မင်းသွေး
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
မင်းသွေး (ခေါ်) နေမင်းအောင် (၂၁ ဇွန် ၁၉၈၆–၃ အောက်တိုဘာ ၂၀၁၈) သည် မြန်မာ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သည်။ ရခိုင်အမျိုးသား ဖြစ်သည်။ ရခိုင်ပြည်နယ် မာန်အောင်မြို့ တောထူရွာ ဇာတိဖြစ်သည်။ မင်းသွေးကို ၁၉၈၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ဦးအောင်သန်း နှင့် ဒေါ်သန်းမြိုင် တို့မှ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်ရှိသည်။ ၎င်းတို့မှာ အစ်ကို ဇော်လင်းအောင်၊ အစ်ကို ရုပ်ရှင်သရုပ်ဆောင် နေတိုး၊ ညီမ စုမွန်အောင် တို့ဖြစ်သည်။
မင်းသွေး သည် ၂၀၀၈ ခုနှစ်တွင် ရုပ်ရုင် လောကသို့ စတင်ရောက်ရှိခဲ့သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်ခဲ့သည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် ရေဝေးသင်္ချိုင်းတွင် မီးသင်္ဂြိုဟ် ခဲ့သည်။
ကိုးကားပြင်ဆင်
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |