မဂ္ဂဒါယက
အရှင်မဂ္ဂဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်
သိဒ္ဓတ္ထမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်
သိဒ္ဓတ္ထမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ မြတ်စွာဘုရားသည် မြစ်ကို ဖြတ်ကူးကာ တောသို့ ကြွ၏။ ထိုအခါ မဂ္ဂဒါယကထေရ်သည် ပေါက်တူး၊ ခြင်းတောင်းတို့ကို ယူကာ မြတ်စွာဘုရား သွားမည့်ခရီးလမ်းကို ပြေပြစ်အောင် လုပ်၏။[၁]
အကျိုးခံစားရခြင်း ပြင်ဆင်ရန်
ထိုကဲ့သို့ ကောင်းမှုပြုခဲ့သည့်အချိန်မှစကာ အပါယ်လေးပါးသို့ မရောက်ခဲ့ရပေ။ ထို့ပြင် ငါးဆယ့်ခုနစ်ကမ္ဘာထက်တွင် “သုပ္ပဗုဒ္ဓ” အမည်ဖြင့် မင်းတစ်ကြိမ် ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်
နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်မဂ္ဂဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]