မန်းဂျော်နီ သည် မြန်မာနိုင်ငံသား ကရင်လူမျိုး နိုင်ငံရေးသမားနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ အထွေထွေရွေးကောက်ပွဲ၂၀၁၅အထွေထွေရွေးကောက်ပွဲ ၂၀၂၀ များတွင်   အနိုင်ရ အမတ်တစ်ဦးအဖြစ် လေးကြိမ်လုံး ရွေးချယ်တင်မြှောက်ခံရသူဖြစ်ကာ ဝါရင့်နိုင်ငံရေး သမားကြီးတစ်ဦးလည်းဖြစ်သည်။ [၁] ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မဲအရေအတွက် ၃၁,၇၃၁ ဖြင့် ရွေးကောက်ခံခဲ့ရသော်လည်း ဆောင်ရွက်ခွင့်မရခဲ့ပေ။[၂]

မန်းဂျော်နီ
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်ကျုံပျော်မြို့နယ် မဲဆန္ဒနယ် ၂
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၉ ဇန်နဝါရီ ၂၀၁၈
ယခင်လူဦးသိန်းအောင်
ဆက်ခံသူဦးလှမိုးအောင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၂ မေ ၂၀၁၂ – ၂၉ ဇန်နဝါရီ ၂၀၁၆
ယခင်လူတင့်ဆန်း
ဆက်ခံသူစိုးမိုးသူ
မဲဆန္ဒနယ်မြောင်းမြမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူအခြေခံဥပဒေ ဖျက်သိမ်း
မဲဆန္ဒနယ်ကျုံပျော်မြို့နယ် မဲဆန္ဒနယ် ၁
အနိုင်ရမဲ အရေအတွက်၃၁,၇၃၁ (၇၃%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၄၂-0၁-၃၀) ဇန်နဝါရီ ၃၀၊ ၁၉၄၂ (အသက် ၈၂)
ဆင်ခေါင်းကြီး၊ ပုသိမ်မြို့ ဗြိတိသျှဘားမား
လူမျိုးကရင်
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သွေးသားတော်စပ်သူဦးကျော်ဦး (ဖခင်)
ဒေါ်ခြောက် (မိခင်)
မိခင်ကျောင်းပုသိမ်ဒေသကောလိပ်
ရန်ကုန်ပညာရေးတက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား
ကိုးကွယ်သည့်ဘာသာခရစ်ယာန်

ငယ်ဘ၀ ပြင်ဆင်ရန်

ဦးမန်းဂျော်နီသည် တက္ကသိုလ်ဝင်တန်းကို ၁၉၆၀ တွင် အောင်မြင်ခဲ့ပြီး ပုသိမ်ဒေသကောလိပ်တွင် ပညာသင်ကြားခဲ့သည်။[၂] ၁၉၆၅ မှ ၁၉၈၆ အထိ မူလတန်းနှင့် အလယ်တန်းပြ ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။[၂] ၁၉၈၀ တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဒီပလိုမာ ရရှိခဲ့သည်။[၂]

ရွေးချယ်တင်မြှောက်ခံရခြင်းများ ပြင်ဆင်ရန်

၁၉၈၉ ခုနှစ်မှစ၍ NLD ပါတီအဖွဲ့ဝင် အဖြစ် စတင်ဝင်ရောက်ခဲ့သည်။၂၀၁၅ ရွေးကောက်ပွဲတွင် ကျုံပျော်မြို့ မဲဆန္ဒနယ်အမှတ်(၂) မှရွေးကောက်တင်မြှောက်ခြင်းခံရကာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့သည်။[၃]

ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၇ခုနှစ် ဇန်နဝါရီ ၆ရက်နေ့က  နေပြည်တော်သို့  အစည်းအဝေးတက်ရန် ပုသိမ်မှအသွား  ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာ အနီးတွင်  ရန်ကုန်- ဇလွန် ခရီးသည်တင်ကား ၁ စင်း၏ ဝင်ရောက်တိုက်မိခြင်းကို ခံခဲ့ရ၍ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကုသမှုခံယူခဲ့ရသေးသည်။[၄]

မန်းဂျော်နီသည် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့သော်လည်း   ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်ရှိနေခဲ့ပြီး လွှတ်တော်အစည်းအဝေးများအား ဆက်တက်ခဲ့သည်။ [၅]

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ၂၄ ကြိမ်တွင် မန်းဂျော်နီ အပါအဝင် နှစ်ဦးက မေးခွန်းနှင့် အဆိုတစ်ခုမှ မေးမြန်းတင်သွင်းခြင်းမရှိခဲ့ဘဲတခြားလွှတ်တော် ကိုယ်စားလှယ်များ တင်သွင်းသည့် အဆိုများကိုမူ  ထောက်ခံဆွေးနွေးခြင်း တစ်ကြိမ်စီရှိခဲ့သည်ဟု လွှတ်တော်မှတ်တမ်းများအား ကိုးကားကာRFAက ဖော်ပြမှုလည်းရှိခဲ့သည်။[၆]

မန်းဂျော်နီသည် ၂၀၁၈ခုနှစ် မတ် ၂၄ရက်နေ့တွင် ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်  အဖွဲ့ဝင်(၆)ဦးပါသော ပါတီ၏သဘာပတိအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့သည်။[၇]

ယင်းနောက် အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) မှနေ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး[၈] ခိုင်လုံမဲအရေအတွက် ၁၈၃၀၂၇မဲ၊ ခိုင်လုံမဲရာခိုင်နှုန်း ၇၀ဒသမ၄၁ရာခိုင်နှုန်းဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံခဲ့ရသည်။[၉]

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ ပြင်ဆင်ရန်

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခြင်းတွင် အမျိုးသားလွှတ်တော်အစည်းအဝေးသို့တက်ရောက်ရန်အတွက်  လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုသည့်  နေပြည်တော် စည်ပင်ဝင်းထဲတွင် မန်းဂျော်နီလည်း ရောက်ရှိနေခဲ့သည်။ထိန်းသိမ်းခြင်းကို မခံရပေ။

အာဏာသိမ်းခံရပြီး ၇လအကြာတွင်  စစ်ကောင်စီကို ပြန်လည်ခုခံရန် တောတွင်းတစ်နေရာတွင်  စစ်ရေးလေ့ကျင့်နေကြောင်း မန်းဂျော်နီက အများသိကြေညာခဲ့သည်။[၁၀]

နောက်ဆက်တွဲအနေဖြင့် ၂၀၂၁ခုနှစ် အောက်တိုဘာလ ၃၁ရက်တွင်   မန်းဂျော်နီ၏ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ  နေအိမ်ကို စစ်ကောင်စီက လာရောက်ချိတ်ပိတ်ခဲ့သည်။[၁၁] [၁၂]

ကိုးကား ပြင်ဆင်ရန်

  1. "Names of Pyithu Hluttaw representatives announced"၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ Government of Myanmar၊ 2 April 2012။ 5 October 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 9 May 2012။ 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Khin Kyaw Han (1 February 2003)။ Brief Biographies of Elected MPs1990 Multi-party Democracy General Elections။ 5 October 2012 တွင် ပြန်စစ်ပြီး။
  3. ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီအား တိုင်းဒေသကြီးဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြု (၉ ဇန်နဝါရီ ၂၀၁၈)။ ၉ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  4. ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးမန်းဂျော်နီ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရRFA (၆ ဇန်နဝါရီ ၂၀၁၇)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. မော်ကွန်းတင်ပြီးမိတ္တူ။ 20 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 June 2022 တွင် ပြန်စစ်ပြီး။
  6. မေးခွန်းနဲ့ အဆို မေးမြန်းတင်သွင်းခြင်းမရှိသူ စာရင်းမှာ ဦးမန်းဂျော်နီ ပါဝင်RFA (၁၁ ဇန်နဝါရီ ၂၀၂၁)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းXinhua News (၃၀ မတ် ၂၀၁၈)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ဧရာဝတီတိုင်းဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည့် ဦးမန်းဂျော်နီ ၂၀၂၀ရွေးကောက်ပွဲ ဝင်ယှဉ်ပြိုင်မည်MyanmaPlatform News (၂၄ ဇူလိုင် ၂၀၂၀)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ(၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ)UEC Myanmar။ 18 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. “ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ၊ ပြည်သူပါရင် အားလုံးနိုင်မယ်”Myanmar Now (၂၉ သြဂုတ်၂၀၂၁)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ နေအိမ် ချိပ်ပိတ်ခံရMyanmar Now (၁ နိုဝင်ဘာ ၂၀၂၁)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. တိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့သား ဖမ်းဆီးစစ်ဆေးခံရRFA (၃၀ သြဂုတ် ၂၀၂၁)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်