ဝေသာလီခေတ်သည် ကျောက်လှေကားခေတ် အေဒီ- ၃၂၇ မှ အေဒီ ၈၁၈ဖြစ်သော ရခိုင်မင်းဆက် ခေတ်တစ်ခေတ်ဖြစ်သည်။ ဓညဝတီခေတ် ကုန်ဆုံးသောအခါ၌ ဝေသာလီခေတ် စတင်ခဲ့လေသည်။ ဝေသာလီ ကျောက်လှေကားမြို့နေရာကား မြောက်ဦးမြို့ မြောက်ဘက် ၉ မိုင်ခန့်ဝေးသောအရပ်တွင် တည်ရှိသည်။ ဝေသာလီယဉ်ကျေးမှုသည် အေဒီ ၉ ရာစု (အေဒီ (၃၂၇- ၈၁၈) အထိ ထွန်းကားခဲ့သည်။ ဝေသာလီမြို့ဟောင်း တည်နေရာမှလည်းကောင်း၊ ရခိုင်ပြည်အရပ်ရပ် ဒေသများမှ လည်းကောင်း ယနေ့တိုင်အောင် ဝေသာလီခေတ်သုံးဒင်္ဂါးများ၊ ဝေသာလီခေတ်တွင် ရေးထိုးထားသောကျောက်စာ၊ ခေါင်းလောင်းစာ၊ ကြေးနီပြား စသည်တို့ကို ယခုတိုင်တွေ့ရှိနေဆဲပင်ဖြစ်သည်။ ဝေသာလီသည် မြန်မာနိင်ငံရှိ အခြားသော ယဉ်ကျေးမှုအုပ်စုများက ငွေကြေး အသုံးမပြုမီ နှစ်ပေါင်း ၁,ဝဝဝခန့် နီးပါးကတည်းက ငွေကြေးအသုံးပြုခဲ့သော ပထမဦးဆုံး ရခိုင်မင်းဆက် နိုင်ငံတော်အဖြစ် ထင်ရှားပြီး မြန်မာနိင်ငံတစ်ဝှမ်းလုံးရှိ ရှေးအကျဆုံး မြို့တစ်မြို့လည်းဖြစ်သည်။[ကိုးကားချက်လိုသည်]

ဝေသာလီခေတ်ကို စိုးစံခဲ့သော ရခိုင်မင်းဆက်များအကြောင်းကို အခိုင်အမာ သက်သေထူလျှက် ယနေ့တိုင်အောင် တည်ရှိနေသော ကျောက်စာမှာ မြို့ဟောင်းမြို့ မြောက်ဦးမြို့ရှိ ရှစ်သောင်းဘုရားရင်ပြင်တွင် တံခါးမုခ်တိုင်အဖြစ် စိုက်ထူထားသော အာနန္ဒစန္ဒြားမင်း ကျောက်စာပင်ဖြစ်သည်။ ဝေသာလီရခိုင်မင်းဆက်နိုင်ငံတော်မှာ ပင်လယ်ရပ်ခြား ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုး ထွန်းကားခဲ့ပြီး၊ အာရပ်နှင့် ပါရှန်ဘုရင့်နိုင်ငံတော်များအပြင် သည့်ထက်ဝေးလံသည့်တစ်ခြားကမ္ဘာ့တိုင်းပြည်များနှင့်လည်း ကုန်စည်များ ကူးသန်းရောင်းဝယ် တင်ပို့နိုင်ခဲ့သည်။[၁]

အက္ခရာ ပြင်ဆင်ရန်

  • အေဒီ- ၃၂၇ မှ အေဒီ ၈၁၈ခုနှစ်အထိ အသုံးပြုခဲ့သောရခိုင်ဝေသာလီခေတ်သုံးဗျည်း၃၅လုံး။
 
(ကကြီး)
 
(ခငေ)
 
(ဂဂွေ)
 
(ခကျောက်ရှေ)
 
(င)
 
(စလုံး)
 
(ဆလိမ်)
 
(ဇဂွေး)
 
(စမျှင်ဆွဲ)
 
(ည)
 
(ဋသီချိပ်)
 
(ဌဝမ်းခွေး)
 
(ဍသံကောက်)
 
(ဎရီမှုတ်)
 
(ဏကြီး)
 
(တဝမ်းတတ်)
 
(ထဝမ်းစိ)
 
(ဒဇွယ်)
 
(ဓဝမ်းယှိပ်)
 
(နငေ)
 
(ပဦးစောက်)
 
(ဖဖေါက်လိပ်)
 
(ဗလုံး)
 
(ဘဗုံးယှိပ်)
 
(မ)
 
(ယ)
 
(ရကောက်)
 
(လ)
 
(ဝ)
 
(သ)
 
(ဆျ)
 
(သျှ)
 
(ဟ)
 
(ဠကြီး)
 
(အ)

ကိုးကား ပြင်ဆင်ရန်

  1. ဘီဘီစီမြန်မာပိုင်းသတင်း ၁၀ ဧပြီ ၂၀၁၉