တပ်ကြပ်ကြီးမင်းမောင် သည် မန္တလေးမြို့ သမိုင်းတွင် အရေးပါသော ပုဂ္ဂိုလ်များထဲ ပါဝင်သည့် သူဖြစ်သည်။ မန္တလေးမြို့ ရှိ  မဟာမုနိဘုရားကြီးအတွင်းသို့ ဝင်ရောက်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော ဖက်ဆစ်ဂျပန်တပ်ဖွဲ့ဝင် တို့ကို ခုခံ တိုက်ခိုက်ရင်း ကျဆုံးခဲ့သူဖြစ် သည်။[၁] သူ၏ အထိမ်းအမှတ်ကျောက်စာတိုင်ကို ဘုရားကြီးပုရဝိုဏ် အတွင်းရှိ ရှင်မာလဲဘုရား မျက်နှာချင်းဆိုင်နေရာတွင် စိုက်ထူထားသည်။

တပ်ကြပ်ကြီးမင်းမောင်
တပ်ကြပ်ကြီးမင်းမောင်
တပ်ကြပ်ကြီးမင်းမောင် ကျဆုံးရာ အထမ်းအမှတ်ကျောက်စာတိုင်
အမည်ရင်း မင်းမောင်
ကွယ်လွန် ၁၉၄၅ ခု၊ မတ်လ ၁၈ ရက်နေ့,မဟာမြတ်မုနိဘုရားကြီးဝင်း ၊မန္တလေးမြို့
နိုင်ငံသား မြန်မာနိုင်ငံ

လွတ်လပ်ရေးကြိုးပမ်းမှု ပြင်ဆင်ရန်

သူသည် ဗိုလ်မှူးဗထူး မန္တလေးတိုင်းတွင် စစ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် တပ်ကြပ်ကြီးတာဝန်ဖြင့် ထမ်းဆောင်နေသည်ဟု သမိုင်းမှတ်တမ်းများကဖော်ပြသည်။  ဂျပန်ဖက်ဆစ်များနှင့်ဖြစ်ပွားနေသော တိုက်ပွဲ တွင် သူသည် ဗိုလ်လှညွှန့် တို့အဖွဲ့ ဖြင့် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည်။ဗိုလ်မှူး ဗထူး မှတ်တမ်းစာအုပ်ထဲ တပ်ကြပ်ကြီးမင်းမောင်နှင့်ဗိုလ်လှညွှန့် တို့ အုပ်ချုပ်သော အဖွဲ့သည် ဂျပန် ၃၀၀ တပ်နှင့် ရင်ဆိုင်ရာ၊ဂျပန် ၁၅ယောက် ကျဆုံးခဲ့ရာတွင် တပ်ကြပ်ကြီးမင်းမောင်လည်း ကျဆုံးသွားကြောင်း ဖော်ပြထားသည်။

အထိမ်းအမှတ်ကျောက်စာတိုင်စိုက်ထူခြင်း ပြင်ဆင်ရန်

၁၉၄၅ခုနှစ် မတ်လ ၁၈ ရက်တွင် တပ်ကြပ်ကြီးမင်းမောင် ကျဆုံးခဲ့သည်။သူကျဆုံးခဲ့ရာ နေရာတွင် အထမ်းအမှတ်ကျောက်စာတိုင် စိုက်ထူခဲ့သည်။ထိုသမိုင်းဝင် ကျောက်စာတိုင်ကို မဟာမြတ်မုနိ ဂေါပကအဖွဲ့က ၂၀၂၀ မတ်လ ၁၈ရက်တွင် ပြန်လည် ထိန်းသိမ်းပြုပြင်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့သူရဲကောင်းဗိုလ်မှူးကြီးဗထူးစာပေဗိမာန်အဖွဲ့ (၁၉၉၀ပြည့်နှစ်)။ ၁၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။