မဟာကျိန်သစ္စာရှင်ဘုရားကြီး

မဟာကျိန်သစ္စာရှင်ဘုရားကြီး သည် ရန်ကုန်မြို့တွင်ရှိသည့် ထင်ရှားသည့် ဗုဒ္ဓရုပ်ပ္ပါးတော်မြတ်ကြီးဖြစ်သည်။[၁][၂]

မဟာကျိန်သစ္စာရှင်ဘုရားကြီး

တည်နေရာနှင့် ပုံသဏ္ဌာန် ပြင်ဆင်ရန်

မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်း၊ ဋ ရပ်ကွက်တွင် တည်ရှိသည်။ ရုပ်ပွားတော်မြတ်ကြီး၏ ကိန်းဝပ်တော်မူရာ ပလ္လင်သည် ၂၇ ပေ ၆ လက်မ မြင့်ပြီး ပလ္လင်အပါအဝင်ရုပ်ပွားတော်မြတ်ကြီးသည် အထပ်ငါးထပ်ဖြင့် တည်ဆောက်ထားသည်။ စုစုပေါင်းအမြင့်ပေသည် ၁၂၉ ပေ ၆ လက်မ ရှိသည်။

ရုပ်ပွားတော်မြတ်ကြီးကို ဘဒန္တ ကုလရက္ခိတ မဟာဇေယျ သိဒ္ဓိ ဆရာတော်သည် ဦးဆောင်ကာ တည်ထားခဲ့ခြင်း ဖြစ်သည်။

စေတီတော်မြတ်ကြီးကို ၂၀၀၆ ခုနှစ် ၂၀၀၉ ခုနှစ်အထိ သုံးနှစ်အကြာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ စေတီတော်မြတ်ကြီး၏ ပရဝုဏ် ပတ်လည်တွင် ရဟန္တာမြတ် အပါး ၈၀ တို့၏ ရုပ်တုများ တည်ရှိသည်။[၁][၂]

အမည် ပြင်ဆင်ရန်

ဟိုးယခင် အေဒီ ၄ ရာစုက ဝေသာလီခေတ် ရခိုင်ဘုရင်များသည် နန်းတက်အခမ်းအနားပွဲတွင် သစ္စာတိုင်တည်ရန် ဘုရားတစ်ဆူ သွန်းလုပ်လေ့ရှိ၏။ ထို့နောက် မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်ပါမည့်အကြောင်းကို သစ္စာတိုင်တည်ကြသည်။ ထိုသို့သော သမိုင်းကြောင်းမှ ဤဘုရား၏ ဘွဲ့တော်ကို ပေးထားခြင်း ဖြစ်သည်။

ထို့ကြောင့် ဘုရား၏ ဘွဲ့တော်မှာ "ဘုရင်များ သစ္စာတိုင်တည်ရာ ဘုရား" ဟု အဓိပ္ပာယ်ရသည်။[၁][၂]

ကိုးကား ပြင်ဆင်ရန်