မန္တလေးရုပ်ရှင်
မန္တလေးရုပ်ရှင် သည် လွတ်လပ်ပြီးစ မန္တလေးမြို့တွင် အထူးထင်ရှားခဲ့သော ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခု ဖြစ်သည်။ ၁၉၅၃-ခုနှစ်တွင် ဒါးတန်း ဦးသန့်၊ ကာယဗလ ဦးနေဝင်း၊ ဝင်းလိုက် ဦးကျော်ဝင်း၊ ဦးကျော်မင်း၊ ဦးစိန်ဝင်း၊ ရေချိုဦးအေးမောင်(ဝါးတန်း)၊ ရတနာပုံဆီစက် ဦးအေးမောင်၊ ဦးဆန်းရွှေ၊ ဦးမောင်ကို (ရွှေမန်းဆီစက်)၊ ရွှေမန်းဦးတင်မောင်တို့က ပူးပေါင်းတည်ထောင်ခဲ့သည်။ ပထမဆုံး ထုတ်လုပ်ရိုက်ကူးခဲ့သော ဇာတ်ကားမှာ ဒါရိုက်တာ ဦးသုခ၏ ဘဝသံသရာ(၁၉၅၆) ဇာတ်ကားဖြစ်ပြီး အထူးအောင်မြင်ခဲ့သည်။ ကုမ္ပဏီထုတ် ဇာတ်ကားများမှ ရုပ်ရှင်ထူးချွန်ဆု (၇)ဆု ရရှိခဲ့သည်။ ဖြန့်ချိရေးဌာနမှာ ၂၆-ဘီလမ်းနှင့် ၈၁-လမ်းဒေါင့် (ယခု ဟောင်ကောင်စတိုး)နေရာ ဖြစ်ပြီး၊ ရုပ်ရှင်ခြံမှာ နှင်းဆီခြံရပ်ရှိ ဦးအေးမောင်၏ခြံဖြစ်သည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ နေထွတ်၏ မန္တလေးအဘိဓာန်