မော်လမြိုင်တက္ကသိုလ်သည် မော်လမြိုင်မြို့တွင် တည်ရှိပြီး မြန်မာ့အရှေ့တောင်၏ အကြီးဆုံး တက္ကသိုလ်ဖြစ်သည်။ မော်လမြိုင်တက္ကသိုလ်ကို ၁၉၅၃ ခုနှစ်တွင်စတင် တည်ထောင်ခဲ့သည်။ မော်လမြိုင်တက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်ပြီးလျှင် မြန်မာနိုင်ငံတွင် တတိယမြောက် တည်ထောင်သော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ဖြစ်သည်။ မော်လမြိုင်တက္ကသိုလ်သည် ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များ၊ မဟာဝိဇ္ဇာဘွဲ့များကို ချီးမြှင့်နိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း အဏ္ဏဝါသိပ္ပံဘွဲ့ကို ချီးမြှင့်ပေးနိုင်သော တက္ကသိုလ်အချို့သာရှိရာ မော်လမြိုင်တက္ကသိုလ်သည် တစ်ခုအပါအဝင် ဖြစ်သည်။

မော်လမြိုင် တက္ကသိုလ်
Mawlamyine University
ပညာတန်ဆောင် ပြည့်ကျိုးဆောင်အံ့
Enshrine the education, serves the peoples' will
{{{အမည်}}}
မော်လမြိုင် တက္ကသိုလ်၏ အမှတ်တံဆိပ်
တည်ထောင်ခုနှစ် ၁၉၅၃
ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်
ဒုတိယပါမောက္ခချုပ် ဒေါက်တာ မီမီစိန်
ဒေါက်တာ စန်းစန်းအေး
တည်နေရာ တောင်ဝိုင်းလမ်း၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်
ပိုင်ဆိုင်မှု အစိုးရပိုင်
အထိမ်းအမှတ်အရောင် ရွှေဝါရောင်  
မော်လမြိုင်တက္ကသိုလ်

သမိုင်း ပြင်ဆင်ရန်

တည်ထောင်ခြင်း ပြင်ဆင်ရန်

မော်လမြိုင်တက္ကသိုလ်ကို ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံ မော်လမြိုင် ဥပစာကောလိပ် အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ မော်လမြိုင်ကောလိပ်အဆောက်အဦးဒီဇိုင်းကို ဗိသုကာလက်ရာမြောက်လှသော ရန်ကုန်မြို့တော်ခန်းမရန်ကုန် ဘူတာကြီး အစရှိသော အထင်ကရအဆောက်အဦးများ တည်ဆောက်ရာတွင် လူသိများ ထင်ရှားလှသည့် မြန်မာ ဗိသုကာပညာရှင် စည်သူဦးတင် ကပုံစံထုတ်ခဲ့ခြင်းဖြစ်သည်။

 
မော်လမြိုင် ဥပစာကောလိပ်၏ ပထမဆုံးကျောင်းအုပ်ကြီး စာရေးဆရာ ကုသ ခေါ် ဦးတိုးအောင် (ခရစ် ၁၉ဝ၈- ၁၉၇၆)

မော်လမြိုင် ဥပစာကောလိပ်၏ ပထမဆုံးကျောင်းအုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူမှာ ၁၉၃၀ ခုနှစ်ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့သော ခေတ်စမ်းစာပေလှုပ်ရှားမှုတွင် ဆရာဇော်ဂျီသိပ္ပံမောင်ဝမင်းသုဝဏ်၊ မောင်ထင်၊ မောင်သုတ၊ ဧမောင် တို့နှင့်အတူ ရှေ့တန်းမှ မား⁠မားမတ်မတ် ဦးဆောင်ပါဝင်ခဲ့သူ စာရေးဆရာ ကုသ ခေါ် ဦးတိုးအောင်ဖြစ်သည်။

မြေနေရာရွေးချယ်ခြင်း ပြင်ဆင်ရန်

ကောလိပ်တည်ဆောက်ရန် မြေနေရာစတင်ရွေးချယ်စဉ်က လက်ရှိနေရာ၏ လှပသောရှုခင်းနှင့်ပတ်ဝန်းကျင်သည်ကောလိပ်တစ်ခု တည်ဆောက်ရန်အတွက် အကောင်းဆုံး မြေနေရာဖြစ်ခဲ့သည်။ ကောလိပ်၏ တည်နေရာသည် မော်လမြိုင်မြို့လယ်ခေါင်၏ အရှေ့မြောက် (၄) မိုင်အကွာတွင်တည်ရှိသည်။ ၎င်းကို ၁၉၅၀ အစောပိုင်းတွင်တည်ထောင်ခဲ့စဉ်က ကောလိပ်၏အရွယ်အစားမှာ ၄၁၇.၈၇ ဧကဖြစ်သည်။ ၎င်းကိုမော်လမြိုင် - တောင်ဝိုင်း၊ အဓိကလမ်းနှင့်မော်လမြိုင် - အမ်ရတ်လမ်းများဖြင့်ကန့်သတ်ထားသည်။ ထိုနေရာ၏ အရှေ့ဘက်ခြမ်းတွင်ကောလိပ်နှင့်မိုင်ဝက်အကွာအဝေးတွင်တောင်ဝိုင်းဟုခေါ်သော တောင်တန်းတစ်ခုရှိသည်။ ကောလိပ်နှင့်မိုင်လေးပုံတစ်ပုံခန့်အကွာတွင် ဗြိတိသျှတော်ဝင်လေတပ်နှင့် အမေရိကန် ကျားပျံလေသရဲအဖွဲ့ တို့၏ ဒုတိယကမ္ဘာစစ်လေယာဉ်ကွင်း (ယခုမော်လမြိုင်လေဆိပ်) ရှိသည်။ ကောလိပ်ကို မတည်ဆောက်မှီက တောင်ဝိုင်းတောင်နှင့် ၎င်း၏ပတ်ဝန်းကျင်သည် ၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်း ကိုလိုနီခေတ်ကာလတွင် ဗြိတိသျှအုပ်ချုပ်သူအရာရှိများနှင့် ဒေသခံ အထက်တန်းလွှာလူတန်းစားများ၏ ပျော်ပွဲစားထွက်ရာစခန်းနှင့် ဒေသခံ တရုတ်အသိုင်းအဝိုင်း၏ ဥယျာဉ်များရှိရာ နေရာဖြစ်ခဲ့သည်။ ခရစ်နှစ် ၁၈၃၆ ခုနှစ်က ဗြိတိသျှပိုင်အောက်မြန်မာပြည်၏မြို့တော် မော်လမြိုင်မြို့သို့ (ထိုစဉ်က အထက်မြန်မာပြည်တွင် ဘကြီးတော်(စစ်ကိုင်းမင်း) စိုးစံချိန်ဖြစ်သည်) ရောက်ခဲ့သော ၁၉ရာစု အမေရိကန်ခရီးသွားစာရေးဆရာ Howard Malcom ၏ ခရီးသွားမှတ်တမ်းများအဆိုအရ၊ မော်လမြိုင်တရုတ်အသိုင်းအဝိုင်းမှ အစောပိုင်းအခြေချနေထိုင်သူများသည် တောင်ဝိုင်းတောင်( တရုတ်ဘာသာဖြင့် လင်းဒင် ဟုခေါ်ဆို) နှင့်ပတ်ဝန်းကျင် အနီးတဝိုက်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စိုက်ပျိုးကာ နေထိုင်ကြသည်ဟု ဆိုသည်။[၁]

တိုးချဲ့ခြင်း ပြင်ဆင်ရန်

၁၉၆၄ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်အဖြစ် ပြောင်းလဲတိုးမြှင့်ခဲ့သည်။ ဒီဇင်ဘာ ၁၅ ရက် ၁၉၈၂ တွင် မော်လမြိုင် ဒီဂရီကောလိပ်၏ နည်းပညာဌါနသည် ကောလိပ်မှ သီးခြားခွဲထွက်ကာ အစိုးရနည်းပညာအင်စတီကျု (ယခု မော်လမြိုင်နည်းပညာတက္ကသိုလ်) ကိုတည်ထောင်ခဲ့သည်။

 
စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင် (၁၉၈၆ - ၈၈ ကာလ မော်လမြိုင် တက္ကသိုလ် ဒုတိယအဓိပတိ)

ထို့နောက် ၁၉၈၆ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်မှ မော်လမြိုင်တက္ကသိုလ်အဖြစ်သို့ ပြောင်းလဲတိုးမြှင့်ခဲ့သည်။

ဘာသာရပ်များ သင်ကြားပေးမှု ပြင်ဆင်ရန်

မြန်မာ့ တက္ကသိုလ်ပညာရေးစနစ်တွင် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များအား အတူတကွ ပေါင်းစည်းထားခဲ့ပြီး မော်လမြိုင်တက္ကသိုလ်သည် ရိုးရိုးဝိဇ္ဇာဘာသာရပ်များနှင့် သိပ္ပံဘာသာ အထူးပြု ကျောင်းသားများအား ဝိဇ္ဇာဘွဲ့များနှင့် မဟာဘွဲ့များကို ချီးမြှင့်ပေးသည်။ ၎င်းသည် ရိုးရိုး Bachelor Of Art(BA) ဝိဇ္ဇာဘွဲနှင့် Bachelor Of Science(BSc) သိပ္ပံဘွဲ့ ရယူနိုင်ရန်အတွက် သုံးနှစ် အချိန်ပေးရပြီး BA(Hons) နှင့် BSc(Hons) တို့ကဲ့သို့သော ဂုဏ်ထူးတန်း(Honor Degree)များအတွက်ကိုမူ ၄ နှစ်အချိန်ပေးရလေသည်။ ဥပဒေပညာအတွက်မှာမူ ၅ နှစ် အချိန်ပေးရသည်။ မြန်မာနိုင်ငံတွင် အဏ္ဏဝါသိပ္ပံဘွဲ့ချီးမြှင့်သည့် တက္ကသိုလ်မှာ အနည်းငယ်မျှသာရှိသည့်အနက် မော်လမြိုင်တက္ကသိုလ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကမ်းခြေနှင့် ဆက်စပ်နေသော မြို့တစ်ခုဖြစ်သည့် မော်လမြိုင်မြို့တောင်ဘက် ၆၀ ကီလိုမီတာအကွာတွင် တက္ကသိုလ်၏အဏ္ဏဝါသပ္ပံလက်တွေ့စမ်းသပ်ရန်နေရာတစ်ခု ထားရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံးသော အမျိုးအစားဖြစ်သည်။

ဘာသာရပ် ဘွဲ့ မဟာဘွဲ့ ပါရဂူဘွဲ့
မြန်မာစာ ဘီအေ(BA) အမ်အေ(MA) --
အင်္ဂလိပ်စာ ဘီအေ(BA) အမ်အေ(MA)
ပထဝီဝင် ဘီအေ(BA) အမ်အေ(MA)
သမိုင်း ဘီအေ(BA) အမ်အေ(MA)
ဒဿနိကဗေဒ ဘီအေ(BA) အမ်အေ(MA)
စိတ္တဗေဒ ဘီအေ(BA) အမ်အေ(MA)
ရုက္ခဗေဒ ဘီအပ်စီ(BSc) အမ်အပ်စီ(MSc)
ဓာတုဗေဒ ဘီအပ်စီ(BSc) အမ်အပ်စီ(MSc)
အဏ္ဏဝါသိပ္ပံ ဘီအပ်စီ(BSc) အမ်အပ်စီ(MSc) PhD
သင်္ချာ ဘီအပ်စီ(BSc) အမ်အပ်စီ(MSc)
ရူပဗေဒ ဘီအပ်စီ(BSc) အမ်အပ်စီ(MSc)
သတ္တဗေဒ ဘီအပ်စီ(BSc) အမ်အပ်စီ(MSc)
ဘူမိဗေဒ ဘီအပ်စီ(BSc) -- --
ဇီဝဓာတုဗေဒ ဘီအပ်စီ(BSc) -- --
အဏုဇီဝဗေဒ ဘီအပ်စီ(BSc) -- --
ဥပဒေပညာ LLB LLM --

အုပ်ချုပ်ရေး ပြင်ဆင်ရန်

အုပ်ချုပ်သူများ စာရင်း (၁၉၅၃ မှ ယခု) ပြင်ဆင်ရန်

  • ဦးတိုးအောင် (စာရေးဆရာ ကုသ) (၁၉၅၃ခု မတ်လ မှ ၁၉၆၃ ခု ဇူလိုင်လ)
  • ဒေါက်တာဖေသောင်း
  • ဦးလှရွှေ
  • ဒေါက်တာ မန်းသက်စံ
  • ဒေါက်တာမောင်ဒီ (၁၉၇၂ မှ ၁၉၇၇)
  • ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်) (မော်လမြိုင် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၇ - ၈၅)၊ မော်လမြိုင် တက္ကသိုလ် ဒုတိယအဓိပတိ (၁၉၈၆ - ၈၈))
  • ဦးတင်ဦးလှိုင်
  • ဦးလှထွန်းအောင်
  • ဒေါက်တာလှဖေ
  • ဦးကြည်ဝင်း
  • ဦးစန်းတင့်
  • ဦးမြသိန်း(ဒုတိယပါမောက္ခချုပ်ဖြင့် တာဝန်ယူအုပ်ချုပ်)
  • ဦးစောဟန်ရှိန်
  • ဦးထွန်းသိန်း
  • ဒေါက်တာဌေးအောင်
  • ဒေါက်တာအောင်မြတ်ကျော်စိန် တို့ဖြစ်ကြသည်။

အဆောက်အဦးများ ပြင်ဆင်ရန်

 
မော်လမြိုင်တက္ကသိုလ်၏အဓိကဝင်ပေါက် အဓိပတိလမ်းမ

အရေးကြီးသော အဆောက်အဦးများ ပြင်ဆင်ရန်

  • ဗညားဒလ ဆောင်
  • ရာမည ဆောင်
  • ဘွဲ့နှင်းသဘင်ခန်းမ
  • တက္ကသိုလ်ဆေးရုံ
  • စက်စဲ အဏ္ဏဝါသိပ္ပံသုတေသနစင်တာ
  • တက္ကသိုလ်အားကစားခန်းမ
  • တက္ကသိုလ်စာကြည့်တိုက် - တက္ကသိုလ်စာကြည့်တိုက်အဖြစ် ၃ထပ် စာကြည့်တိုက်အား ဇန်နဝါရီလ ၂၀၀၄ ခုနှစ်တွင် ပြီးစီး၍ စာစောင်၊ စာအုပ်ပေါင်း ၁၀၆, ၀၀၀ ခန့် ထားရှိပြီးဖြစ်သည်။

အပြည်ပြည်ဆိုင်ရာဆက်နွယ်မှု ပြင်ဆင်ရန်

သုတေသန ပြင်ဆင်ရန်

  •   Songkla မင်းသား တက္ကသိုလ်[၂]
  •   Silliman တက္ကသိုလ် - မော်လမြိုင်တက္ကသိုလ် သည် ဖိလစ်ပိုင်နိုင်ငံ Silliman တက္ကသိုလ်နှင့်သုတေသနနှင့်ပညာရေး ချိတ်ဆက်ချက်များ ရှိပြီးဖြစ်သည်။ [၃]
  •   Scripps Institution of Oceanography[၂]
  •   တိုကျိုအဏ္ဏဝါသိပ္ပံနှင့်နည်းပညာတက္ကသိုလ် - မော်လမြိုင်တက္ကသိုလ် သည် တိုကျိုအဏ္ဏဝါသိပ္ပံနှင့်နည်းပညာတက္ကသိုလ်နှင့်အပြည်ပြည်ဆိုင်ရာ လဲလှယ်သဘောတူညီချက်များ ရှိပြီးဖြစ်သည်။[၄][၅]
  •   သဘာဝအရင်းအမြစ်နှင့်ဘဝကသိပ္ပံတက္ကသိုလ်, ဗီယင်နာ[၂]

သင်ကြားရေး ပြင်ဆင်ရန်

  •   BABSEACLE ဥပဒေရေးရာပညာရေးဖောင်ဒေးရှင်း[၆]
  •   ကော်နဲလ်တက္ကသိုလ်[၂]
  •   နယူးဆောက်သ်ဝေးလ်စ် တက္ကသိုလ်[၇]

ကျောင်းသားဖလှယ်ရေး ပြင်ဆင်ရန်

  •   Hosei တက္ကသိုလ်[၂]
  •   အင်ဒီယားနားတက္ကသိုလ် - Purdue တက္ကသိုလ် ဖို့တ်ဝိန်း (IPFW)[၈]
  •   ခွန်ကန် တက္ကသိုလ် (Khon Kaen University)[၉]
  •   တိုကျိုတက္ကသိုလ်[၂]

ထင်ရှားသောဆရာဟောင်းများ ပြင်ဆင်ရန်

ထင်ရှားသောကျောင်းသားဟောင်းများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Li, Yi (2016). Revisiting the Nineteenth- century Marketplace, and the Chinese Community in Moulmein. Center for Burma Studies Northern Illinois University. p.73
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ https://www.myanmar-edu.org/mueucap-university-mawlamyine
  3. Linkages & Partnerships | Silliman University (in en-US)။ 2017-10-03 တွင် ပြန်စစ်ပြီး။
  4. "Myanmar Seminar - Overseas Partner Institutions, University of Yangon and Mawlamyine University -:東京海洋大学" (in ja)၊ Myanmar Seminar - Overseas Partner Institutions, University of Yangon and Mawlamyine University -:東京海洋大学။ 30 June 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 23 January 2019။ 
  5. Academic Exchange Agreements - 東京海洋大学။ 26 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-10-26 တွင် ပြန်စစ်ပြီး။
  6. Mawlamyine University Law Department’s Ambitious Clinical Legal Education (CLE) Plan - BABSEACLE
  7. Myanmar — Football United။ 12 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 July 2018 တွင် ပြန်စစ်ပြီး။
  8. An Evening Conversation with Mawlamyine University students – Fort Wayne Sister Cities
  9. มข.ต้อนรับ Mawlamyine University จาก เมียนมา[လင့်ခ်သေ]
  10. Gill, Mohana (2013). Myanmar: Cuisine, Culture, Customs. Marshall Cavendish International Asia Pte Ltd. p. 41.
  11. Philosophy Writer Nanda Thein Zan Passes Away
  12. Meet Burma’s Next Cabinet
  13. https://burmese.voanews.com/a/scient-technology/6735149.html
  14. ပြည်ထောင်စုလွှတ်တော်။ 29 May 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 July 2018 တွင် ပြန်စစ်ပြီး။