မလွန်မြို့သည် မကွေးတိုင်းဒေသကြီးသရက်ခရိုင်အထက်မင်းလှ၏ တောင်ဘက်တွင် တည်ရှိသည်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၁၆၄-ပေတွင် တည်ရှိသည်။ မလွန်မြို့ဟောင်းသည် ဗုဒ္ဓသာသနာတော်နှင့် သက်ဆိုင်သော စိတ်ဝင်စားဖွယ်ကောင်းသည့် မြို့တစ်မြို့ ဖြစ်သည်။ "' မကွေးမှာ မြသလွန်၊ မလွန်မှာ မြသပိတ်ပါ"' ဟု တင်စားခေါ်ဝေါ်ခြင်းခံရသော မြို့တစ်မြို့လည်း ဖြစ်သည်။

မလွန်မြို့တွင် ထူးခြားသော အချက်များစွာ ရှိသည်။ မလွန်မြို့ဟောင်း၏ ထူးခြားချက်များမှာ-

  1. ဂူ ကိုးဂူ၊
  2. ကျောင်း ကိုးကျောင်း၊
  3. သိမ် ကိုးသိမ်၊
  4. တောင်ကုန်း ကိုးကုန်း၊
  5. မလွန်မြို့ဟောင်းအား ဝိုင်းရံထားသောရွာ ကိုးရွာ၊
  6. မလွန်တွင် အထင်အရှား အုပ်ချုပ်ခဲ့သော သူကြီး

ကိုးဦးရှိကြောင်း လေ့လာတွေ့ရှိရသည်။

ဂူ ကိုးဂူ ပြင်ဆင်ရန်

ထို့ပြင် မလွန်မြို့၏ မြသပိတ်စေတီတော်ကြီးနှင့်တကွ စေတီပေါင်း (၅၄)ဆူလည်း တည်ရှိသည်။ မလွန်မြို့သည် ရှေးယခင်က တောတောင်များဖြင့် ဆီးကာပိတ်ဖုံးခဲ့သော မြို့တစ်မြို့ ဖြစ်ခဲ့သည်။ ရှေးဟောင်းဂူကြီး ကိုးဂူမှာ -

  1. လယစ-၂ အမျိုးသမီးဆောင် နောက်ကြောဘက်တောင်ကုန်းပေါ်မှ ဂူ၊
  2. လယစ-၂ အစက်ရုံအရာရှိရိပ်သာလိုင်း နောက်ကြော တောင်ကုန်းပေါ်မှ ဂူ၊
  3. လယစ-၂ စက်ရုံအဝင် လက်ယာဘက်တောင်ကြောမှ ဂူ၊
  4. ရွှေမြင်တင် စေတီတော် အောက်ခြေရှိ ( ဓမ္မသုခဂူ)
  5. မြသပိတ်စေတီတော် အနောက်ဘက် ဘောလုံးကွင်းနှင့် အမျိုးသမီးအဆောင်ရှေ့ (ယခင် မြို့ရိုးဟောင်း) တောင်ကြောမှ ဂူ၊
  6. မောင်းတံဂိတ်ဟောင်းအနီး တောင်ကြောမှ ဂူ (မင်းပုန်းဂူ) ယခု ဓမ္မဓရလိုဏ်ဂူ၊
  7. ရွှေလဝင်း စေတီတော်မှ ဂူ၊
  8. လယစ-၂ စက်ရုံဆေးခန်းတောင်ဘက် တောင်ကုန်းမှ ဂူ၊
  9. စာဗူးတဲ (ခေါ်) လိုင်းခန်းများ အနောက်တောင်ကုန်းမှ ဂူတို့ ဖြစ်ကြသည်။

ကျောင်း ကိုးကျောင်း ပြင်ဆင်ရန်

ရှေးဟောင်းကျောင်း ကိုးကျောင်းမှာ -

  1. ပုဗ္ဗာရုံကျောင်း၊
  2. နဂါးရုံကျောင်း၊
  3. စာကြောကျောင်း၊
  4. တောင်ပေါ်ကျောင်း၊
  5. သာဦးကျောင်း၊
  6. မင်္ဂလာကျောင်း၊
  7. သရက်တောကျောင်း၊
  8. သမန္တလင်းကျောင်း၊
  9. ရွှေဘုန်းသာကျောင်းတို့ဖြစ်သည်။[၁]

သိမ် ကိုးသိမ်၊ ပြင်ဆင်ရန်

သိမ်ကြီး ကိုးသိမ်မှာ -

  1. နဂါးရုံသိမ်၊
  2. ရွှေဘုန်းသာသိမ်၊
  3. ရာဟုသိမ်၊
  4. ဝက်ဘိုးသိမ်၊
  5. ပွင့်လင်းသိမ်၊
  6. ကျောင်းကြီးကွက်သိမ်၊
  7. ရှင်ပင်ချမ်းသာကြီးသိမ်၊
  8. ပဒုမ္မာသိမ်၊
  9. မင်္ဂလာသိမ်တို့ ဖြစ်သည်။

တောင်ကုန်း ကိုးကုန်း ပြင်ဆင်ရန်

မလွန်ရှိ တောင်ကုန်း ကိုးကုန်းမှာ-

  1. စေတီလှတောင်ကုန်း
  2. ရှင်ပင်သက်တွဲတောင်ကုန်း
  3. မြသပိတ်တောင်ကုန်း
  4. ရွှေစည်းခုံတောင်ကုန်း
  5. ပုဗ္ဗာရုံတောင်ကုန်း
  6. ရွှေမြင်တင်တောင်ကုန်း
  7. ရွှေမြင်မိတောင်ကုန်း
  8. ရှင်ပင်မုနိတောင်ကုန်း
  9. ဘုရားနီတောင်ကုန်းတို့ ဖြစ်သည်။

ရွာကြီး ကိုးရွာ ပြင်ဆင်ရန်

မလွန်မြို့အား ဝိုင်းရံထားသော ရွာကြီး ကိုးရွာမှာ

  1. ဉယျာဉ်ကျေးရွာ
  2. ပန်းတော်ပြင်ကျေးရွာ
  3. မယ်ဇလီတောကျေးရွာ
  4. ကုန်းကြီးကျေးရွာ
  5. ဂျင်ရဲမြောင်ကျေးရွာ
  6. ညောင်ပင်ကျင်းကျေးရွာ
  7. သက္ကယ်ကျင်းကျေးရွာ
  8. ရေခါးကျေးရွာ
  9. ကတကျေးရွာတို့ ဖြစ်သည်။

မလွန်မြို့သည် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲတွင် မြန်မာတို့၏ စစ်လှေများ အခြေစိုက်ရာ စခန်းနှင့် တောင်ဘက်မြို့ရိုး သစ်လုံးခံတပ်တို့ဖြင့် နယ်ချဲ့တို့ကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့သော သမိုင်းဝင် မြို့တစ်မြို့ ဖြစ်ပေသည်။

ကိုးကား ပြင်ဆင်ရန်

  1. မန္တလေးနေ့စဉ်သတင်းစာ၊ (၈.၁၂.၂၀၁၇) စာ-၁၆