မောင်ကို (ကောင်စီဥက္ကဋ္ဌ)
ဦးမောင်ကိုသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည် ။[၂] [၃]ယခင်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီးကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ နာယကလည်းဖြစ်ကာ G bank၊ ရွှေဥဩရွှေဆိုင်နှင့် ထာဝရသတ္တုတူးဖော်ရေးကုမ္ပဏီတို့၏ ပိုင်ရှင်လည်းဖြစ်သည်။[၄]
ဦးမောင်ကို | |
---|---|
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၃ – ၂ ဩဂုတ် ၂၀၂၃ | |
တတိယမြောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၁ ဩဂုတ် ၂၀၂၁ – ၁ ဖေဖော်ဝါရီ ၂၀၂၃ | |
ယခင်လူ | ကိုယ်တိုင် (ကောင်စီဥက္ကဋ္ဌ) |
ဆက်ခံသူ | ဦးမျိုးအောင် |
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၂ ဖေဖော်ဝါရီ ၂၀၂၁ – ၁ ဩဂုတ် ၂၀၂၁ | |
ယခင်လူ | ဒေါက်တာဇော်မြင့်မောင် (တိုင်းဝန်ကြီးချုပ်) |
ဆက်ခံသူ | ကိုယ်တိုင် (တိုင်းဝန်ကြီးချုပ်) |
ကိုယ်ရေး အချက်အလက်များ | |
ကြင်ဖော်(များ) | ဒေါ်ရွှေဥ |
ဆုတံဆိပ်များ |
နိုင်ငံရေး
ပြင်ဆင်ရန်၂၀၂၁ခုနှစ်တွင် နိုင်ငံတော်အာဏာကို တပ်မတော်မှသိမ်းပိုက်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းခဲ့သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်းခဲ့ကာ ဦးမောင်ကိုသည် မန္တလေးတိုင်း၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။[၅]၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် အိမ်စောင့်အစိုးရအဖြစ် ဖွဲ့စည်းသောအခါ တိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်လာပြီး တတိယမြောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[၆] ယင်းနောက် ၂၀၂၃ ဖေဖော်ဝါရီ ၁ရက်နေ့တွင် တိုင်းဝန်ကြီးချုပ်အဖြစ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဖြစ်ခဲ့သည်။ထိုတာဝန်ကို ၂၀၂၃ ဩဂုတ် ၂ရက် အထိ တာဝန်ထမ်းဆောင်သည်။
အရေးယူပိတ်ဆို့ခံရခြင်း
ပြင်ဆင်ရန်၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် (၄)ဦးအား အရေးယူပိတ်ဆို့ရာ ဦးမောင်ကိုလည်း ပါဝင်ခဲ့သည်။[၇]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့အလင်းသတင်းစာ (၁၈.၁၁.၂၀၂၂)။
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခြင်း"။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅၅ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်) တာဝန်မှအနားယူခွင့်ပြုခြင်း။ MOI Myanmar (၂ ဩဂုတ် ၂၀၂၃)။ ၂ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ "U Maung Ko, Chairman, Myanmar Federation of Mining Association (CEC): Interview"။
- ↑ "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ခန့်အပ်တာဝန်ပေးခြင်း"။[လင့်ခ်သေ]
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၈ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း"။
- ↑ "Treasury Sanctions Perpetrators of Serious Human Rights Abuse on International Human Rights Day"။