ပရိနိဗ္ဗာန်
ပရိနိဗ္ဗာန်-ပြု-ဝင်စံ-ခြင်း၊ ကိလေသာ, ခန္ဓာတို့၏ (အကြွင်းမဲ့)-မဖြစ်-ကုန်ဆုံး-ပျက်စီး-ခြင်း[၁]။
ပရိနိဗ္ဗာန် သုံးမျိုး
ပြင်ဆင်ရန်ယင်းပရိနိဗ္ဗာန်သည် ကိလေသပရိနိဗ္ဗာန်, ခန္ဓပရိနိဗ္ဗာန်, ဓာတ်တော်တို့၏ အကြွင်းမဲ့ ပျက်စီးခြင်းဟုဆိုအပ်သော ဓာတုပရိနိဗ္ဗာန်အားဖြင့် ၃-မျိုးရှိသည်၊
- ထိုသုံးမျိုးတို့တွင် ကိလေသပရိနိဗ္ဗာန်သည် ဘုရားဖြစ်တော်မူစ ဗောဓိပင်ရင်းကပင် ဖြစ်တော်မူခဲ့သည်။
- ခန္ဓပရိနိဗ္ဗာန်သည် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ် အင်ကြင်းပင်ပျို နှစ်ပင်တို့၏ အကြား၌ ဖြစ်ခဲ့သည်။
- ဓာတုပရိနိဗ္ဗာန်သည် နောင် သာသနာတော် ကွယ်ပျောက်သောအခါ ဗောဓိပင်၌ သာသနာတော် ဆုတ်ယုတ်ပျက်စီးသောအခါ လူ့ပြည်, နတ်ပြည်, နဂါးပြည်တို့မှ ရှိရှိသမျှ အားလုံးသော ဓာတ်တော်တို့သည် ဖြစ်လိမ့်မည်။
ဓာတုပရိနိဗ္ဗာန် ပြုပုံ
ပြင်ဆင်ရန်ရှေးဦးစွာ သီဟိုဠ်ကျွန်း မဟာစေတီ၊ ထိုမှ နာဂဒီပကျွန်း ရာဇာယတနစေတီ၊ ထိုမှ မဟာဗောဓိပင်သို့ ကြွသွားတော်မူကြလိမ့်မည်။ မဟာဗောဓိပင်၌ ဓာတ်တော်အားလုံး စုရုံး၍ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်တို့ဖြင့် တင့်တယ်သော တခဲနက်သော ရွှေဆင်းတုတော် ပုံဟန် ဖန်ဆင်းပြီးလျှင် ရောင်ခြည်တော် ၆-သွယ် ကွန့်မြူးလျက် ရေမီးအစုံအစုံသော တန်ခိုးပြာဋိဟာကို ပြတော်မူကာ ဗြဟ္မာ့ပြည် တိုင်အောင် အခိုးအလျှံ တက်စေလျက် တေဇောဓာတ် လောင်ကျွမ်းတော်မူကြလိမ့်မည်။ [၂]
ပရိနိဗ္ဗာန် စံဝင်ကြောင်း
ပြင်ဆင်ရန်ရှင်တော်မြတ်ဘုရားသည် ကိုယ်တော် မြတ်၏နောက်မှ မာရ်နတ် တကောက်ကောက် လိုက်၍ တောင်းပန်နှောင့်ယှက်သောကြောင့် ခန္ဓပရိနိဗ္ဗာန် စံဝင်တော်မူသည် မဟုတ်ပေ၊ ကိုယ်တော်တိုင် ဆုံးမချေချွတ်မှ ကျွတ်သင့်သော ဗုဒ္ဓဝေနေယျသတ္တဝါများ မရှိသောကြောင့် ကုဋေနှစ်သန်းလေးသိန်းသော သမာပတ်များကို ဝင်စားပြီးမှ ကိုယ်တော်မြတ်၏ ဆန္ဒတော်ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူသည်။ [၃]
ရိုသေလေးမြတ်စွာ ကိုးကွယ်ဆည်းကပ်မှု မပြုကြသောကြောင့် ဓာတ်တော်များ တေဇောဓာတ်လောင်ကျွမ်းကာ ကွယ်ပျောက်ရသည်။ [၄]
ဓာတ်တော်များ တေဇောဓာတ်လောင်ကျွမ်းပြီးမှ ဘုရားရှင်သာသနာတော် ကွယ်ပျောက်သည်၊ သာသနာတော် မကွယ်ပျောက်မီ တစ်ပါးသောဘုရားရှင်တို့ ပွင့်ရိုးထုံးစံ မရှိချေ၊ တစ်ဆူသော ဘုရားရှင် သာသနာတော် ကွယ်ပျောက်ပြီးမှသာ တစ်ပါးသော ဘုရားရှင်တို့ ပွင့်တော်မူကြရသည်။ [၅]
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူရာ ဌာနသည် နတ်လူအပေါင်း သွားရောက်ဖူး မြော် သံဝေဂယူသင့်သော သံဝေဇနိယ ၄-ဌာနတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ [၆] [၇][၈]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ ပရိနိဗ္ဗာန (န) [ပရိ+နိ+ဝါ+ယု(ပရိနိဝါဏ-သံ)]
- ↑ ဒီ၊ဋ္ဌ၊၃၊၈၃။ မ၊ဋ္ဌ၊၄၊၈၁။ အံ၊ဋ္ဌ၊၁၊၇၀။ အဘိ၊ဋ္ဌ၊၂၊၄၁၃-၄။ ထေရဋ္ဌ၊၁၊၅၅။
- ↑ ဒီ၊ဋ္ဌ၊၂၊၁၄၇။ သံ၊ဋ္ဌ၊၃၊၂၈၅။ အံ၊ဋ္ဌ၊၃၊၂၄၉။ ဥဒါန၊ဋ္ဌ၊၂၉၈။
- ↑ အံ၊ဋ္ဌ၊၁၊၇၀။
- ↑ ဒီ၊ဋ္ဌ၊၂၊၁၄၇။ ဒီ၊ဋ္ဌ၊၃၊၈၂။ မ၊ဋ္ဌ၊၄၊၈၁။ အဘိ၊ဋ္ဌ၊၂၊၄၁၃-၄။ အံ၊ဋ္ဌ၊၁၊၃၅၈။
- ↑ ဒီ၊၂၊၁၁၆။ ဒီ၊ဋ္ဌ၊၂၊၁၇၂-၃။ အံ၊၁၊၁၄၅။)
- ↑ (၁) သမ္ပဇာနဿ ပဝတ္တပရိယာဒါနေ ပညာ ပရိနိဗ္ဗာနေ ဉာဏံ။ ပဋိသံ၊၃။ ပရိနိဗ္ဗာနေ ဉာဏန္တိ အရဟတော ကာမစ္ဆန္ဒာဒီနံ ပရိနိဗ္ဗာနံ အပ္ပဝတ္တံ အနုပါဒိသေသပရိနိဗ္ဗာနဉ္စ ပစ္စဝေက္ခန္တဿ တသ္မိံ ကိလေသ ပရိနိဗ္ဗာနေ ခန္ဓပရိနိဗ္ဗာနေ စ ပဝတ္တံ ဉာဏံ။ ပဋိသံ၊ဋ္ဌ၊၁၊၃၈။ အပ္ပါသုတ္တော တွံ ပါပိမ ဟောဟိ၊ န စိရံ တထာဂတဿ ပရိနိဗ္ဗာနံ ဘဝိဿတိ။ ဒီ၊၂၊၈၉၊ ၉၆။ သံ၊၃၊၂၃၀။ အံ၊၃၊၁၃၁။ ဥဒါန၊၁၅၅။ တံ အပ္ပဋိသန္ဓေကံ ပရိနိဗ္ဗာနသင်္ခါတံ မရဏမ္ပိ မေ ဘဒ္ဒကံ။ ဥဒါန၊ဋ္ဌ၊၂၄၄။ (ဒီ၊၂၊၉၉၊ ၁၀၁၊ ၁၁၅-၈၊ ၁၂၂-၃-၄-၈။ ဒီ၊၃၊၄၅။ မ၊၁၊၅၅၊ ၂၉၈။ မ၊၃၊၁၆၈။ သံ၊၁၊၁၆၀-၁။ အံ၊၂၊၄၄၉၊ ၄၅၂။ အံ၊၃၊၁၃၁၊ ၂၄၆၊ ၃၀၇။ အဘိ၊က၊၄၄၂-၉။ ပဋိသံ၊၉၇-၈။ ဥဒါန၊၁၅၅။ ထေရ၊၃၄၈။ အပါ၁။ ၁၁၃။ အပ၊၂၊၂၀၇၊ ၂၂၀။ စူဠနိ၊၁၀၈။ ဇာ၊၁၊၂၈၃-၄။ မိလိန္ဒ၊၃၀။ ဝိ၊ဋ္ဌ၊၁၊၁၅၅။ ဒီ၊ဋ္ဌ၊၁၊၉၊ ၁၂၀၊ ၃၁၉။ ဒီ၊ဋ္ဌ၊၂၊၃၁၊ ၁၅၉၊ ၁၇၂၊ ၁၈၆-၇၊ ၁၉၀-၁-၅။ ဒီ၊ဋ္ဌ၊၃၊၂၆၊ ၈၃။ မ၊ဋ္ဌ၊၁၊၁၉၈။ မ၊ဋ္ဌ၊၂၊၄၀၊ ၆၂၊ ၁၈၃။ မ၊ဋ္ဌ၊၄၊၈၁၊ ၂၃၃။ သံ၊ဋ္ဌ၊၁၊၁၆၉၊ ၂၀၅-၆။ သံ၊ဋ္ဌ၊၃၊၁၉၊ ၂၅၄။ အံ၊ဋ္ဌ၊၁၊၇၀။ အံ၊ဋ္ဌ၊၂၊၂၂၀၊ ၃၃၂။ အံ၊ဋ္ဌ၊၃၊၃၁၇။ အဘိ၊ဋ္ဌ၊၂၊၄၁၃။ အဘိ၊ဋ္ဌ၊၃၊၉၇၊ ၂၀၁။ ပဋိသံ၊ဋ္ဌ၊၁၊၃၅၊ ၂၉၀။ ပဋိသံ၊ဋ္ဌ၊၂၊၆၅-၇။ ခုဒ္ဒက၊ဋ္ဌ၊၁၄၆။ ဓမ္မ၊ဋ္ဌ၊၁၊၂၇၂၊ ၃၈၁။ ဓမ္မ၊ဋ္ဌ၊၂၊၅၁၊ ၃၄၀၊ ၃၆၄။ ဥဒါန၊ဋ္ဌ၊၈၆၊ ၃၈၈၊ ၃၉၀။ ဣတိဝုတ်၊ဋ္ဌ၊၃၂၄။ သုတ္တနိ၊ဋ္ဌ၊၁၊၂၇၆။ သုတ္တနိ၊ဋ္ဌ၊၂၊၉၉၊ ၃၀၉။ ဝိမာန၊ဋ္ဌ၊၁၄၃၊ ၂၅၅။ ထေရ၊ဋ္ဌ၊၁၊၅၅၊ ၃၆၅။ ထေရ၊ဋ္ဌ၊၂၊၁၈၊ ၂၄၃၊ ၂၅၈၊ ၃၄၈၊ ၃၅၇၊ ၄၂၀-၇၊ ၄၉၀။ ထေရီ၊ဋ္ဌ၊၉၃၊ ၁၄၈၊ ၁၆၁၊ ၂၉၉။ အပ၊ဋ္ဌ၊၁၊၃၃၉။ အပ၊ဋ္ဌ၊၂၊၇၆၊ ၂၉၅။ စရိယာ၊ဋ္ဌ၊၃၁၆၊ ၃၂၀။ မဟာနိ၊ဋ္ဌ၊၆၇၊ ၁၇၃။ စူဠနိ၊ဋ္ဌ၊၂၉။ ဇာ၊ဋ္ဌ၊၂၊၃၀၀။ ဇာ၊ဋ္ဌ၊၃၊၂၁။ ဇာ၊ဋ္ဌ၊၄၊၄၉၊ ၃၀၀။ ဇာ၊ဋ္ဌ၊၅၊၁၃၃။ နေတ္တိ၊ဋ္ဌ၊၄၄၊ ၁၉၂။ ဝဇိရ၊၂၉။ သာရတ္ထ၊၁၊၂၉၊ ၁၇၃၊ ၁၉၃။ သာရတ္ထ၊၃၊၄၄၆။ ဝိမတိ၊၁၊၁၁၊ ၃၈။ ဝိမတိ၊၂၊၁၁၃၊ ၂၆၆၊ ၃၀၀-၁။ ဒီ၊ဋီ၊၁၊၉၇-၉၊ ၃၃၂။ ဒီ၊ဋီ၊၂၊၁၂၀-၂၊ ၁၃၅၊ ၁၄၇၊ ၁၅၀၊ ၁၈၈၊ ၂၂၀။ ဒီ၊ဋီ၊၃၊၈၃၊ ၉၃။ သီ၊ဋီ၊သစ်၊၁၊၄၀၊ ၇၅၊ ၂၉၄-၇။ မ၊ဋီ၊၂၊၁၀၀၊ ၁၁၉၂၇၀။ မ၊ဋီ၊၃၊၉၁-၃၊ ၁၆၅၊ ၁၈၁၊ ၂၉၉။ သံ၊ဋီ၊၁၊၂၁၇။ သံ၊ဋီ၊၂၊၉၅၊ ၅၀၆။ အံ၊ဋီ၊၁၊၁၃၇။ အံ၊ဋီ၊၃၊၄၈၊ ၂၀၈၊ ၂၅၅၊ ၃၅၅။ မူလဋီ၊၃၊၄၇။ အနုဋီ၊၃၊၅၈။ နေတ္တိ၊ဋီ၊၁၀၅
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၄ အပိုင်း-၂