မမလေး (နိုင်ငံရေးသမား)

မြန်မာနိုင်ငံရေးသမား

ဒေါ်မမလေး (၇ ဖေဖော်ဝရီ ၁၉၆၂ မွေးဖွား) သည် မြန်မာနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော်တွင် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၈ ကိုယ်စားပြု၍ တာဝန်ထမ်းဆောင်လျက်ရှိသည်။ သူမသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဖြစ်သည်။[၁][၂]

ဒေါ်မမလေး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်ရှမ်းပြည်နယ် မဲဆန္ဒနယ် ၈
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1962-02-07) ၇ ဖေဖော်ဝါရီ၊ ၁၉၆၂ (အသက် ၆၂)
ပင်းတယမြို့၊ ရှမ်းပြည်နယ်
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိဘဦးဖိုးခွား၊ ဒေါ်နန်းကျင်
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

ဒေါ်မမလေးကို ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ပင်းတယမြို့၌ မွေးဖွားခဲ့သည်။ သူမသည် ဓနုလူမျိုးဖြစ်သည်။ သူမသည် ရန်ကုန်တက္ကသိုလ်မှ ဓာတုဗေဒပညာဖြင့် ဘွဲ့ရရှိခဲ့သည်။ သူမ၏ယခင်အလုပ်သည် လယ်သမားတစ်ယောက်ဖြစ်သည်။

နိုင်ငံရေး ပြင်ဆင်ရန်

သူမသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ရှမ်းပြည်နယ် အမှတ် ၈ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအရေအတွက် ၄၀၃၃၄ မဲရရှိခဲ့ပြီး ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

ကိုးကား ပြင်ဆင်ရန်

  1. MP profile (in my)။ 13 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2018 တွင် ပြန်စစ်ပြီး။
  2. MP profile (in my)။ 14 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2018 တွင် ပြန်စစ်ပြီး။