မငေးဆရာတော်သည် ဆဋ္ဌသံဃာသယနာတွင် ပါဝင်ခဲ့သည့် သက်တော်အကြီးဆုံး ရဟန်းတော် ဖြစ်သည်။ ဆရာတော်သည် ကျမ်းစာအုပ်များကိုလည်း ရေးသားပြုစုတော်မူခဲ့သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၂၂၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက်နေ့တွင် မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်း အရှေ့ဘက် ဆင်ခေါင်းရွာ၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးရွှေလှ - ဒေါ်ထိမ်း ဖြစ်သည်။

အသက် ၁၂ နှစ်အရွယ်တွင် ရှင်သာမဏေပြုခဲ့ပြီး မန္တလေးမြို့သို့ ကြွတော်မူခဲ့ကာ စလင်းဆရာတော်၊ စံကျောင်းဆရာတော်များထံတွင် ပညာသင်ကြားခဲ့သည်။ ထို့နောက်တွင် တောင်ခွင်သာသနာပိုင်ဆရာတော်ထံတွင် ပညာဆက်လက်သင်ကြား၍ ရဟန်းပြုခဲ့သည်။

မန္တလေးမြို့တွင် ငါးဝါတိုင် စာပို့ချပြီးနောက် လက်ပန်တန်းမြို့နယ်၊ သိုက်ဝါချောင်းရွာတွင် ၁၀ နှစ်ကျော် သီတင်းသုံးခဲ့သည်။ ၁၂၆၁ ခုနှစ်တွင် ကျိုက်လတ်မြို့၊ ကွမ်းပေါက်ပိုင် မငေးကျောင်းသို့ ပြောင်းရွှေ့သီတင်းသုံးခဲ့သည်။

ဆရာတော်သည် ဆဋ္ဌသံဃာယနာတွင် ပါဝင်ခဲ့ပြီး သက်တော်အကြီးဆုံး ဆရာတော်ဖြစ်ခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၃၁၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကျမ်းများ ပြုစုခြင်း ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။

  1. ဗုဒ္ဓါဒိဂုဏဝန္ဒနာ
  2. ပုညကြိယာဒီပနီ
  3. အရိယုပေါသထစာတမ်း
  4. ဓမ္မစကြာနိသျ
  5. အနတ္တလက္ခဏသုတ်နိသျ[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၃၈၊ ၁၃၉။