အောင်ဝင်း (ရုပ်ရှင်ဒါရိုက်တာ)
ဒါရိုက်တာ အောင်ဝင်းဟု အမည်ခံယူသော ဦးကျော်ဝင်းကို အဘ ဦးခင်၊ အမိ ဒေါ်ကြော့တို့က ၁၉၁၆−ခုနှစ်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် မွေးဖွားခဲ့ပြီး၊ မွေးချင်းညီအစ်ကို မောင်နှမ ကိုးယောက်အနက် ခုနှစ်ယောက်မြောက် သားဖြစ်သည်။ ဦးကျော်ဝင်းသည် ၁၉၄၇-ခုနှစ်က မွေးချင်းညီအစ်ကို ဖြစ်ကြသည့် ဦးကျော်မင်း၊ ဦးစိန်ဝင်းတို့နှင့် အတူ ဝင်းမင်းဝင်းဘရားသား(စ်) ကုမ္ပဏီ ထူထောင်၍ မန္တလေးမြို့၌ ဝင်းလိုက်ရုပ်ရှင်ရုံ၊ မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံနှင့် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းပေါ်တွင် ဂလုပ် (နောင် ဂုဏ်)ရုပ်ရှင်ရုံများ တည်ထောင်ပြသခဲ့သည်။ ထို့ပြင် ပြင်ဦးလွင် အနီးစခန်း လေဆိပ်တွင် ဗမာပြည် နိုင်ငံတော်လေကြောင်းလိုင်း UBA ၌ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းကိုပါ လုပ်ကိုင်ခဲ့သည်။
ဒါရိုက်တာ အောင်ဝင်း | |
---|---|
ဒါရိုက်တာ အောင်ဝင်း (ခေါ်) ဝင်းလိုက်ဦးကျော်ဝင်း | |
မွေးဖွား | ကျော်ဝင်း ၁၉၁၆ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် |
ကွယ်လွန် | ၁၉၁၆ (အသက် -၉၂–-၉၁) မန္တလေးမြို့ |
အလုပ်အကိုင် | ရုပ်ရှင်ဒါရိုက်တာ၊ ထုတ်လုပ်သူ |
မိဘ(များ) | ဦးခင်၊ ဒေါ်ကြော့ |
ဝင်းမင်းဝင်းဘရားသား(စ်) ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်း၊ ဦးကျော်မင်း၊ ဦးစိန်ဝင်းတို့သည် ၁၉၅၃-ခုနှစ်တွင် ဒါးတန်းဦးသန့်၊ ကာယဗလဦးနေဝင်း၊ ကုန်သည်ဦးအေးမောင်(ဝါးတန်း)၊ ဦးအေးမောင် (ရတနာပုံဆီစက်)၊ ဦးဆန်းရွှေ၊ ဦးမောင်ကို (ရွှေမန်းဆီစက်)၊ ရွှေမန်းဦးတင်မောင်တို့နှင့်အတူ မန္တလေးရုပ်ရှင်ကုမ္ပဏီလီမီတက်ကို တည်ထောင်ခဲ့ကြသည်။
၁၉၅၆-ခုနှစ်မှစတင်ပြီး မြန်မာ့ရုပ်ရှင်သမိုင်းတွင် အထူးထင်ရှား ကျော်ကြားခဲ့သော ဘဝသံသရာ၊ ဤလူ့ဘောင်တွင်၊ ရေမြေဆုံးတိုင်၊ ပတ္တမြားမယ်၊ ကံ၊ မောင်တို့ချယ်ရီမြေ၊ ဘုရားမှာတစ်ခါဆုံမယ်၊ ကိုယ်ပိုင်မေတ္တာ၊ လမ်းပေါ်ကချစ်သူ၊ ချစ်တဲ့စိတ်ဟာ ဆန်းကြယ်၊ ကျောက်ဘီလူးနဲ့ပပဝင်း၊ မောင့်မူပိုင်ရှင်၊ သစ္စာမိုးဦး အစရှိသော ရုပ်ရှင်ကားများ ထုတ်လုပ်ခဲ့သည်။ ဦးကျော်ဝင်းသည် ကိုယ်တိုင်လည်း ဒါရိုက်တာအောင်ဝင်း အမည်ဖြင့် ကျောက်ဘီလူးနှင့်ပပဝင်း၊ သည်သောင်ယံက မခွာရက်နိုင်တယ်၊ မောင့်မူပိုင်ရှင် ရုပ်ရှင်ကားများကို ရိုက်ကူးခဲ့ရာ ရုပ်ရှင်လောက၌ အောင်မြင်မှုများများရရှိခဲ့သည်။
ဦးကျော်ဝင်းသည် မွေးချင်းကိုးယောက်အနက် နောက်ဆုံးကွယ်လွန်ခဲ့သူဖြစ်သည်။ မကွယ်လွန်မီတွင် မန္တလေးရုပ်ရှင်ခေတ်က စုဆောင်းထားသည့် ဖလင်များ၊ ရုပ်ရှင်မှတ်တမ်းများ၊ စာအုပ်များ၊ ဓာတ်ပုံများနှင့် အကယ်ဒမီရွှေစင်ရုပ်တုများသည် မန္တလေး၌ ၁၉၈၄-ခုနှစ်က လောင်သည့်မီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် ဦးကျော်ဝင်းသည် နှမြောတသမဆုံးဖြစ်ခဲ့ရကြောင်း ကျန်ရစ်သူသားသမီးများက ကြေကွဲဝမ်းနည်းစွာ ပြောစမှတ်ပြုကြသည်။
ဦးကျော်ဝင်း ကွယ်လွန်ပြီးနောက် အသက် ၇၈-နှစ်အရွယ်ရှိ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဦး၊ သားသမီးများ ဖြစ်ကြသည့် ဒေါ်စီစီဝင်း၊ ဦးအောင်အောင်၊ ဒေါ်သဲသဲဦးနှင့် မြေးငါးယောက်၊ မြစ်သုံးယောက် ကျန်ခဲ့သည်။
ဘဝနိဂုံး
ပြင်ဆင်ရန်မန္တလေးရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဝင်းမင်းဝင်း ဘရားသား(စ်) ကုမ္ပဏီထူထောင်ခဲ့သည့် ဦးကျော်ဝင်း(ဒါရိုက်တာ-အောင်ဝင်း)၊ အသက် (၉၆)နှစ်သည် ၂၀၀၇-ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်၊ ည (၁၂)နာရီက ၉၆-ပါးသော ရောဂါဝေဒနာဖြင့် နေထိုင်ရာ မန္တလေးမြို့ ၃၂-လမ်းနှင့် ၈၃-လမ်းထောင့်၊ အမှတ်(၂၆၁)နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ စွယ်စုံကျမ်းနှစ်ချုပ်(၂၀၀၈)