မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ
မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ (အင်္ဂလိပ်: Mandalay Region Administration Council)သည် အာဏာသိမ်းစစ်ကောင်စီ၏ မန္တလေးတိုင်းဒေသကြီးနှင့်ဆိုင်သော ကောင်စီအခွဲဖြစ်သည်။ ယခင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နေရာတွင် အစားထိုးထားခြင်းဖြစ်သည်။ ကောင်စီတွင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၃ဦးပါဝင်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အလားတူ အခွင့်အာဏာ ရရှိထားသူများဖြစ်သည်။ တိုင်းအစိုးရအဖွဲ့ရုံးကို တိုင်းစီမံအုပ်ချုပ်ရေးရုံးအဖြစ် ပြောင်းကာ အသုံးပြုခဲ့သည်။[၁][၂]၂၀၂၁ခုနှစ် ဩဂုတ်လ (၁)ရက်နေ့တွင် အိမ်စောင့်အစိုးရဖွဲ့စည်းခြင်းနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။[၃]
မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ | |
အမှတ်တံဆိပ် | |
မန္တလေးတိုင်းဒေသကြီး အလံ (၂၀၂၁) | |
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလအတွင်းကတွေ့ရသော ကောင်စီရုံး | |
အစိုးရအဖွဲ့ အကျဉ်းချုပ် | |
---|---|
ဖွဲ့စည်းသည့်အချိန် | ၂ ဖေဖော်ဝါရီ ၂၀၂၁ |
ယခင်အဖွဲ့အစည်း | မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ |
ဖျက်သိမ်းခြင်း | ၁ ဩဂုတ် ၂၀၂၁ |
ဌာနချုပ် | အောင်မြေသာစံမြို့နယ်၊မန္တလေးမြို့၊မန္တလေးတိုင်းဒေသကြီး |
21°59′06″N 96°06′35″E / 21.98500°N 96.10972°E | |
ဌာနအကြီးအမှူးများ | ဦးမောင်ကို၊ ကောင်စီဥက္ကဋ္ဌ |
မိခင်ဌာန | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
ဝက်ဘ်ဆိုက် | mdyregion.gov.mm |
ကောင်စီဝင်များ
ပြင်ဆင်ရန်- ဦးမောင်ကို -ဥက္ကဋ္ဌ[၄]
- ဗိုလ်မှူးကြီး ကျော်ကျော်မင်း - ကောင်စီဝင်(၁)[၅]
- ဦးမျိုးအောင် - ကောင်စီဝင် (၂)
- ဦးသိန်းဌေး - ကောင်စီဝင် (၃)
ကိုးကား
ပြင်ဆင်ရန်- ↑ "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း"။ 5 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 5 February 2022။
- ↑ "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေ"။
- ↑ "စစ်ကောင်စီ အာဏာသိမ်းပြီး ၆ လပြည့်တွင် အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်း"။
- ↑ "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ခန့်အပ်တာဝန်ပေးခြင်း"။[လင့်ခ်သေ]
- ↑ "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြည့်စွက်တာဝန်ပေးခြင်း"။