၂၀၂၀ အ​ထွေ​ထွေ ​​ရွေး​ကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်​နေ့တွင် ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များအတွက် ​ရွေးချယ်မည်ဖြစ်သည်။၂၀၂၁ခုနှစ် ဇူလိုင်လ ၂၆ရက်နေ့တွင် ဤရွေးကောက်ပွဲရလဒ်များကို စစ်ကောင်စီမှဖွဲ့စည်းသည့် ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။[၁]

မြန်မာ့အထွေထွေရွေးကောက်ပွဲ ၂၀၂၀

← ၂၀၁၅ ၈ နိုဝင်ဘာ ၂၀၂၀ ၂၀၂၃ →

ပြည်သူ့လွှတ်တော် ၄၄၀ နေရာအနက် ၃၁၅ အမျိုးသားလွှတ်တော် ၂၂၁ နေရာအနက် ၁၆၁
ပြိုင်ဖက်ကို အနိုင်ရရန် ၁၁၃ နေရာ လိုအပ်
  ပထမပါတီ ဒုတိယပါတီ
 
ဦးဆောင်သူ ဒေါ်အောင်ဆန်းစုကြည် ဦးသန်းဌေး
ပါတီ NLD USDP
စတင် ဦးဆောင်ချိန် ၂၇ စက်တင်ဘာ ၁၉၈၈ ၂၃ ဩဂုတ် ၂၀၁၆
Leader's seat ​ကော့မှူးမြို့နယ် ​ဇေယျာသီရိမြို့နယ်
နောက်ဆုံး ရွေးကောက်ပွဲ ၂၅၅ (ပြည်သူ့)
၁၃၅ (အမျိုးသား)
၃၀ (ပြည်သူ့)
၁၁ (အမျိုးသား)
အနိုင်ရ နေရာ ၂၅၈ (ပြည်သူ့)
၁၃၈ (အမျိုးသား)
၂၆ (ပြည်သူ့)
၇ (အမျိုးသား)
နေရာ အပြောင်းအလဲ Increase၃ (ပြည်သူ့) / Increase၃ (အမျိုးသား) Decrease၄ (ပြည်သူ့)/ Decrease၄(အမျိုးသား)

ရွေးကောက်ပွဲရလဒ်ပြ‌မြေပုံများ

ရွေးကောက်ပွဲ မတိုင်မီ သမ္မတ

ဦးဝင်းမြင့်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

ရလဒ်

အာဏာသိမ်းပိုက် (မင်းအောင်လှိုင်မှ ခေါင်းဆောင်အဖြစ်ဆောင်ရွက်)

​ရွေး​ကောက်ပွဲကျင်းပခြင်း

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုများ​ရှိ​နေ​သော်လည်း ​ရွေး​ကောက်ပွဲကို ကျင်းပမည်ဖြစ်​ကြောင်း ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​​ကော်မရှင်က ၂၀၂၀ ဇွန်လ (၄)ရက်​နေ့တွင် ​ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် COVID-19 ​ရောဂါမှာ ထိန်းချုပ်​နေနိုင်သည့် အ​နေအထားတွင် ရှိ​နေပြီးဖြစ်ကာ ​ရွေး​ကောက်ပွဲရက်ကို ​လေးလကြိုတင် အသိ​ပေးမည်ဟု ​ပြောကြားခဲ့သည်။ ၂၀၂၀ ဇွန်လအထိ မဲဆန္ဒရှင် ၃၇သန်းရှိ​နေ​ကြောင်း ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က ​ပြောကြားခဲ့သည်။[၂]

လက်ရှိ နိုင်ငံ​တော်သမ္မတ ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော်အတွက် တာ​မွေမြို့နယ်မှပင် ​ဝင်​ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း​ပေးထားသည်။[၃]

၂၀၂၀ပြည့်နှစ် ဇွန်လ (၂၉)ရက်​နေ့တွင် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်မှ မဲဆန္ဒနယ်​မြေများကို ​ကြေညာခဲ့ရာ ပြည်သူ့လွှတ်​တော်အတွက် ကချင်(၁၈)၊ ကယား(၇)၊ ကရင်(၇)၊ ချင်း(၉)၊ စစ်ကိုင်း(၃၇)၊ တနင်္သာရီ(၁၀)၊ ပဲခူး(၂၈)၊ မ​ကွေး(၂၅)၊ မန္တ​လေး (ပြည်​ထောင်စုနယ်​မြေအပါ)(၃၆)၊ မွန်(၁၀)၊ ရခိုင်(၁၇)၊ ရန်ကုန်(၄၅)၊ ရှမ်း(၅၅)၊ ဧရာဝတီ(၂၆) စုစု​ပေါင်း နယ်​မြေ (၃၃၀) သတ်မှတ်သည်။[၄]

အမျိုးသားလွှတ်​တော်အတွက် တိုင်းနှင့်ပြည်နယ် (၁၄)ခုအတွက် တစ်ခုစီလျှင် မဲဆန္ဒနယ် (၁၂)ခု စုစု​ပေါင်း (၁၆၈)ခု သတ်မှတ်သည်။ ပြည်​ထောင်စုနယ်​မြေမှ ခရိုင်(၂)ခုအား မန္တ​​လေးတိုင်းဒေသကြီးအတွင်း ထည့်သွင်းသတ်မှတ်သည်။[၅]

တိုင်း/ပြည်နယ်လွှတ်​တော်များအတွက် မဲဆန္ဒနယ် (၆၄၄)ခု သတ်မှတ်သည်။ တိုင်းရင်းသားလူမျိုး​မဲဆန္ဒနယ်အတွက် (၂၉)ခု သတ်မှတ်ထားသည်။[၆]

လက်ရှိ အာဏာရအစိုးရအဖွဲ့မှ သမ္မတ ဦးဝင်းမြင့်သည် ရန်ကုန်တိုင်း တာ​မွေမြို့နယ်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ​ကော့မှူးမြို့နယ်များမှ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်​လောင်းအဖြစ် အ​ရွေးခံမည်ဖြစ်​ကြောင်း ဇူလိုင် ၂၃ရက်​နေ့တွင် ​ကြေညာခဲ့သည်။

ဇူလိုင်လ ၂၅ရက်​နေ့တွင် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်​ကော်မရှင်အဖွဲ့ခွဲများတွင် ​၂ပတ်တာ ကြေညာခဲ့သည်။ ရှမ်းပြည်နယ်အတွင်းရှိ 'ဝ'​ဒေသ ၄မြို့နယ်တွင်မူ မဲစာရင်း ​ကြေညာနိုင်ခြင်း မရှိ​သေး​ပေ။[၇]ပထမအကြိမ်မဲစာရင်းကပ်ရာတွင် မိသားစုလိုက် မပါဝင်ခြင်း၊ အချက်အလက်များ မှားယွင်း​နေခြင်း၊ ​မိသားစုတွင်း သေဆုံးသူများ မဲ​စာရင်းတွင် ပါဝင်ကာ ကျန်ရစ်သူများ မဲစာရင်းတွင် မပါခြင်း စသည့် အမှားအယွင်းများစွာရှိသဖြင့် ​ရွေး​ကောက်ပွဲ​ကော်မရှင်အား ​ဝေဖန်ခဲ့ကြသည်။​ ရွေး​ကောက်ပွဲ​ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကမူ မဲစာရင်းမှားယွင်းမှုများနှင့် ပက်သက်၍ ​ကော်မရှင်တစ်ခုထဲက တာဝန်ရှိသည်ဆိုလျှင် မတရား​ကြောင်း ၂၀၁၉ခုနှစ် မတ်လက ​ပြောကြားခဲ့သည်။[၈]

 
ပထမအကြိမ် ဆန္ဒမဲ​ပေးခွင့်ရှိသူစာရင်းများ ကပ်ထားစဉ်

ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများ

2

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သော နိုင်ငံရေးပါတီ

  1. ညီညွတ်သော ဒီမိုကရက်တစ်ပါတီ[၉]

ရွေးကောက်ပွဲကျင်းပခြင်း မပြုနိုင်သည့်နယ်မြေများ

အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးမွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းပြုမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် လည်းကောင်း၊[၁၀] အောက်တိုဘာလ ၂၇ ရက်နေ့တွင် လည်းကောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ကျင်းပခြင်း မပြုနိုင်သည့် နယ်မြေများမှာ -

တို့ ဖြစ်ကြသည်။

ရွေးကောက်ပွဲ ရလဒ်

 
မဲလက်မှတ်

အမျိုးသားလွှတ်တော်

ပါတီ ဆန္ဒမဲ % အမတ်နေရာ % +/–
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၃၈  
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  
ရခိုင်အမျိုးသားပါတီ  
မွန်ညီညွတ်ရေးပါတီ  
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ  
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်  
တအောင်း(ပလောင်)အမျိုးသားပါတီ  
ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်  
ဒီမိုကရေစီပါတီသစ်(ကချင်)  
တစ်သီးပုဂ္ဂလ  
အခြား  
ရွေးကောက်ပွဲ မကျင်းပသည့် နေရာများ
တပ်မတော်သား ကိုယ်စားလှယ် ၅၆  
စုစုပေါင်း ၁၀၀ 0 ၁၀၀

ပြည်သူ့လွှတ်တော်

ပါတီ ဆန္ဒမဲ % အမတ်နေရာ % +/–
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၅၈  
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၂၆  
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၁၃  
ရခိုင်အမျိုးသားပါတီ  
တအောင်း(ပလောင်)အမျိုးသားပါတီ  
ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်  
မွန်ညီညွတ်ရေးပါတီ  
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ  
ကချင်ပြည်နယ်ပြည်သူ့ပါတီ  
ရခိုင့်ဦးဆောင်ပါတီ  
ဝအမျိုးသားပါတီ  
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်  
တစ်သီးပုဂ္ဂလ  
ရွေးကောက်ပွဲ မကျင်းပသည့် နေရာများ  
တပ်မတော်သား ကိုယ်စားလှယ် ၁၁၀  
စုစုပေါင်း ၁၀၀ 0 ၁၀၀

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ

ပါတီ ဆန္ဒမဲ % အမတ်နေရာ % +/–
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၅၀၁  
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၃၈  
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၂၇  
ရခိုင်အမျိုးသားပါတီ  
တအောင်း(ပလောင်)အမျိုးသားပါတီ  
ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်  
မွန်ညီညွတ်ရေးပါတီ  
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ  
ကချင်ပြည်နယ်ပြည်သူ့ပါတီ  
ရခိုင့်ဦးဆောင်ပါတီ  
ဝအမျိုးသားပါတီ  
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ  
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်  
ဒီမိုကရေစီပါတီတစ်(ကချင်)  
ကရင်ပြည်သူ့ပါတီ  
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ  
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ  
တစ်သီးပုဂ္ဂလ  
အခြား  
တပ်မတော်သား ကိုယ်စားလှယ် ၂၂၀  
စုစုပေါင်း ၁၀၀ 0 ၁၀၀

တိုင်းရင်းသားရေးရာ ဝန်ကြီးများ

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များအတွက် တိုင်းရင်းသားရေးရာဝန်ကြီးများ ၂၉ နေရာ ပါဝင်သည်။


ပါတီ ဆန္ဒမဲ % အမတ်နေရာ % +/–
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၃  
မွန်ညီညွတ်ရေးပါတီ  
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ  
ကယန်း အမျိုးသားပါတီ  
တစ်သီးပုဂ္ဂလ  
အခြား  
စုစုပေါင်း ၁၀၀ 0 ၁၀၀

ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲကာလ ဖြစ်ရပ်များ

ကိုရိုနာဗိုင်းရပ်စ်ရောဂါ

ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ ဩဂုတ်လ (၁၆)ရက်နေ့တွင် စစ်တွေမြို့မှ အမျိုးသမီးထံတွင် တွေ့ရှိခဲ့ရာမှ ရခိုင်ပြည်နယ်တစ်ခုလုံး လျင်မြန်စွာ ပျံ့နှံ့ခဲ့သည်။ ထိုမှတစ်ဆင့် ကိုဗစ်ဒုတိယလှိုင်းအသွင်ဖြင့် တစ်နိုင်ငံလုံးသို့ ကူးစက်ခဲ့သည်။ ကူးစက်သူမှာ ၃၇၄ဦးမှ သောင်းဂဏန်းအထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။[၁၁] ရွေးကောက်ပွဲကျင်းပရန် တစ်လအလိုဖြစ်သည့် အောက်တိုဘာလတွင်ပင် ၁ရက်နေ့မှ ၁၅ရက်နေ့အထိ နေ့စဉ်ပျမ်းမျှ ၁၀၀၀ကျော် မြင့်တက်နေခဲ့သည်။ ထို၁၅ရက်အတွင်းတွင် ၁၈၉၈၅ဦး ပိုးတွေ့ခဲ့သည်။[၁၂] ရန်ကုန်တိုင်းတွင် ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မြို့နယ်များအားလုံး နေအိမ်တွင်သာနေထိုင်ရေးအစီအစဉ် (Stay at Home)တွင် ပါဝင်သတ်မှတ်ထားပြီး ကျန်တိုင်းနှင့်ပြည်နယ်များရှိ အချို့မြို့နယ်များတွင်လည်း ထိုအစီအစဉ်သတ်မှတ်ထားသည်။ ထို့ကြောင့် နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန်ပြောကြားသော်လည်း ရွေးကောက်ပွဲကော်မရှင်က ငြင်းဆန်ခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူက ရွေးကောက်ပွဲနေ့တွင် မဲပေးခြင်းသည် ဈေးဝယ်ထွက်ခြင်း၊ လိုင်းကားစီးခြင်းထက် COVID-19 ကူးစက်မှုမရှိသလောက်ဖြစ်ကြောင်း အောက်တိုဘာလ ၂၀ရက်နေ့တွင် ပြောကြားခဲ့သည်။[၁၃] ထို့အပြင် ဧပြီလအတွင်းက ပါလီမန်ရွေးကောက်ပွဲ ကျင်းပခဲ့သည့် တောင်ကိုရီးယားနိုင်ငံထံမှ နည်းယူထားပြီး ထိုနိုင်ငံထက်ပင်ကောင်းအောင် ပြုလုပ်ထားကြောင်း ဆိုသည်။ သို့ရာတွင် တောင်ကိုရီးယားနိုင်ငံတွင် ထိုအချိန်သည် ရောဂါကူးစက်မှုနှုန်း အမြင့်ဆုံးမဟုတ်ဘဲ ထိန်းချုပ်ထားနိုင်သည့် အခြေအနေအပြင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ငွေကြေးပြည့်စုံသည့် အခြေအနေတွင်ရှိနေသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကလည်း ရွေးကောက်ပွဲအား သတ်မှတ်ထားသည့်ရက်အတိုင်းကျင်းပခြင်းမှာ တိုင်းပြည်အခြေအနေ အရမ်းမဆိုး၍ ဖြစ်ကြောင်း၊ ၎င်းသိရသည့်အတိုင်းဆိုလျှင် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေမှာ အင်္ဂလန်တို့အမေရိကန်တို့ အိပ်နေသလောက်ပဲရှိကြောင်း မေးမြန်းခြင်းအစီအစဉ်တစ်ခုတွင် ပြောပြန်သည်။[၁၄]

လူစုလူဝေးဖြင့် ထောက်ခံပွဲ၊လှည့်လည်မှုများပြုလုပ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လူ(၃၀)ဦးနှင့်အထက် စုဝေးခြင်းမပြုရန် ထုတ်ပြန်ထားသော်လည်း နိုင်ငံရေးပါတီများမှ ဝန်းရံသူများက လူဦးရေ ထောင်သောင်းချီ၍သာမက အချို့​​နေရာများတွင် လူသိန်းဂဏန်းဖြင့်ပါ စု​ဝေး၍ လှည့်လည်ခဲ့ကြသည်။[၁၅] အောက်တိုဘာလ ၂၅ရက်နေ့မှသာ လူ ၅၀အထိ စုဝေးခွင့်ပြုကြောင်းကို အားကစားနှင့် ကျန်းမာ​ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။[၁၆] နိုင်ငံရေးပါတီများကမူ ဤလှည့်လည်မှုများသည် ပါတီကမဟုတ်ပဲ ဝန်းရံသူများကသာ လှည့်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံသူများ လူစုလူဝေးဖြင့် လှည့်လည်နေကြစဉ်
 
ကြံ့ခိုင်ရေးပါတီ ထောက်ခံသူများ လူစုလူဝေးဖြင့် လှည့်လည်နေကြစဉ်

အငြင်းပွားဖွယ်ရာ ဖြစ်ရပ်များ

ရွေးကောက်ပွဲ မကျင်းပမီ ကြိုတင်ဆန္ဒမဲများပေးရာတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲလက်မှတ်များမှာ စာအိတ်များပွင့်လျက်ရှိနေခဲ့သည်။ အောက်တိုဘာ ၂၁ရက်နေ့တွင် ဒဂုံမြို့နယ်ရှိ တပ်မတော်အင်ဂျင်နီယာတပ်ရင်းတစ်ခုမှ ကြိုတင်မဲ ၅၈စောင်မှာ စာအိတ်များပွင့်နေ၍ ထည့်သွင်းမရေတွက်ရန် မြို့နယ်ကော်မရှင်ခွဲမှ ဆုံးဖြတ်ခဲ့သည်။ အောက်တိုဘာ ၂၈ရက်နေ့တွင် ဒဂုံမြို့နယ် ပြင်ပရောက် မဲဆန္ဒရှင်များ၏ ပုံစံ ၁၅ဖြင့်မဲပေးထားသော ကြိုတင်မဲစာအိတ်များမှာလည်း ထပ်မံ၍ ပွင့်နေပြန်သည်။ ထိုမဲလက်မှတ်များအား ထည့်သွင်းရေတွက်ရန် ရှိ/မရှိကိုမူကိုမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်မည်ဖြစ်သည်။[၁၇]

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ရှိ ဝါယာတော ကျေးရွာအုပ်စုနှင့် ဂွေးဂုဏ်ကျေးရွာအုပ်စုတွင် အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်မဲကို အောက်တိုဘာ ၃၁ ရက်တွင် ကောက်ခံခဲ့ရာ ဆန္ဒပြုမဲလက်မှတ်များတွင် ရေစကြိုမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်အမည်အစား မကွေးမြို့နယ်မှ ကိုယ်စားလှယ် အမည် မှားယွင်းပါရှိနေသဖြင့် ကြိုတင်မဲ မဲဆန္ဒရှင် ၂၉၀ အနေဖြင့် ပြန်လည်ဆန္ဒပြုရမည်ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။[၁၈]

အောက်တိုဘာ ၃ဝ ရက်တွင် လှည်းကူးမြို့နယ်တွင် ကြိုတင်မဲကောက်ခံစဉ် UEC အမှတ်တံဆိပ်မပါသည့် တံဆိပ်တုံးကို အသုံးပြုမှု ဖြစ်ပွားခဲ့သည်။ မဲဆန္ဒရှင် သုံးဦးဆန္ဒမဲပေးမှုအပြီးတွင် တံဆိပ်တုံး အသုံးပြုလျက်ရှိသည်ကို မဲရုံကိုယ်စားလှယ်က တွေ့ရှိပြီးနောက် လေးဦးမြောက် မဲပေးမှုတွင် ကန့်ကွက်ခဲ့သည်။[၁၉] ယင်းတံဆိပ်တုံးအတုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၏ မဲရုံကိုယ်စားလှယ် အမျိုးသမီးတစ်ဦးက ယူဆောင်လာခြင်း ဖြစ်သည်။[၂၀] အလားတူ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အင်းဗြောင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာတွင် နိုဝင်ဘာ ၁ ရက်နေ့က အသက် ၆၀ နှစ်နှင့် အထက် ကြိုတင်မဲပေးရာမှာတွင် UEC အမှတ်အသားမပါသော တံဆိပ်တုံးအတုအသုံးပြုမှု ဖြစ်ပွားခဲ့သည်။[၂၁]

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် ကြိုတင်မဲကောက်ခံရာ၌ UEC အမှတ်အသားမပါသော တံဆိပ်တုံးကို အသုံးပြုကာ ကောက်ခံခဲ့ခြင်းကြောင့် ရပ်ကျေးကော်မရှင် အဖွဲ့ဝင် လေးဦးအား အမှုဖွင့်တိုင်ကြားခဲ့သည်။[၂၂]

ရွှေဘိုခရိုင်တွင်လည်း ကြိုတင်မဲကောက်ခံရာတွင် နိုင်ငံရေးပါတီဝင်အချို့နှင့် ပါတီထောက်ခံသူအချို့က ဝင်ရောက်စွက်ဖက်ခဲ့သည်ဟုဆိုကာ အမှုဖွင့်တိုင်ကြားမှုများ ဖြစ်ပွားခဲ့သည်။[၂၃]

နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။[၂၄]

ဝေဖန်မှုများ

မြန်မာ့ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ဖြစ်ပေါ်ရန် အခြေအနေမရှိဟု နိုင်ငံတကာမီဒီယာများက ဝေဖန်ဖော်ပြခဲ့ကြသည်။[၂၅]

နိုဝင်ဘာလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲနှင့် ပတ်သက်သော သဘောထားကြေညာချက်တစ်ခုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပြီး[၂၆] သတိထားရမည့် အခြေအနေ ဖြစ်လာသည့်အတွက် သတိပေးရခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေများ၏ အနှစ်သာရနှင့် ကိုက်ညီမှုမရှိဟု နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။[၂၇] ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်ချက်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောဆိုချက်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီသာဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။[၂၈]

ရွေးကောက်ပွဲအပြီး ဖြစ်ရပ်များ

 
ကိုဗစ်ကာလသတ်မှတ်ချက်များနှင့်အညီ မဲပေးရန်စောင့်ဆိုင်းနေကြသူများ
 
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်တွင်းမဲရုံများကို တပ်ပြင်ပတွင် ထားရှိပြီး မဲပေးနေကြစဉ်

ရွေးကောက်ပွဲ ရလဒ်အတည်ပြုဖြည့်သွင်းသည့် ပုံစံ ၁၉ အား လက်မှတ်ရေးထိုးခြင်း မပြုရန်နှင့် ကန့်ကွက်တောင်းဆိုကြရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီတွင်း အမိန့်ထုတ်ပြန်ချက်ကို နိုဝင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။[၂၉]

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော်အဖွဲ့က ရခိုင်ပြည်နယ်အတွင်း ထိုးစစ်များကို တပ်မတော်အနေဖြင့် ရပ်တန့်ပေးရန်နှင့် ရွေးကောက်ပွဲ မပြုလုပ်ခဲ့သော နေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲပြန်လည်ကျင်းပရန် အစိုးရနှင့် တပ်မတော်အား တိုက်တွန်းပါကြောင်း ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်အပေါ် ကြိုဆိုပါကြောင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် ညှိနှိုင်းဆောင်ရွက်မည့်အကြောင်း တပ်မတော်က ပြန်လည် ထုတ်ပြန်ခဲ့သည်။[၃၀]

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သော သတင်းလွှာတွင် မသန်စွမ်းသူတစ်ဦးအား ဆန္ဒမဲ ပေးခွင့်ပြုခြင်းကို ကန့်ကွက် ရေးသားထားခြင်းနှင့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သော သတင်းလွှာတွင် မသန်မစွမ်း ၁၃ ဦးဟု သုံးနှုန်းဖော်ပြထားခြင်းတို့ကြောင့်[၃၁] မသန်စွမ်းသူများအား ခွဲခြားနှိမ်ချ ဆက်ဆံမှုအပေါ် တရားဝင်တောင်းပန်ရန် မသန်စွမ်းအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း ၉၅ ခုက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။[၃၂]

နိုင်ငံတကာ တုံ့ပြန်ဝေဖန်မှုများ

အဖွဲ့အစည်းအသီးသီးအား ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြုရန် ပြင်သစ်နိုင်ငံက တိုက်တွန်းခဲ့ကာ အိန္ဒိယနှင့် စင်ကာပူဝန်ကြီးချုပ်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဂုဏ်ပြုကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။[၃၃]

ပြည်တွင်း တုံ့ပြန်ဝေဖန်မှုများ

မဲပေးခြင်းလုပ်ငန်းစဉ် ပြီးဆုံးခဲ့သော်လည်း အငြင်းပွားဖွယ်ရာများ ထွက်ပေါ်နေသဖြင့် တရားမျှတသော ရွေးကောက်ပွဲအဖြေ ဖြစ်စေရန် ဥပဒေနှင့်အညီ ကြိုးပမ်းသွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ပြောဆိုခဲ့ကာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်ချက်များကို ဝေဖန်ခဲ့သည်။[၃၄]

ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ဟု နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကကြေညာချက်ထုတ်ပြန်ခဲ့သည်။[၃၅]

ဆန္ဒပြမှုများ

ရွေးကောက်ပွဲရလဒ်အပေါ် အယုံအကြည်မရှိဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့အား ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။ နိုဝင်ဘာ ၁၀ ရက်နေ့က လှည်းကူးမြို့နယ်တွင်လည်းကောင်း၊[၃၆] နိုဝင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် ပြည်ခိုင်ဖြိုးနှင့် နှင်းဆီပါတီဝန်းရံသူ ၅၀ ခန့်ကလည်းကောင်း ဆန္ဒပြခဲ့ကြသည်။[၃၇]

အငြင်းပွားဖွယ်ဖြစ်ရပ်များ

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် မဲပေးခွင့်ရှိသူဦးရေထက် ဆန္ဒမဲအရေအတွက် ပိုများနေ၍ ပြန်လည်စစ်ဆေးရေတွက်ခဲ့ရသည်။[၃၈]

အာဏာသိမ်းမှု

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း

တပ်မတော်မှ ရွှေးကောက်ပွဲအား မဲပေါင်း ၈.၆ သန်းကျော်ကွာဟကာ မဲမသမာမှုရှိနေသည်ဟု သက်သေတစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိဘဲ စွပ်စွဲခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်စောစောတွင် အခြေခံဥပဒေ ချိုးဖောက်လျှက် နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းပိုက်ရယူခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် အခြားသော အစိုးရ အကြီးအကဲများကို ပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။[၃၉]

ရွေးကောက်ပွဲရလဒ်ပယ်ဖျက်ခြင်း

အာဏာသိမ်းပိုက်ပြီးနောက် စစ်ကောင်စီမှ ဖွဲ့စည်းခဲ့သည့် ရွေးကောက်ပွဲကော်မရှင်အသစ်က ၂၀၂၁ခုနှစ် ဇူလိုင် ၂၆ရက်နေ့တွင် ၂၀၂၀ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။[၁]

ကိုးကား

  1. ၁.၀ ၁.၁ "၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း စစ်ကောင်စီကော်မရှင် ကြေညာ"။ 
  2. "၂၀၂၀ ရွေးကောက်ပွဲ ကို လျာထားတဲ့အတိုင်း ကျင်းပမယ်လို့ပြော"၊ ၄ ဇွန် ၂၀၂၀။ Archived from the original on 9 June 2020။ 
  3. "နိုင်ငံတော်သမ္မတ တာမွေ မြို့နယ်၌ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သီးခြားတင်သွင်းမည့် သဘောရှိ"၊ ၁၅ ဇွန် ၂၀၂၀။ Archived from the original on 17 June 2020။ 
  4. "ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များသတ်မှတ်ကြေညာခြင်း"၊ ၂၉ ဇွန် ၂၀၂၀။ Archived from the original on 30 June 2020။ 
  5. "အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း"၊ ၂၉ ဇွန် ၂၀၂၀။ Archived from the original on 1 July 2020။ 
  6. "တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များသတ်မှတ်ကြေညာခြင်း"၊ ၄ ဇွန် ၂၀၂၀။ Archived from the original on 2 July 2020။ 
  7. "ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် မဲဆန္ဒရှင် ၁၄ သိန်းကျော်ရှိပြီး “၀” ဒေသ လေးမြို့နယ်တွင် မဲစာရင်းပြုစုခြင်း မဆောင်ရွက်နိုင်ကြောင်း သိရ"၊ ၂၈ ဇူလိုင် ၂၀၂၀။ Archived from the original on 2 November 2020။ 
  8. "မိသားစုလိုက် မဲစာရင်းမပါဝင်မှုများရှိနေခြင်းနှင့် မဲစာရင်းမှားယွင်းမှုဖြစ်စဉ် အများအပြားရှိနေခြင်းတို့ကြောင့် ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်မှုများရှိနေ"၊ ၃၀ ဇူလိုင် ၂၀၂၀။ Archived from the original on 2 November 2020။ 
  9. "ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဖျက်သိမ်းပြီး ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်သည့် ဆန္ဒမဲလက်မှတ်များနှင့်စပ်လျဉ်း၍ အသိပေး ကြေညာခြင်း"၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ၂၀ ​အောက်တိုဘာ ၂၀၂၀။ Archived from the original on 31 October 2020။ 
  10. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပခြင်း မပြုနိုင်သည့်နယ်မြေများ ထုတ်ပြန်ကြေညာပြန်ကြားရေးဝန်ကြီးဌာန (၁၇ အောက်တိုဘာ ၂၀၂၀)။ 2 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  11. "အန္တရာယ်ကြီးမားသော မြန်မာ့ရွေးကောက်ပွဲ"၊ Eleven Media၊ ၁၉ ​အောက်တိုဘာ ၂၀၂၀။ Archived from the original on 2 November 2020။ 
  12. "အထွေထွေရွေးကောက်ပွဲကျင်းပရန် ၂၂ ရက်သာ လိုတော့ချိန်၌ COVID-19 ကူးစက်မှုနှင့် သေဆုံးမှု သိသိသာသာ ကျဆင်းခြင်းမရှိသေးဘဲ ၁၅ ရက်အတွင်း စစ်ဆေးမှုစုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းကျော် ရောဂါပိုးတွေ့ရှိနေ"၊ Eleven Media၊ ၁၇ ​အောက်တိုဘာ ၂၀၂၀။ Archived from the original on 20 October 2020။ 
  13. "မဲရုံသွားခြင်းသည် ဈေးဝယ်ထွက်ခြင်း၊ လိုင်းကားစီခြင်းထက် COVID-19 ကူးစက်မှုမရှိသလောက် ဖြစ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား"၊ Eleven Media၊ ၂၀ ​အောက်တိုဘာ ၂၀၂၀။ 
  14. "မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တွေ့ဆုံမေးမြန်းခြင်း"၊ Eleven Media၊ ၂၀ ​အောက်တိုဘာ ၂၀၂၀။ 
  15. "ကျောက်ဆည်မြို့နယ်နှင့် အနီးအနားရှိ ကျေးရွာပေါင်း နှစ်ရာခန့်မှ NLD ပါတီ ဝန်းရံထောက်ခံသူ အင်အား သိန်းဂဏန်းခန့် ဖြင့် လှည့်လည်"၊ Eleven Media၊ ၂၅ ​အောက်တိုဘာ ၂၀၂၀။ 
  16. "မဲရုံများအတွက် လူ ၃၀ဦးထက်ပိုမိုစုဝေးခွင့်ပြုကြောင်းနှင့် လူ ၅၀ ထက်မပိုသော ရွေးကောက်ပွဲဆိုင်ရာမဲဆွယ်စည်းရုံးခြင်းသည် နိုဝင်ဘာ ၆ ရက်အထိသာ အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်"၊ Eleven Media၊ ၂၅ ​အောက်တိုဘာ ၂၀၂၀။ Archived from the original on 2 November 2020။ 
  17. "ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ ဆန္ဒပြုပြီး မဲဆန္ဒနယ်ပြင်ပရောက် ပုံစံ (၁၅) ကြိုတင်မဲများ စာအိတ်ပွင့်လျက် ထပ်မံရောက်ရှိ"၊ Eleven Media၊ ၂၈ ​အောက်တိုဘာ ၂၀၂၀။ Archived from the original on 2 November 2020။ 
  18. ကိုလင်း(ချောက်) (၂ နိုဝင်ဘာ ၂၀၂၀)။ မကွေးတိုင်းတွင် ကြိုတင်မဲ ၂၉၀ အသစ်ပြန်ပေးရမည်မဇ္ဈိမ သတင်းဌာန။ ၂ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  19. ဉာဏ်လင်းထွန်း (၁ နိုဝင်ဘာ ၂၀၂၀)။ ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ် ယူဆောင်လာသော တံဆိပ်တုံးအတုနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူပေးရန် လှည်းကူးမြို့နယ်ကော်မရှင်အဖွဲ့ခွဲထံ NLD ပါတီတိုင်တန်းထားမှုအပေါ် စုံခုံဖွဲ့စစ်ဆေးထား။ Eleven Media။ 2 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  20. ချစ်ခွန်းချို (၂ နိုဝင်ဘာ ၂၀၂၀)။ လှည်းကူးက တံဆိပ်တုံးအတုပြဿနာက ရိုးသားစွာမှားယွင်းမှုလို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌပြော။ ဒူဝံမီဒီယာ။ ၂ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  21. ယူမင်းစိုး (၂ နိုဝင်ဘာ ၂၀၂၀)။ ပေါင်မြို့နယ် မဲရုံတခုတွင် UEC အမှတ်အသားမပါ တံဆိပ်တုံးအတုများ စစ်ဆေးတွေ့ရှိဒီဗွီဘီ။ 2 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  22. ကောင်းခန့်လင်း (မုံရွာ) (၆ နိုဝင်ဘာ ၂၀၂၀)။ ချောင်းဦးမြို့နယ်တွင် ကြိုတင်မဲကောက်ယူရာ၌ UEC အမှတ်အသားမပါသော တံဆိပ်တုံးဖြင့် ဆောင်ရွက်ခဲ့သည့် ရပ်ကျေးကော်မရှင်အဖွဲ့ဝင်လေးဦးကို အမှုဖွင့်။ Eleven Media Group။ ၆ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  23. ကောင်းခန့်လင်း (မုံရွာ) (၆ နိုဝင်ဘာ ၂၀၂၀)။ ရွှေဘိုခရိုင်တွင် ကြိုတင်မဲပေးရာ၌ ဥပဒေနှင့်မညီဘဲ နိုင်ငံရေး ပါတီဝင်အချို့နှင့် ပါတီထောက်ခံသူ အချို့ ဝင်ရောက်စွက်ဖက်မှု ရှိသည်ဟုဆိုကာ အမှုဖွင့် တိုင်ကြားမှုများရှိ။ Eleven Media Group။ ၆ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  24. မင်းလွင် (၆ နိုဝင်ဘာ ၂၀၂၀)။ ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံး၌ ပေါက်ကွဲမှုဖြစ်။ 7Day News။ 9 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၆ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  25. မြန်မာ့ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုဖြစ်ပေါ်ရန်အခြေအနေများ မရှိကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းက တညီတညွတ်တည်း ဝေဖန်။ Eleven Media Group (၃၁ အောက်တိုဘာ ၂၀၂၀)။ ၆ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  26. ရွေးကောက်ပွဲရလဒ်ကို ကော်မရှင်က ကြေညာလိုက်ပြီဆိုသည်နှင့် လက်ခံရမည့်သဘော ပြောခဲ့ဖူးသော်လည်း ယခုအခါ သတိထားရမည့်အခြေအနေ ဖြစ်လာသည့်အတွက် သတိပေးရခြင်း ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား။ Eleven Media Group (၃ နိုဝင်ဘာ ၂၀၂၀)။ ၆ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  27. တပ်မတော်၏ ထုတ်ပြန်ချက်သည် ရွေးကောက်ပွဲကို မတည်မငြိမ်ဖြစ်စေရန် အားပေးရာရောက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ပေါ်ပြူလာသတင်းဌာနသို့ ပြောကြားချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေများ၏ အနှစ်သာရနှင့် ကိုက်ညီမှုမရှိဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြား။ Eleven Media Group (၄ နိုဝင်ဘာ ၂၀၂၀)။ ၆ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  28. ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်ချက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောဆိုချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီသာဖြစ်ပြီး အမှန်တရားကို မပြောဘဲနေခြင်းသည် တည်ငြိမ်အေးချမ်းမှုကို အထောက်အကူ ပြုမည် မဟုတ်ကြောင်း တပ်မတော်ဘက်က တုံ့ပြန်။ Eleven Media Group (၄ နိုဝင်ဘာ ၂၀၂၀)။ ၆ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  29. မြတ်သူရ (၁၀ နိုဝင်ဘာ ၂၀၂၀)။ မဲရလဒ် အတည်ပြုပုံစံ-၁၉ တွင် လက်မှတ်မထိုးသော်လည်း ရွေးကောက်ပွဲရလဒ် ထိခိုက်မည်မဟုတ်ဟုဆို။ 19 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  30. ဇော်မင်းနိုင် (၁၃ နိုဝင်ဘာ ၂၀၂၀)။ ရခိုင်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့်နယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးရန် အစိုးရနှင့် တပ်မတော်ကို AA အဖွဲ့က မေတ္တာရပ်ခံမှုအပေါ် ကြိုဆိုကြောင်းနှင့် ကျန်ရှိသည့်နေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်မည်ဟု တပ်မတော်ထုတ်ပြန်။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  31. အုပ်မှူးဇော် (၁၃ နိုဝင်ဘာ ၂၀၂၀)။ မသန်စွမ်းမဲပေးမှုအပေါ် ကန့်ကွက်ခြင်းအတွက် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌအနေဖြင့် တောင်းပန်ရမည်။ ၁၅ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  32. ဝဏ္ဏအောင် (၁၅ နိုဝင်ဘာ ၂၀၂၀)။ မသန်စွမ်းများအား ခွဲခြားနှိမ်ချ ဆက်ဆံမှုအပေါ် ပြည်ခိုင်ဖြိုးပါတီ တရားဝင်တောင်းပန်ရန် မသန်စွမ်းနှင့် အရပ်ဘက်အဖွဲ့အစည်း ၉၀ကျော်ထုတ်ပြန်။ ၁၅ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  33. ထက်အာကာကျော် (၁၄ နိုဝင်ဘာ ၂၀၂၀)။ ရွေးကောက်ပွဲရလဒ်ကို အဖွဲ့အစည်း အသီးသီးက အသိအမှတ်ပြုလက်ခံရန် အီးယူအဖွဲ့ဝင်နိုင်ငံ ပြင်သစ်တိုက်တွန်း။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  34. ပြည့်ဖြိုးအောင် (၁၀ နိုဝင်ဘာ ၂၀၂၀)။ မဲပေးခြင်းလုပ်ငန်းစဉ် ပြီးဆုံးခဲ့သော်လည်း အငြင်းပွားဖွယ်ရာ အထောက်အထားများ ထွက်ပေါ်နေသဖြင့် မျှတသည့် ရွေးကောက်ပွဲအဖြေဖြစ်ရန် ဥပဒေနှင့်အညီ ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  35. ဉာဏ်လင်းထွန်း (၁၁ နိုဝင်ဘာ ၂၀၂၀)။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲအဖြစ် သတ်မှတ်၍မရကြောင်း NDF ပါတီ ထုတ်ပြန်။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  36. မိုးမင်း (၁၁ နိုဝင်ဘာ ၂၀၂၀)။ ရွေးကောက်ပွဲရလဒ်အပေါ် အယုံအကြည်မရှိဟုဆိုကာ လူ ၂၀ ခန့် ဆန္ဒထုတ်ဖော်။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  37. ရဲနိုင် (၁၂ နိုဝင်ဘာ ၂၀၂၀)။ ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့ ဦးဆောင်ဆန္ဒပြသူနှစ်ဦးကို အလုပ်နှင့် ထောင်ဒဏ်တစ်လစီချမှတ်။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  38. ထွန်းထွန်းမင်း (၁၀ နိုဝင်ဘာ ၂၀၂၀)။ မဲ ၄၆၀၀ ကျော်ပိုနေသည့် တွန်းဇံမြို့နယ်တွင် ပြန်လည်ရေတွက်ရာ မူလအတိုင်း ZCD ပါတီ အနိုင်ရ။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  39. "Myanmar's Aung San Suu Kyi 'detained by military'"။