မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ

မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် မကွေးတိုင်းမင်းဘူးမြို့နယ်၊ မင်းဘူး-အမ်းကားလမ်းအနီးတွင်တည်ရှိသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံဖြစ်သည်။ စီမံကိန်း ပထမ၊ ဒုတိယနှင့် တတိယအဆင့်များတွင် ၄၀ မဂ္ဂါဝပ်စီ၊ စတုတ္ထအဆင့်တွင် ၅၀ မဂ္ဂါဝပ်နှင့် အလုံးစုံပြီးမြောက်ပါက ၁၇၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလတွင် စီမံကိန်း စတင်ခဲ့ပြီး [၂]စီမံကိန်း၏ ပထမအဆင့်ကို ၂၀၁၈ခုနှစ် ဇွန်လ ၂၇ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကာ မန္တလေး-အမ်း မဟာဓာတ်အားလိုင်းဖြင့် စတင် အသုံးပြုခဲ့သည်။ တည်ဆောက်ခွင့်ရခဲ့သည့် ဂျီအီးပီမြန်မာ ကုမ္ပဏီမှ စီမံကိန်းအဆင့်၄ဆင့်ကို ၁နှစ်လျှင် ၁ဆင့် တည်ဆောက်သွားမည်ဖြစ်ကာ ၄နှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်၍ ပြီးစီးပါက ၁၇၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။[၃]

မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ
Map
နိုင်ငံ မြန်မာ
တည်နေရာမကွေးတိုင်း၊ မင်းဘူးမြို့နယ်
ကိုဩဒိနိတ်20°03′21″N 94°40′23″E / 20.05583°N 94.67306°E / 20.05583; 94.67306ကိုဩဒိနိတ်: 20°03′21″N 94°40′23″E / 20.05583°N 94.67306°E / 20.05583; 94.67306
အခြေနေလည်ပတ်
ကော်မရှင်နေ့၂၀၁၈ (ပထမအဆင့်)
ပိုင်ဆိုင်သူများလျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန
ပါဝါ ထုတ်လုပ်မှု
တပ်ဆင်အင်အား၄၀ မဂ္ဂါဝပ်[၁]

ကိုးကား ပြင်ဆင်ရန်