဟရအကနှင့် တိုခုရှိမအဝအိုဒိုရိတို့သည် မြို၏ လမ်းများပေါ်တွင် မျဉ်းဖြောင့်လမ်းကြောင်းအတိုင်း ကပြကြသည်။
ဒေသတစ်ခု၏ အကသည် ထိုဒေသ၏ သမိုင်းနှင့် ထူးခြားမှုများကို သရုပ်ဖော်ပြခြင်း ဖြစ်နိုင်သည်။ ဥပမာတစ်ခု အနေဖြင့် တန်ခိုးဘုရှိ (မီးသွေးမိုင်းတူးသီချင်း) ဖြင့် ခရူရှုတွင့် မိုင်းတူးသမားများ၏ လှုပ်ရှားမှုများ(တူးခြင်း၊ လှည်းတွန်းခြင်း၊ လက်ဆွဲမီးအိမ် ဆွဲခြင်း….စသဖြင့်) ကို ပြသကြသည်။ ထိုကဲ့သို့ပင် တံငါသည်များ၏ အကြောင်းကို ပြသကပြကြသည်များလည်း ရှိ၏။ ကပြသူအားလုံးသည် အစဉ်အတိုင်း ညီညာစွာဖြင့် တူညီသောအကကို ကကြခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံ၏ ပြင်ပတွင် ကျင်းပမှုများ
ပြင်ဆင်ရန်အာဂျင်တီးနား
ပြင်ဆင်ရန်ဘရာဇီး
ပြင်ဆင်ရန်တရုတ်
ပြင်ဆင်ရန်ကိုရီးယား
ပြင်ဆင်ရန်မလေးရှား
ပြင်ဆင်ရန်အမေရိကန်နှင့် ကနေဒါ
ပြင်ဆင်ရန်ထိုင်ဝမ်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ Bon A-B-C, 2002, Bonodori.net, Japan, http://www.bonodori.net/E/sekai/bonabc3.HTML Archived 20 February 2012 at the Wayback Machine..
- ↑ Keei Beach: Kona's Best-Kept Secret - Hawaii.com။ 18 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 March 2018 တွင် ပြန်စစ်ပြီး။