မဟာဇေယျသူရ(၁၁၂+ - ၁၁၈၄) သည် "ကသည်းမင်းကြီး" ဟု တွင်ခဲ့သည့် ဂီတပညာရှင်တစ်ဦး ဖြစ်သည်။ မှတ်ဉာဏ်ဗဟုသုတများပြားသူလည်း ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

မဟာဇေယျသူရကို နောင်တော်ကြီးလက်ထက်တွင် ဟလင်းကြီးရွာ၌ ဦးနေထွန်း-ဒေါ်မိန်းမတို့မှ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်စာနီ ဖြစ်သည်။

ငယ်စဉ်ကပင် "ရှင်ဇာနေယျ" ဟူသည့် ဘွဲ့ဖြင့် သာမဏေပြုခဲ့သည်။ ထို့နောက်တွင် အိမ်ရှေ့မင်း၏ ဆရာဖြစ်လာခဲ့သည်။ အတီးအမှုတ်ပညာတတ်မြောက်သဖြင့် လူထွက်ပြီး အပါးတော်၌ ခစားစေခဲ့သည်။

သက္ကရာဇ် ၁၁၆၇ ခုနှစ်တွင် ဘိုးတော်ဘုရား၏ သားတော် အိမ်ရှေ့မင်းထံတွင် ခစားစဉ် ကသည်းပြည်စစ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရန် အတွင်းအရာရှိအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီး "မဟာဇေယျသူရ" ဘွဲ့ကို ရခဲ့ရာ နောင်အခါတွင် ကသည်းမင်းကြီးဟု တွင်ခဲ့သည်။

သက္ကရာဇ် ၁၁၇၉ ခုနှစ် ကသည်းအရေးတွင် ပါဝင်တိုက်ခိုက်ခဲ့ရာ အောင်မြင်ခဲ့သည်။[၁]

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

၁၁၈၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။[၁]

စာပေများ ပြုစုခြင်း ပြင်ဆင်ရန်

မဟာဇေယျသူရသည် အောက်ပါစာပေများကို ပြုစုခဲ့သည်။

  1. ၃၇ မင်းနတ်ချင်းများ[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၃၀။