မင်းဗာ
မင်းဘာကြီး
(မင်းဗာကြီး မှ ပြန်ညွှန်းထားသည်)
မင်းဗာကြီး (မင်းပင်) မင်းဗာဘုရင် (၁၄၉၃- ၁၅၅၄) သည် ရွှေရောင်လွှမ်းမိုးသည့် ရခိုင်ဘုရင့်နိုင်ငံတော်၏၊မြောက်ဦးမြို့တော်ခေတ် ကိုအစပျိုး ခဲ့သူဖြစ်သည်။ ၁၅၃၁ တွင် ထီးနန်းကို သိမ်းပိုက်ရရှိခဲ့သည်။ သံတွဲမှ ချီတက်လာခြင်းဖြစ်သည်။ မင်းဗာကြီး သည် ဘုန်းလက်ရုံးနှင့် ပြည့်စုံသည်။ အုပ်ချုပ်ရေးနှင့် စီးပွားရေးအတွက် ရွှီမျဉ်းဓမ္မသတ်ကို ပြဋ္ဌာန်းခဲ့သည်။ မြို့တော်ကိုလည်း ခိုင်ခံ့စေသည်။ မိမိတပ်ကိုလည်း ခေတ်မှီအောင် ပေါ်တူဂီအကူအညီဖြင့် လေ့ကျင့်ပေးခဲ့ သည်။ နန်းရ၍ တစ်နှစ်အတွင်းပင် အနောက်တလွှား၊ စစ်တကောင်းနှင့် ဒက္ကာတို့ကို ပြန်လည်သိမ်းပိုက်ခဲ့ သည်။ ၁၅၃၅ ခုနှစ်တွင် ပေါ်တူဂီရေတပ်ကို ချေမှုန်းခဲ့ပြန်သည်။ တောင်ငူရန်စစ် (၁၅၄၅-၁၅၄၇) ကိုလည်း ကြံ့ကြံ့ခံ့ခဲ့ရသည်။ ကုသိုလ်တော်မှာ သျှစ်သောင်းပုထိုးတော်ကြီး ဖြစ်သည်။ နန်းသက် ၂၂ တွင် လွန်လေသည်။