နောင်တော်ကြီးမင်း

မြန်မာဘုရင်

နောင်တော်ကြီးမင်း(ခေါ်) ဒီပဲယင်းမင်း(ခေါ်)စစ်ကိုင်းမင်း (ခရစ်နှစ် ၁၀ ဩဂုတ် ၁၇၃၄ -၂၈ နိုဝင်ဘာ ၁၇၆၃) သည် အလောင်းမင်းတရား၏ သားတော်အကြီးဆုံးဖြစ်သည်။ အလောင်းမင်းတရားလက်ထက်တွင် အိမ်ရှေ့မင်းဖြစ်ခဲ့ပြီး အလောင်းမင်းတရားကွယ်လွန်ချိန်တွင် ထီးနန်းဆက်ခံခဲ့သည်။

နောင်တော်ကြီး
မြန်မာဘုရင်
ဒီပဲယင်းမင်းသား
နန်းသက်၁၁ မေ ၁၇၆၀ – ၂၈ နိုဝင်ဘာ ၁၇၆၃
နန်းတက်ချိန်၂၆ ဇူလိုင် ၁၇၆၀
ရှေ့မင်းဆက်အလောင်းဘုရား
ဆက်ခံသူဆင်ဖြူရှင်မင်း
မွေးဖွားမောင်လောက်
၁၀ ဩဂုတ် ၁၇၃၄
သက္ကရာဇ် ၁၀၉၆ ဝါခေါင်လဆန်း ၁၁ ရက် အင်္ဂါနေ့
မုဆိုးဖို့
ကွယ်လွန်၂၈ နိုဝင်ဘာ၊ ၁၇၆၃(1763-11-28) (အသက် ၂၉)
စစ်ကိုင်း
ထာဝရ အိပ်စက်ရာ နေရာစစ်ကိုင်း
အိမ်ထောင်ဖက်ရှင်ဖောဦး
သားသမီးများသား ၅ ယောက်၊ သမီး ၂ ယောက်
တော်ဝင်ဘွဲ့အမည်
သိရီပဝရဓမ္မရာဇာ
စံအိမ်ကုန်းဘောင်
ခမည်းတော်အလောင်းဘုရား
မယ်တော်စန္ဒာဒေဝီ မိဖုရားခေါင်ကြီး
ကိုးကွယ်မှုထေရဝါဒ

မဟာနန္ဒကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီးသည် နန်းတက်ဘွဲ့မှာ သိရီပဝရဓမ္မရာဇာဟူသောဘွဲ့တံဆိပ် နာမံတော်ဖြင့် မြန်မာ သက္ကရာဇ် ၁၁၂၃-ခုနှစ် နန်းတက်သည်။ နန်းတက်စတွင် ဖခင်နှင့် ပြည်ထောင်ဘက် ရဲဘော်ကြီးဖြစ်သည့် မင်းလှနော်ရထာဘွဲ့ခံ မုဆိုးချုံဗိုလ်တွန် (ဦးတွန်)၏ ပုန်ကန်မှုကို စတင်ရင်ဆိုင်ရသည်။ ဗိုလ်တွန်က အင်းဝကို သိမ်းပိုက်ကာ အခိုင်အလုံနေသည်ကို တိုက်ခိုက်နှိမ်နှင်းရသည်။ နောက်ဆက်တွဲအဖြစ် အခြားဒေသများတွင်လည်း ပုန်ကန်မှုများဖြစ်ပွားခဲ့သည်။ သို့သော် ပုန်ကန်မှုများကို ကောင်းစွာနှိမ်နှင်းနိုင်ခဲ့ပေသည်။ ၎င်းလက်ထက်တွင် စစ်ရေးအင်အားအထွတ်အထိပ်သို့ရောက်ရှိခဲ့သည်ဟု ရာဇဝင်ဆရာများဆိုကြသည်။ တရုတ်မြန်မာနယ်စပ်ရှိကျိုင်းရုံးကြီးနယ်(ယခုတရုတ်ပြည်တွင်းရှိ စစ်ဆောင်ပန္နားနယ်)သည်မြန်မာပိုင်ဖြစ်လာခဲ့သည်။

ကုန်းဘောင်မင်းဆက်၏ ၅ ဆက်မြောက်မင်း ဖောင်းကားစား မောင်မောင်မှာ နောင်တော်ကြီးမင်း၏ သားတော်ဖြစ်သည်။