မင်္ဂလဘုရား
ကောဏ္ဍညမြတ်စွာဘုရားပွင့်တော်မူပြီးနောက် နှစ်ကျိပ်ရှစ်ဆူတွင် ခြောက်ဆူမြောက် ပွင့်သော ဘုရားကား မင်္ဂလမြတ်စွာဘုရား ဖြစ်သည်။ မင်္ဂလမြတ်စွာဘုရားသည် (မံ-သု-ရေ-သော)-ဟူသော ဘုရားလေးဆူ ပွင့်သော သာရမဏ္ဍကမ္ဘာတွင် နှစ်သင်္ချေနှင့် ကမ္ဘာတသိန်း ထက်ကာလ၌ ပွင့်တော်မူသည်။ ထိုအခါ လူတို့၏ သက်တမ်းမှာ အနှစ် (၉၀, ဝဝဝဝ) ကိုးသောင်း ကာလဖြစ်သည်။
ဖြစ်စဉ်တော်
ပြင်ဆင်ရန်မင်္ဂလဘုရား ဖွားတော်မူရာမြို့သည် ဥတ္တရမြို့တော် ခမည်းတော်ဥတ္တရမင်းကြီး, မယ်တော်ဥတ္တရာဒေဝီမိဖုရားကြီးဖြစ်သည်။ အလောင်းတော် ဘဝ၌ ကြင်ယာတော်မှာ ယသဝတီမိဖုရား၊ သားတော်ကား သီလဝမင်းသားဖြစ်သည်။ မင်္ဂလအလောင်းတော်သည် ယသဝတီမိဖုရားနှင့် ယသဝါ ရုစိမာ သိရီမာ မည်သော ရွှေနန်းသုံးဆောင်၌ အနှစ် (၉၀, ဝဝဝ) ကိုးသောင်းတိုင်တိုင် သားတော်သီလဝမင်းသား ဖွားသည် အထိ ထီးနန်းစည်းစိမ်ကို ခံစားစံစားတော်မူသည်။ တောထွက်တော်မူစဉ် စီးတော်ယဉ်မှာ ပဏ္ဍရမည်သော မြင်းယဉ်ဖြစ်၏။ (၈) ရှစ်လပတ်လုံး ဒုက္ကရစရိယာ အကျင့်ကို ကျင့်တော်မူပြီးလျှင် နာဂဗောဓိ ကံ့ကော်ပင်ကို အမှီပြုကာ သီတင်းသုံး၍ သဗ္ဗညုတဉာဏ်ကိုရတော်မူပြီး ဘုရားစင်စစ် ဖြစ်တော်မူ၏၊
တပည့်သာဝကများ
ပြင်ဆင်ရန်- အဂ္ဂသာဝကကြီး နှစ်ပါးတို့ကား အရှင်သုဒေဝထေရ်၊ အရှင်ဓမ္မသေနထေရ်တို့တည်း။
- အနီးကပ် အလုပ်ကျွေးမထေရ်ကား အရှင်ဥပါလိဖြစ်သည်။
- အဂ္ဂသာဝိကာမ ရဟန်းမကြီး နှစ်ပါးကား ရှင်မ သီဝလာထေရီ၊ ရှင်မ အသောကာထေရီတို့တည်း။
- မြတ်သောအလုပ်အကျွေး ဒါယကာမှာ သုနန္ဒသူဌေး၊ ဝိသာခသူဌေး၊
- မြတ်သောအလုပ်အကျွေးဒါယိကာမတို့မှာ-အတုလာဒါယိကာမ၊ သုတနာဒါယိကာမတို့ ဖြစ်ကြသည်။
မင်္ဂလာ ဘုရား၏ အရပ်တော် (ဉာဏ်တော်)မှာ (၈၈) ရှစ်ဆယ်ရှစ်တောင် မြင့်၍ ကိုယ်တော်မှ ထွက်သောရောင်ခြည်တော်မှာ စကြာဝဠာ တိုက် (၁၀, ဝဝဝ) တစ်သောင်း ပျံ့နှံ့သည်။
ဂေါတမဘုရားအလောင်း
ပြင်ဆင်ရန်ငါတို့၏ ဂေါတမဘုရားလောင်းတော်သည် မင်္ဂလဘုရားလက်ထက်၌ သုရုစိပုဏ္ဏားဖြစ်ခဲ့၍ အလှူကြီးပေးကာ ရဟန်းပြုတော်မူခဲ့သည်။ မင်္ဂလမြတ်စွာဘုရားသည် သက်တော် (၇၂, ဝဝဝ) ရှိသောအခါ ဗုဒ္ဓကိစ္စအားလုံးပြုဆောင်ပြီး၍ ဥတ္တရဥယျာဉ်တော်၌ ပရိနိဗ္ဗာန်စံတော်မူသည်။ ဘုရားပရိနိဗ္ဗာန်စံလျှင်အသမ္ဘိန္နဓာတ်တော်များ ကြွင်းကျန်၍ ဇမ္ဗူဒိတ်လူများစုပေါင်းကာ ယူဇနာ (၃၀) မြင့်သောစေတီတည်၍ ကိုးကွယ်ပူဇော်ကြသည်။
၆။ မင်္ဂလ -ဘုရားရှိခိုး+ဆုတောင်းဂါထာ
ပြင်ဆင်ရန်- မင်္ဂလော တမံ ဘိန္နန္တော၊ ပဘာယ အတုလော ဝရော။
- မင်္ဂါဒူရာ ဝဟံ ဝန္ဒေ၊ သော မေ ဒေတု ဇယံ ဇိနော။[၁]
- မင်္ဂလဗုဒ္ဓဝင်ကို ကြည့်ပါ။
- မင်္ဂလဘုရားရှင်ကို ကြည့်ပါ။