မင်းတင်မွန် (ဒေါက်တာ)

(မင်းတင်မွန်၊ ဒေါက်တာ မှ ပြန်ညွှန်းထားသည်)

ဒေါက်တာ မင်းတင်မွန် (၁၉၃၄- ) သည် မြန်မာနိုင်ငံသား စာရေးဆရာနှင့် အငြိမ်းစား တက္ကသိုလ် ပါမောက္ခ ဆရာတစ်ဦး ဖြစ်ပြီး သာသနာရေး အကြံပေးပညာရှင် တစ်ဦးလည်း ဖြစ်သည်။

ဒေါက်တာ
မင်းတင်မွန်
ပါမောက္ခ ဒေါက်တာ မင်းတင်မွန်
မွေးဖွားမောင်တော်ရှိန်
(၁၉၃၄-0၁-၁၃) ဇန်နဝါရီ ၁၃၊ ၁၉၃၄ (အသက် ၉၀)
ကမာဝက်ရွာ၊ မုဒုံမြို့နယ်ဗြိတိသျှဘားမား
နိုင်ငံလူမျိုးမြန်မာ
လူမျိုးမွန်လူမျိုး
ပညာရေးပါရဂူဘွဲ့
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အမေရိကန်ပြည်ထောင်စု အီလီနွိုက်တက္ကသိုလ်
အလုပ်အကိုင်တက္ကသိုလ်ပါမောက္ခ၊ စာရေးဆရာ
ကျော်ကြားမှုအရင်းခံစာရေးဆရာ
ဓာတုဗေဒ ပါမောက္ခ
မိဘ(များ)ဦးရော်အင်၊ ဒေါ်စိန်တန်

ငယ်စဉ်ဘဝ ပြင်ဆင်ရန်

ငယ်နာမည်မှာ မောင်တော်ရှိန် ဖြစ်ပြီး မွန်ပြည်နယ်မုဒုံမြို့နယ်၊ ကမာဝက်ရွာနေ မွန်လူမျိုး ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော ဦးရော်အင်၊ ဒေါ်စိန်တန်တို့မှ (၁၃-၁-၁၉၃၄) တွင်ဖွားမြင်သည့် သားရတနာဖြစ်သည်။

ပညာရေး ပြင်ဆင်ရန်

ကမာဝက်မူလတန်းကျောင်းနှင့် မုဒုံမြို့ ရှင်အရဟံအထက်တန်းကျောင်းတို့၌ ပညာဆည်းပူးစဉ် အတန်းစဉ် ပထမရခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် အစိုးရကျောင်းထွက်လက်မှတ်ရ စာမေးပွဲနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတို့ကို သင်္ချာ၊ အထွေထွေသိပ္ပံ ဂုဏ်ထူးနှင့် ပထမအဆင့်မှ အောင်မြင်ပြီးလျှင် ရန်ကုန်တက္ကသိုလ်၌ ပညာဆက်လက်ဆည်းပူးခဲ့သည်။ ရန်ကုန်တက္ကသိုလ် ၁၉၅၃ ခုနှစ် ဥပစာတန်း စာမေးပွဲတွင် သင်္ချာပထမဆု၊ ဓာတုဗေဒ ပထမဆုရပြီး တက္ကသိုလ် ဟိုးဝါးကိန်း ရွှေတံဆိပ်ဆုနှင့် တက္ကသိုလ် စကောလားရှစ် ပညာချွန်ဆုတို့ဖြင့် ချီးမြှင့်ခံရသည်။

၁၉၅၅ ခုနှစ် သိပ္ပံဘွဲ့စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များ၌ ဂုဏ်ထူးရရှိပြီး တစ်တန်းလုံးတွင်ပထမရသဖြင့် တက္ကသိုလ်ဟာဂျီဘိုင်များရွှေတံဆိပ်ဆုချီးမြှင့်ခြင်းခံရသည်။ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနတွင်အချိန်ပိုင်းသရုပ်ပြဆရာအဖြစ် ခန့်ထားခြင်းခံရသည့်အပြင် နိုင်ငံခြားပညာတော်သင်ဆုကိုလည်းရရှိခဲ့သည်။ ထိုနှစ်မှစ၍ ဖခင်နှင့်မောင်နှမတို့ကို လုပ်ကျွေးခွင့်ရခဲ့သည်။

၁၉၅၆ ခုနှစ် သိပ္ပံဓာတုဗေဒ ဂုဏ်ထူးတန်းစာမေးပွဲ ၌ ပထမဆင့်မှအောင်မြင်ပြီး ပထမရသဖြင့် တက္ကသိုလ် ဦးရွှေလေးရွှေတံဆိပ်ဆုဖြင့်ချီးမြှင့်ခံရသည့်အပြင် ဆာဦးသွင်ရွှေတံဆိပ်ဆုကိုပါထပ်ဆင့်ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနတွင် လက်ထောက်ကထိကအဖြစ် ခန့်ထားခြင်းခံရသည်။

၁၉၅၇ တွင် အမေရိကန်ပြည်ထောင်စု အီလီနွိုက်တက္ကသိုလ်တွင် ဘွဲ့လွန်ပညာဆည်းပူးရာ ၁၉၅၈ ခုနှစ်၌ မဟာသိပ္ပံဘွဲ.ကို ရသည့်အပြင် တက္ကသိုလ်သဟာယပညာချွန်ဆုကြီး (University Fellowship) ကိုပါ ရရှိခဲ့သည်။ ဤပညာချွန်ဆုကြီးကို ရရှိခြင်းသည် အမေရိကန်ကျောင်းသူကျောင်းသားများထက် ပို၍ ပညာထူးချွန်ခြင်းကို ပြ၏။ ၁၉၆ဝ ခုနှစ်တွင် သိပ္ပံပါရဂူဘွဲ့ (Ph.D) ကိုအသက် ၂၆ နှစ်အရွယ်တွင် ဆွတ်ခူးနိုင်ခဲ့သည်။ ဆစ်မာဆိုင် (Sigma Xi) ဂုဏ်ထူးဆောင်အသင်းကို ဝင်ခွင့်ရခဲ့သည်။

နိုင်ငံ့ဝန်ထမ်း ပြင်ဆင်ရန်

မြန်မာနိုင်ငံသို့ ပြန်လာပြီး ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်အမူထမ်းသည်။ ၁၉၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန၌ ကထိကရာထူးတိုးမြှင့်ခြင်းခံရသည်။ ထို့နောက် မော်လမြိုင်ဒီဂရီကောလိပ်၊ ရန်ကုန်ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ပညာရေးတက္ကသိုလ်တို့တွင် ဓာတုဗေဒဌာနမှူးနှင့် ကထိကတာဝန်ကိုထမ်းဆောင်ရသည်။ ၁၉၈၆ ခုနှစ်မှစ၍ ၁၉၈၈ ထိ မော်လမြိုင်တက္ကသိုလ် ဓာတုဗေဒဌာနမှူးနှင့် တွဲဘက်ပါမောက္ခတာဝန်ကိုထမ်းဆောင်ယူခဲ့သည်။ ၁၉⁠၉၂ ခုနှစ်ဒီဇင်ဘာ ၁ရက်နေ့တွင် တက္ကသိုလ်များ၌ ၃၇ နှစ်ကျော် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးဖြစ်၍ သာသနာပြုရန်အတွက် အငြိမ်းစားယူခဲ့သည်။

၁၉⁠၉၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ သာသနာရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်အဖြစ် ထပ်မံခန့်ထားခြင်းကို ခံရပြီးလျှင် ၁၉⁠၉၈ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ပဋိပတ္တိ ပါမောက္ခ အဖြစ်ပါ ပူးတွဲ၍ တာဝန်ထမ်းဆောင်ခဲ့ရသည်။ ၂၀⁠၀၆ ခုနှစ် ဩဂုတ်လ ၁ရက်နေ.မှစ၍ သာသနာရေးဝန်ကြီးဌာန အကြံပေးပညာရှင်နှင့် ပဋိပတ္တိ ပါမောက္ခအဖြစ် ဆက်လက်တာဝန်ပေးခြင်းခံရသည်။[၁]

ရေးသားခဲ့သည့် စာပေများ ပြင်ဆင်ရန်

ကျမ်းကိုး ပြင်ဆင်ရန်

  1. ဒေါက်တာမင်းတင်မွန် ၏ မှန်ကန်သောဘဝအမြင် နှင့် အသက်ရှင်ခြင်း နှင့် သေခြင်း စာအုပ် မှ